ခုနစ်ရက်သားသမီးများအတွက် တစ်ပတ်စာဗေဒင် ဟောကိန်း

0
884
Bay-Din

၁၆ – ၁၂ -၂၀၁၉ မှ ၂၂ – ၁၂ -၂၀၁၉ အထိ

တနင်္ဂနွေ
ယခုလ၌ ဖုန်းမဝယ်ခြင်း မပြုရ။ ဘုရားဖူးခရီးများ သွားရမည်။ ပစ္စည်းဥစ္စာများ စုဆောင်းမိမည်။ အလုပ်ထဲ၌ စိတ်အလိုမကျခြင်း၊ ပြောင်းရွှေ့ခြင်းများ ကြုံတွေ့ရတတ်သည်။ မျက်စိ၊ အာရုံကြော များ အားနည်းတတ်သည်။ ပညာရေးနှင့်ပတ်သက်သောကိစ္စများ အဆင်ပြေမည်။ မေတ္တာရေး သည်ကား ချစ်သူနှင့်နီးစပ်ရန် ကြိုးပမ်းရဦးမည်။
အကျိုးပေးသော အရောင် – အဝါရောင်၊ ခရမ်းရောင်
အကျိုးမပေးသော အရောင် – အနက်ရောင်၊ ဖက်ဖူးရောင်
မသွားသင့်သော အရပ် – အရှေ့တောင်အရပ်
ယတြာ – သစ်ခွပန်း ဘုရားပန်းအဖြစ် ကပ်လှူပါ။

တနင်္လာ
စက်ပစ္စည်းတစ်ခုခု ဝင်မည်။ အပြိုင်အဆိုင်ပြောဆိုလုပ်ဆောင်နေရသော လုပ်ငန်းကိစ္စများ အောင်မြင်မည်။ ဆိုင်ကယ်၊ ယာဉ်ရောင်းမည့်ကိစ္စများ အဆင်ပြေမည်။ သွေးတိုး၊ လည်ချောင်းနှင့် ပတ်သက်သောကျန်းမာရေး ဂရုပြုရမည်။ ပညာရေး စိတ်ရှည်ရှည်ထားရမည်။ မေတ္တာရေး သည်ကား အပြုံးကချိုချို အချစ်ကခါးခါး ဖြစ်နေတတ်သည်။
အကျိုးပေးသော အရောင် – အဖြူရောင်၊ အဝါရောင်
အကျိုးမပေးသော အရောင် – အစိမ်းရောင်၊ အနက်ရောင်
မသွားသင့်သော အရပ် – အရှေ့တောင်အရပ်
ယတြာ – ကောက်ညှင်းပေါင်းကို စားတော်ပဲထည့်၍ ဘုရားဆွမ်းတော် ကပ်လှူပါ။

အင်္ဂါ
အမွေအနှစ်များ ရရှိတတ်သည်။ စီးပွားရေးလုပ်ငန်းများ ကောင်းမွန်မည်။ ပညာသင်ကြားခြင်း၊ သင်တန်းတက်ခြင်းကိစ္စများ အဆင်ပြေမည်။ ဘာပဲကြံစည်ကြံစည် ယခုအချိန်မှာ အောင်မြင် မည်။ ကျန်းမာရေး ဂရုပြုရမည်။ မင်္ဂလာသတင်းစကားများ ကြားရတတ်သည်။ မေတ္တာရေး သည်ကား ချစ်သူနှင့်နီးစပ်ရန် သိပ်မလိုတော့ပါ။
အကျိုးပေးသော အရောင် – အပြာရောင်၊ အစိမ်းရောင်
အကျိုးမပေးသော အရောင် – အနီရောင်၊ အဝါရောင်
မသွားသင့်သော အရပ် – တောင်အရပ်
ယတြာ – နဂါးမောက်သီးကိုခွဲစိတ်ပြီး ဘုရားဆွမ်းတော်ကပ်လှူပါ။

ဗုဒ္ဓဟူး
လူကြီးသူမများက မိမိကို ချီးမြှင့်မြှောက်စားကြမည်။ ပညာရေးနှင့်ပတ်သက်၍ အဆင်ပြေမည်။ စက်ပစ္စည်းတစ်ခုခု ဝင်မည်။ ကျန်းမာရေး အညံ့မရှိပါ။ လုပ်ငန်းများ အဆင်ပြေသည်ထက်ပိုမို အဆင်ပြေမည်။ အလှူအတန်းများ ပြုရတတ်သည်။ မေတ္တာရေးသည်ကား နီးလျက်နဲ့ လေစိမ်းတိုက်သလို ဖြစ်နေတတ်သည်။
အကျိုးပေးသော အရောင် – ခရမ်းရောင်၊ ပြောက်ကျား
အကျိုးမပေးသော အရောင် – အနက်ရောင်၊ အဖြူရောင်
မသွားသင့်သော အရပ် – အနောက်အရပ်
ယတြာ – ပေါက်စီ ၂ လုံးကို ဘုရားဆွမ်းတော်ကပ်လှူပါ။

ကြာသပတေး
လှပသောအဝတ်အထည်၊ ပန်းချီကားများ လက်ဆောင်ရမည်။ ရတနာပစ္စည်းများ (သို့မဟုတ်) ရွှေထည်ပစ္စည်းများ ရရှိတတ်သည်။ လုပ်ငန်းနှင့်ပတ်သက်၍ အဆင်ပြေခြင်း၊ နေရာဌာန ပြောင်းရွှေ့ရခြင်း ကြုံရတတ်သည်။ ကျန်းမာရေး အညံ့မရှိပါ။ ပညာရေး ကြိုးစားအားထုတ်မှ ရမည်။ မေတ္တာရေးသည်ကား စန်းပွင့်လာဘ်ပွင့်မည့်ကာလ ဖြစ်သည်။
အကျိုးပေးသော အရောင် – အနီရောင်၊ အနက်ရောင်
အကျိုးမပေးသော အရောင် – အပြာရောင်၊ လိမ္မော်ရောင်
မသွားသင့်သော အရပ် – မြောက်အရပ်
ယတြာ – မုန့်လုံးရေပေါ် ဘုရားဆွမ်းတော် ကပ်လှူပါ။

သောကြာ
ထီ (သို့) ထီနှင့်အလားတူ ငွေဝင်မည်။ လုပ်ငန်းများ အစစအရာရာ အဆင်ပြေမည်။ ပညာရေး ကိစ္စ ကောင်းမွန်မည်။ သွေးတိုးရောဂါများ သတိထားပါ။ မြေရောင်းဝယ်သည့်ကိစ္စ အဆင်ပြေမည်။ ဆုတံဆိပ်များ ရရှိတတ်သည်။ ရွှေထည်ပစ္စည်းများ ထွက်မည်။ မေတ္တာရေးသည်ကား အစစအရာရာ အဆင်ပြေမည်။
အကျိုးပေးသော အရောင် – အစိမ်းရောင်၊ အပြာရောင်
အကျိုးမပေးသော အရောင် – လိမ္မော်ရောင်၊ အဖြူရောင်
မသွားသင့်သော အရပ် – အရှေ့အရပ်
ယတြာ – သီလရှင်များကို ငွေလှူပါ။

စနေ
ထီပေါက်ခြင်း (သို့) အမွေအနှစ်ရရှိခြင်း ဖြစ်တတ်သည်။ ဥစ္စာရှင်ဓနရှင်များ၏ ကူညီမစမှု ခံရမည်။ ပညာရေးကိစ္စများ အဆင်ပြေပါမည်။ မိမိအိမ်ရှိလူကြီးသူမများ၏ကျန်းမာရေး ဂရုပြုရမည်။ မေတ္တာရေးသည်ကား ချစ်သူနှင့်လက်တွဲ၍ အနာဂတ်ခရီးကို လျှောက်လှမ်းနိုင်မည်။
အကျိုးပေးသော အရောင် – အနက်ရောင်၊ အပြာရောင်
အကျိုးမပေးသော အရောင် – အဝါရောင်၊ အစိမ်းရောင်
မသွားသင့်သော အရပ် – အရှေ့တောင်အရပ်
ယတြာ – ရွှေရင်အေးမုန့် ဘုရားဆွမ်းတော်ကပ်လှူပါ။

လိုရာဆန္ဒပြည့်၀နိုင်ပါစေ
ဆရာရွှေစင်မြတ်(Geology)
ဝေဒလက္ခဏသုတေသီ