အုန်းသီးမှ အိမ်သုံးဆီ စတင်ထုတ်လုပ်

0
1149

မြိတ်မြို့တွင် အုန်းသီးများမှ ချက်ပြုတ် စားသောက်နိုင်သည့် အိမ်သုံးဆီတစ်မျိုးအား စတင်ထုတ်လုပ်နေပြီဖြစ်ကြောင်း King Island (ကျွန်းဘုရင်) အမှတ်တံဆိပ်ဖြင့် အုန်းဆီဘူးများ ထုတ်လုပ် ရောင်းချနေသူ ဦးမျိုးအောင်ထံမှ သိရသည်။

ကျန်းမာရေး အာဟာရဖြည့်နှင့် ဘက်စုံအသုံးပြုနိုင်သည့် အုန်းဆီဘူးများအား ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်မှစပြီး စတင်ထုတ်လုပ် ရောင်းချလျက်ရှိရာမှ အိမ်သုံးဆီအား ထပ်မံထုတ်လုပ်လိုက်ခြင်း ဖြစ်သည်။

“အခုမှ စလုပ်နေတုန်းပါ။ မကြာ ခင်ဈေးကွက်ကို ဖြန့်သွားမှာပါ”ဟု ဦးမျိုးအောင်က ပြောသည်။

လက်ရှိ ထုတ်လုပ်ရောင်းချနေသည့် အုန်းဆီမှာ ကျန်းမာရေး အာဟာရဖြည့်အဖြစ် သောက်သုံးခြင်း၊ အသားရေအတွက် အသုံးပြုခြင်းနှင့် ဆံကေသာတို့တွင် လိမ်းခြယ်ခြင်း စသဖြင့် ဘက်စုံ အသုံးပြုနိုင်ပြီး ဘူးအရွယ်အစားမျိုးစုံဖြင့် မြိတ်မြို့အပြင် ရန်ကုန်၊ မန္တလေး၊ နေပြည်တော် စသည့် မြို့ကြီးတစ်ချို့တို့ တွင် ဖြန့်ဖြူးရောင်းချနေပြီ ဖြစ်သည်။

အုန်းသီးမှ ကုန်ချောဖြစ်သည့် အုန်းဆီနှင့် အိမ်သုံးဆီများ ပြုလုပ်ရာတွင် ခေတ်မီစက်ကိရိယာများ အသုံးပြုပြီး ထိုင်းနိုင်ငံ၏ အဆင့်မြင့်နည်းပညာဖြင့် သန့်ရှင်းစွာ ထုတ်လုပ်ထားကြောင်း ဦးမျိုးအောင်က ပြောပြသည်။

မြင့်မိုရ်(မြိတ်)