ထောက်ခံပွဲနှင့် ကျောင်းသားကိစ္စ ဝန်ကြီးနှင့် ပညာရေးဝန်ထမ်းများ ရှင်းတမ်း

0
1035


အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် မြန်မာနိုင်ငံကိုယ်စားပြုပြီး သွားရောက် ဖြေရှင်းနေသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် အတူရပ်တည်ကြောင်း ထောက်ခံပွဲကို မြိတ်မြို့တွင် ဒီဇင်ဘာလ ၉ ရက်က ကျင်းပရာ ပါဝင်ခဲ့သည့် ကျောင်းသူကျောင်းသား ဘင်ခရာအဖွဲ့ဝင်များကို တိုင်းပညာရေးမှူး၏ ညွှန်ကြားချက်အရဟုဆိုကာ ခံဝန်ထိုးခိုင်းသည်ဆိုသည့်သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာသည်။

ထို့အတူ ထားဝယ်မြို့တွင် ဒီဇင်ဘာလ ၁၀ ရက်က ပြုလုပ်သည့် ထောက်ခံပွဲတွင်လည်း ဘင်ခရာတပ်ဖွဲ့ဝင် ကျောင်းသူများ ပါဝင်နေမှုအပေါ် တိုင်းပညာရေးမှူးက သက်ဆိုင်ရာကျောင်းအုပ်ကြီးကို ပြောဆိုကြိမ်းမောင်းခဲ့ဟုဆိုကာ သတင်းထွက်ပေါ်ခဲ့ပြီး လူမှုကွန်ရက်နှင့် မြေပြင်တွင် ပြောဆိုဝေဖန်မှုများ ရှိနေခဲ့သည်။ ယင်းကိစ်္စနှင့် ပတ်သက်၍ တိုင်းပညာရေးမှူး ဒေါ်မြင့်စိန်နှင့် တိုင်းဒေသကြီး လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်၊ မြိတ် အ.ထ.က (၁)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သင်းသင်းခိုင်ကို တွေ့ဆုံမေးမြန်းထားပြီး ဖြေဆိုချက်များထဲမှ ကောက်နုတ်ချက်ကို ဖော်ပြလိုက်သည်။

ဒေါ်မြင့်စိန် (တိုင်းဒေသကြီး ပညာရေးမှူး)

ထားဝယ်ကိစ္စ


တို့ဆီကို ၉ ရက်နေ့ ည ၁၀ နာရီခွဲခန့်မှာ ဝန်ကြီးဦးဟိုပင်က ဖုန်းဆက်တယ်။ ဆရာမကို အကြံဉာဏ်တောင်းချင်လို့ ဆိုတယ်။

ကျွန်တော့်ကို မိုးလင်းကျရင် ဒေါ်အောင်ဆန်းစုကြည်ထောက်ခံပွဲ မှာ ကျောင်းသားထုတ်ပေးပါလို့ ပြောတယ်တဲ့။ ဘယ်သူပြောလဲ လို့မေးတော့ အဖွဲ့က ပြောတယ်တဲ့။ ဘယ်အဖွဲ့ဆိုတာ မမေးဖြစ်ဘူး။ ကျောင်းသားတွေကဒီပွဲနဲ့ ပတ်သက်လားလို့ အမှန်ဖြစ်ရမှာက ရပ်ကွက် ထဲက လူတွေခေါ်ထုတ်ရမှာ မဟုတ်ဘူးလားလို့။

ကျောင်းသားဆိုတာ ပညာသင်နေတဲ့အရွယ်၊ သူ့မိဘအုပ်ထိန်းသူ လက်ခံ လား လက်မခံလား မသိဘူးလေ။ ဆရာ/ဆရာမဆိုတာကလည်း ပါတီနိုင်ငံရေး ကင်းရှင်းရမယ်ဆိုတာ ကျွန်မတို့ ဝန်ထမ်းစည်းမျဉ်း စည်းကမ်းထဲမှာ ပါပြီးသားလို့။ ဆရာ/ဆရာမလည်း လိုက်လို့မရဘူးလို့။
သူတို့က ပြောတယ်တဲ့။ မြိတ်မှာတောင် ကျောင်းသားထုတ်ပေးတာ ထားဝယ်မှာလည်း ထုတ်ပေးရမယ်လို့။ မြိတ်မှာ ကျောင်းသားထုတ်ပေး တာ ကျွန်တော်လည်းမသိဘူး ဘယ်ရက်က လုပ်မှန်းမသိဘူးလို့ ပြောတယ်။

ကျောင်းသားထုတ်ပေးပါ။ ဆရာထုတ်ပေးပါဆိုတာသည် ဝန်ကြီး တို့ အစိုးရအဖွဲ့ရုံးက ကျွန်မဆီကို စာနဲ့ညွှန်ကြားမှသာ ကျွန်မလုပ်ပေး လို့ ရတာလို့။ ဒီလောက်ပဲ ပြောတယ်။
ရှင်းရှင်းပြောမယ်ဆိုရင် ကျောင်းသားတွေကို မထွက်စေချင်ဘူး။ နေပူထဲကြောင့်မို့လို့။ အ.ထ.က ၆ မှာ ဇမ္ဗူသီရိက ကားမသယ်နိုင်အောင် ဖြစ်သွားတယ်လေ။ ဒီမျိုးဟာလည်း အဖြစ်မခံနိုင်ဘူး။ ထုတ်ပေးလိုက် တဲ့ ကျောင်းသားမိဘတွေထဲမှာ သူတို့ပါတီကို Against လုပ်နေတဲ့ မိဘများပါနေရင် ဖေ့စ်ဘုတ်ပေါ်တင်လိုက်ရင် ကျွန်မရှင်းနေရဦးမယ်။ ဆန့်ကျင်တဲ့သူဆိုတာ မရှိဘူး မဟုတ်ဘူး ရှိတာပဲလေ။ ကိုယ်က သူတို့ကို ဆန့်ကျင်မယ့်လူ တွေ့မှာစိုးလို့ ပြောလိုက်တာမှ ကိုယ်က ဆန့်ကျင်တဲ့သူ ဖြစ်သွားတယ်ပေါ့။ ကိုယ်က ဘယ်သူ့ကိုမှ မဆန့်ကျင်ဘူး။ ဘယ်သူ့ကိုမှ မထောက်ခံဘူး။ ဝန်ထမ်းဆိုတာ ပါတီနိုင်ငံရေး ကင်းရှင်းရမယ်။ အခုတက်လာတဲ့အစိုးရဟာ ကိုယ့်အစိုးရပဲ။

ထောက်ခံပွဲကို ၁၀ ရက် လုပ်မယ်ဆိုတာလည်း မသိဘူး။ အခမ်း အနားပြီးတာနဲ့ မနက် ၁၁ နာရီခန့်မှာ ဘင်ခရာကောင်မလေးတွေ ရုံးရှေ့ကလာတာပေါ့။ ကိုယ့်စိတ်ထဲမှာတော့ ဒီဥစ္စာက တစ်မြို့လုံးပတ် နေတယ် ထင်တာကိုး။ အခမ်းအနားကို ဘယ်မှာလုပ်မှန်းလည်း မသိဘူး။ ထောက်ခံဆန္ဒပြပွဲဆိုတဲ့အတွက်ကြောင့် မြို့ပတ်ပြီး ဆန္ဒပြကြတယ် မှတ်နေတာပေါ့။

ဒီနေ့ (၁၀ရက်နေ့) စောစောက ဒုတိယမြို့နယ်ပညာရေးမှူး ဦးကြည်ရှိန်ကို ဖုန်းဆက်ပြောထားတယ်။ ဆရာကြီးရေ အခုလူထု ထောက်ခံပွဲရှိတယ်။ ကျောင်းသားအင်အားကို ညကဝန်ကြီးက တောင်းတယ်။ ကျောင်းအုပ်တွေကို ပြောထားတာ နံပါတ်(၁)က ကျောင်းသား တွေ စာမေးပွဲနီးနေပြီ။

ဒီအချိန်ကျမှ နေပူထဲထွက်ပြီး မူးမော်လဲကျရင် ဆေးရုံတွေတင်ရရင် တော်ကြာစာမေးပွဲ ထိခိုက်မယ်။ ဒီအတွက်ကြောင့် ဒီပွဲသည် အဖွဲ့အစည်းပွဲ၊ ဌာနဆိုင်ရာပွဲ မဟုတ်တဲ့အတွက်ကြောင့် ကျောင်းအုပ်ကြီးတွေ လိမ္မာပါးနပ်စွာနဲ့ မလိုက်ခိုင်းဖို့အတွက်ကို ငြင်းခိုင်း။ ဒီအတိုင်းပဲ ပြောတယ်။
(ဘင်ခရာအဖွဲ့ ရုံးရှေ့ ဖြတ်လာပြီးနောက်) ဦးကြည်ရှိန်ကို ဖုန်းထပ်ဆက်တယ်။ သူ့စုံစမ်းလိုက်တော့ (အ.ထ.က ၁) တဲ့။

အင်အား ၅၀ ဆို ပြောတယ်။ (အ.ထ.က ၁) ကျောင်းအုပ်ကြီးကို ဖုန်းဆက် လိုက်တယ်။ ဘင်ခရာအဖွဲ့က ဆရာမကြီးတို့ ကျောင်းကလို့ ပြောတယ် ဟုတ်လားဆိုတော့ ဟုတ်တယ် ဆရာမကြီးတဲ့။ ဒီကျောင်းသူတွေကို ထုတ်ပေးဖို့အတွက် မြို့နယ်ပညာရေးမှူးရုံးကို ခွင့်ပြုချက် တင်ပြီးပြီလားဆိုတော့ မတင်ဘူးတဲ့။ ခရိုင်ရုံးကိုရောဆိုတော့ မတင်ဘူးတဲ့။

အမှန်က ဒီကျောင်းသူတွေ တစ်မြို့လုံးပတ်နေတယ်ပဲ ထင်နေတာ။ တစ်မြို့လုံးပတ်ပြီးသွားနေတဲ့ ကျောင်းသူတွေကို လက်လွတ်စပယ် လွှတ်လိုက်တဲ့ဟာကိုလည်း ကိုယ်က စိတ်ဆိုးတယ်။ ဟိုပွဲကိုစိတ်ဆိုး တာ မဟုတ်ဘူး။ ဒီကျောင်းသူတွေကို မဖေးမတဲ့ဟာကို စိတ်ဆိုးတာ။ ဒီပွဲဟိုမှာလုပ်မှန်းလည်း ကိုယ်မသိဘူး။

ဒီအလုပ်သည် ဌာနဆိုင်ရာက ခိုင်းတဲ့အလုပ်မဟုတ်ဘူး။ အဖွဲ့ အစည်းတွေက မေတ္တာရပ်ခံတာ။ (အ.ထ.က ၁ ကျောင်းအုပ်ပြီးက) ကြက်ခြေနီက လာတောင်းသွားတယ်တဲ့။ ကြက်ခြေနီက တောင်းရင် ဘင်ခရာလောက်ပဲ ပေးလိုက် ပါလားလို့၊ ကြက်ခြေနီမှာ တီးတတ်တဲ့ သူတွေ ရှိတယ်လို့။

ထုတ်ပေးလိုက် တဲ့ ကျောင်းသားမိဘတွေထဲမှာ သူတို့ပါတီကို Against လုပ်နေတဲ့ မိဘများပါနေရင် ဖေ့စ်ဘုတ်ပေါ်တင်လိုက်ရင် ကျွန်မရှင်းနေရဦးမယ်။ ဆန့်ကျင်တဲ့သူဆိုတာ မရှိဘူး မဟုတ်ဘူး ရှိတာပဲလေ။ ကိုယ်က သူတို့ကို ဆန့်ကျင်မယ့်လူ တွေ့မှာစိုးလို့ ပြောလိုက်တာမှ ကိုယ်က ဆန့်ကျင်တဲ့သူ ဖြစ်သွားတယ်ပေါ့။ ကိုယ်က ဘယ်သူ့ကိုမှ မဆန့်ကျင်ဘူး။ ဘယ်သူ့ကိုမှ မထောက်ခံဘူး။ ဝန်ထမ်းဆိုတာ ပါတီနိုင်ငံရေး ကင်းရှင်းရမယ်။ အခုတက်လာတဲ့အစိုးရဟာ ကိုယ့်အစိုးရပဲ။

ထောက်ခံပွဲကို ၁၀ ရက် လုပ်မယ်ဆိုတာလည်း မသိဘူး။ အခမ်း အနားပြီးတာနဲ့ မနက် ၁၁ နာရီခန့်မှာ ဘင်ခရာကောင်မလေးတွေ ရုံးရှေ့ကလာတာပေါ့။ ကိုယ့်စိတ်ထဲမှာတော့ ဒီဥစ္စာက တစ်မြို့လုံးပတ် နေတယ် ထင်တာကိုး။ အခမ်းအနားကို ဘယ်မှာလုပ်မှန်းလည်း မသိဘူး။ ထောက်ခံဆန္ဒပြပွဲဆိုတဲ့အတွက်ကြောင့် မြို့ပတ်ပြီး ဆန္ဒပြကြတယ် မှတ်နေတာပေါ့။

ဒီနေ့ (၁၀ရက်နေ့) စောစောက ဒုတိယမြို့နယ်ပညာရေးမှူး ဦးကြည်ရှိန်ကို ဖုန်းဆက်ပြောထားတယ်။ ဆရာကြီးရေ အခုလူထု ထောက်ခံပွဲရှိတယ်။ ကျောင်းသားအင်အားကို ညကဝန်ကြီးက တောင်းတယ်။ ကျောင်းအုပ်တွေကို ပြောထားတာ နံပါတ်(၁)က ကျောင်းသား တွေ စာမေးပွဲနီးနေပြီ။

ဒီအချိန်ကျမှ နေပူထဲထွက်ပြီး မူးမော်လဲကျရင် ဆေးရုံတွေတင်ရရင် တော်ကြာစာမေးပွဲ ထိခိုက်မယ်။ ဒီအတွက်ကြောင့် ဒီပွဲသည် အဖွဲ့အစည်းပွဲ၊ ဌာနဆိုင်ရာပွဲ မဟုတ်တဲ့အတွက်ကြောင့် ကျောင်းအုပ်ကြီးတွေ လိမ္မာပါးနပ်စွာနဲ့ မလိုက်ခိုင်းဖို့အတွက်ကို ငြင်းခိုင်း။ ဒီအတိုင်းပဲ ပြောတယ်။
(ဘင်ခရာအဖွဲ့ ရုံးရှေ့ ဖြတ်လာပြီးနောက်) ဦးကြည်ရှိန်ကို ဖုန်းထပ်ဆက်တယ်။ သူ့စုံစမ်းလိုက်တော့ (အ.ထ.က ၁) တဲ့။

အင်အား ၅၀ ဆို ပြောတယ်။ (အ.ထ.က ၁) ကျောင်းအုပ်ကြီးကို ဖုန်းဆက် လိုက်တယ်။ ဘင်ခရာအဖွဲ့က ဆရာမကြီးတို့ ကျောင်းကလို့ ပြောတယ် ဟုတ်လားဆိုတော့ ဟုတ်တယ် ဆရာမကြီးတဲ့။ ဒီကျောင်းသူတွေကို ထုတ်ပေးဖို့အတွက် မြို့နယ်ပညာရေးမှူးရုံးကို ခွင့်ပြုချက် တင်ပြီးပြီလားဆိုတော့ မတင်ဘူးတဲ့။ ခရိုင်ရုံးကိုရောဆိုတော့ မတင်ဘူးတဲ့။

အမှန်က ဒီကျောင်းသူတွေ တစ်မြို့လုံးပတ်နေတယ်ပဲ ထင်နေတာ။ တစ်မြို့လုံးပတ်ပြီးသွားနေတဲ့ ကျောင်းသူတွေကို လက်လွတ်စပယ် လွှတ်လိုက်တဲ့ဟာကိုလည်း ကိုယ်က စိတ်ဆိုးတယ်။ ဟိုပွဲကိုစိတ်ဆိုး တာ မဟုတ်ဘူး။ ဒီကျောင်းသူတွေကို မဖေးမတဲ့ဟာကို စိတ်ဆိုးတာ။ ဒီပွဲဟိုမှာလုပ်မှန်းလည်း ကိုယ်မသိဘူး။

ဒီအလုပ်သည် ဌာနဆိုင်ရာက ခိုင်းတဲ့အလုပ်မဟုတ်ဘူး။ အဖွဲ့ အစည်းတွေက မေတ္တာရပ်ခံတာ။ (အ.ထ.က ၁ ကျောင်းအုပ်ပြီးက) ကြက်ခြေနီက လာတောင်းသွားတယ်တဲ့။ ကြက်ခြေနီက တောင်းရင် ဘင်ခရာလောက်ပဲ ပေးလိုက် ပါလားလို့၊ ကြက်ခြေနီမှာ တီးတတ်တဲ့ သူတွေ ရှိတယ်လို့။

မြိတ်ကိစ္စ

မြိတ်မှာကိစ္စက လက်မှတ်ထိုးခိုင်းတာက ကျောင်းအုပ်က ဖုန်းဆက် ပြောလာတယ်။ ဆရာမတွေရော ဆရာမတွေရော လက်မှတ်ထိုးခိုင်း လိုက်တယ်လို့။ ဘာကို ထိုးခိုင်းလဲပြန်မေးတော့ ချီတက်ပွဲမလိုက်ဖို့လို့ ပြောတယ်။

လက်မှတ်ကို ဘယ်သူက ထိုးခိုင်းတာလဲလို့ ပြန်မေးတယ်။ ဒါကို လုပ်လို့မရဘူးလို့၊ ဆရာမကြီးက ကျောင်းအုပ်ဖြစ်နေလို့ ဆရာမကြီး စီမံခန့်ခွဲမှုအောက်မှာသာ ကျောင်းသားတွေ ဆရာမတွေ ရှိတယ်။ ကျောင်းအုပ်ဆရာမကြီး တစ်ခွန်းပြောလိုက်ရင် ဒီလူတွေပြီးတယ်။ ဒါကို သိရှိကြောင်းလက်မှတ်သွားထိုးခိုင်းတော့ ဟိုကျောင်းသား တွေက ပိုတောင်အားတက်ပြီး လုပ်ချင်လာဦးမယ်လို့ မလုပ်ရဘူးလို့ပြောတယ်။

ကျောင်းသားထုတ်ပေးရတာက တောရကျောင်း(အ.ထ.က (၈)) တောင်းတာက (အ.ထ. က (၁))။ ဒီနှစ်ခုကို ပေါင်းလိုက်တယ် သတင်းကို။ ချီတက်ပွဲလိုက်တဲ့ ကျောင်းသားကျောင်းသူများကို (အ.ထ.က ၁) ကျောင်းအုပ်ကြီးက ခံဝန်ချက် လက်မှတ်ထိုးခိုင်းပါတယ်ဆိုပြီး။

ခံဝန်ထိုးခိုင်းတာ မဟုတ်ဘူး၊ သူ့ဘာသာ သူလုပ်တာ တစ်စုံတစ်ခု ညွှန်ကြားရင်လည်း ကျောင်းအုပ်ကို မဆက်ဘူး၊ မညွှန်ကြားဘူး။ ဒုတိယမြို့နယ်ပညာရေးမှူးကို အကျိုးအကြောင်းမေးတယ်။ တောရကျောင်းက ကျောင်းသား ၁၅၀ ပါသွားတယ် ပြောတယ်။

နောက်နောင် ဒီလိုအဖွဲ့အစည်းတွေ လာခေါ်တိုင်းပါရင် မင်းတို့ ကြားညှပ်မယ်။ ဒီတော့ စာမေးပွဲနီးနေပြီဆိုတဲ့ အကြောင်း ပြချက်နဲ့ လိမ္မာပါးနပ်စွာငြင်းဖို့ကို ကျောင်းအုပ်ကြီးတွေကို ပြောပေးပါ။ ဒီလောက်ပဲ။

ဒုတိယ မြို့နယ်ပညာရေးမှူး ဦးရဲထွဋ် ကို ကျွန်မပြန်မေးတယ်။ ဦးရဲထွဋ်ကို ပြန်မေးတော့ သူပြောတုန်းက ခရိုင်ရုံးက AD လည်း ရှိတယ်တဲ့။ သူ့ရှေ့မှာ ပြောတာတဲ့၊ ပြောတဲ့အထဲမှာလည်း ဆရာမကြီး ပြောတဲ့အတိုင်းပဲ။ ခံဝန်ချက်လက်မှတ် ထိုးပါဆိုတာတွေ မပါပါဘူးတဲ့၊ သူ့ဟာ သူလုပ်တာ။

ဒါကြောင့် (အ.ထ.က (၁) ကျောင်းအုပ်ကြီး) ဒေါ်သင်းသင်းခိုင်ကို ပြန်ပြောတယ်။ ခံဝန်ချက်ဆိုတာ အပြစ်ကျူးလွန်လို့ လုပ်တာလေ။ သိရှိကြောင်း လက်မှတ်ထိုးတာနဲ့ ခံဝန်ချက်က မတူသေးဘူး။ စာထဲမှာ ကို တိုင်းပညာရေးမှူးရဲ့ ညွှန်ကြားချက်ဆိုတာ ပါတယ်တဲ့၊ ဒါကို ကျွန်မ မညွှန်ကြားဘူး။ ခံဝန်ချက်လက်မှတ်ထိုးပါလို့ ကျွန်မ ညွှန်ကြား စရာအကြောင်း မရှိဘူးလို့။

(တနင်္သာရီအပတ်စဉ်က ရရှိထားသည့် ကျောင်းအုပ်ကြီးက ခံဝန်ထိုးခိုင်းသည်ဆိုသည့် စာတွင်မူ တိုင်းပညာရေးမှူး ဒေါ်မြင့်စိန်၏ ဖုန်းလမ်းညွှန်မှာကြားချက်ကို သိရှိလိုက်နာပါမည်ဟု ကျောင်းသား ကျောင်းသူများ ကတိပြုလက်မှတ်ရေးထိုးခြင်းဟု ဖော်ပြထားပြီး ကျောင်းသားကျောင်းသူအချို့ လက်မှတ်ရေးထိုးထားသည်။)

ဦးဟိုပင် (တိုင်းဒေသကြီး လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး )

ဒီဇင်ဘာလ ၉ ရက် ည၁၀ နာရီခွဲလောက်မှာ ဖုန်းဝင်လာတယ်။ မနက်ဖြန် လုပ်မယ့်ပွဲမှာ အင်အား နည်းနေလို့ အ.ထ.က (၃) ကျောင်း အုပ်ဆရာကြီးကို သွားပြီးအကူအညီတောင်းတယ် ခင်ဗျားတဲ့။ အ.ထ.က (၃) ဆရာကြီးက သူမလုပ်ရဲဘူးလို့ ပြောတဲ့အတွက်ကြောင့် ကျွန်တော့်ကို နည်းနည်းကူညီပါတဲ့။ ပွဲဖြစ်မြောက် ရေးကော်မတီက ဖုန်းဆက်တာ။

ဌာနဆိုင်ရာ လုပ်ထုံးလုပ်နည်း ညွှန်ကြားချက် ဘာရှိလဲဆိုတာ (တိုင်းပညာရေးမှူး) ဆရာမကြီးကို မေးလိုက်တယ်။ ဆရာမကြီးက အစိုးရအဖွဲ့ကနေ ညွှန်ကြားရင် သို့မဟုတ် အနိမ့်ဆုံးမြို့နယ်အုပ်ချုပ်ရေးမှူး ဆီကနေ တောင်းဆိုလာရင်တော့ ကျွန်မတို့ ထုတ်ပေးလို့ရတယ်တဲ့။

မြိတ်ကိစ္စကတော့ မြိတ်က တစ်ရက်စောတယ်။ မြိတ်လှုပ်ရှားမှုမှာ ကျောင်းသားတွေပါတယ်။ မြိတ်မှာ ကျောင်းသားတွေ ဝန်းရံတယ်လို့ သိထားရတယ်။ ထားဝယ်မှာလည်းပဲ လုပ်ပေးနိုင်မယ့်အခြေအနေ ဘယ်လိုရှိပါလဲလို့ မေးတာ။

ဒီဟာကို တိုင်းပညာရေးမှူးက မြိတ်ကို လှမ်းမေးလိုက်တယ်။ ပညာရေးမှူးကို လှမ်းမေးတာ။ (ကျောင်းအုပ်)ဆရာမကြီးကို လှမ်းမေးတာ မဟုတ်ဘူး။ သူ (တိုင်းပညာရေးမှူး)ပြောတဲ့ စကားနော်။ ပွဲကပြီးပြီ သူ့အနေနဲ့ မလုပ်ရဘူး ဘာညာပြောတာ မဟုတ်ဘူး။ သို့သော် နောက်နောင် အလုပ်လုပ်တဲ့နေရာမှာ ကျောင်းသားကို အပြင်ထုတ်တယ်ဆိုတဲ့နေရာမှာ အနည်းဆုံး ခုနက နှစ်ချက်ပေါ့၊ မြို့နယ်အုပ်ချုပ်ရေးမှူး အစိုးရအဖွဲ့ကနေ စာတွေပေတွေနဲ့လာမှ အနိမ့်ဆုံး မြို့နယ်ပညာရေးမှူးဆီက စာဝင်မှ သူကကျောင်းအုပ် လောက်ပဲကိုး။ အခုက မြို့နယ်ပညာရေးမှူးကို အသိမပေးဘဲ အထက်ကလည်း မညွှန်ကြားဘူး။ မြို့နယ် ပညာရေးမှူးကိုလည်း အသိမပေးတဲ့ ပုံစံဖြစ်သွားတယ်။ ဒီလောက်ပဲ။

ဆိုတော့ နောက်နောင် လိမ္မာပါးနပ်စွာနဲ့နေပါပေါ့။ သူ့(ကျောင်းအုပ်ကြီး)ကို လာတောင်းဆိုတာက ရပ်ကွက်အုပ်ချုပ်ရေးမှူးအဆင့်ရှိတဲ့သူတစ်ယောက်က တောင်းဆိုတယ်လို့ ပြောတယ်။
တိုင်းပညာရေးမှူးက ကျောင်းအုပ်ကြီးကို တိုက်ရိုက်ပြောတာ မဟုတ်ဘူး။ (မြို့နယ်) ပညာရေးမှူးကို ပြောတာ။ ပညာရေးမှူးက တစ်ဆင့်သွားပြောချိန်မှာ ဘယ်လိုနားလည်မှုလွဲကြမှန်း မသိဘူး။ လက်မှတ်ထိုး တဲ့အဆင့်အထိ။ ကျွန်တော်ထင်တယ် ဆရာမကြီးရဲ့ အလုပ်လွန်သွားပြီလို့။ သူစိုးရိမ်တော့ သူ့ကို ကျောင်းသားမိဘတွေ ကျောင်းသားတွေ သဘောတူတယ်လို့ အကြောင်းပြနိုင်အောင် သက်သေအထောက် အထားအနေနဲ့ ထိုးခိုင်းတာထင်တယ်။

(တိုင်းပညာရေးမှူး)ဆရာမကြီးမှာတော့ သူ့စကားမှာတော့ ဒါမပါဘူး။ ဒေါ်မြင့်စိန်သည် ကျောင်းအုပ်နဲ့ တိုက်ရိုက် ထိတွေ့မှုမရှိဘူး။ ဒီကြားမှာ (မြို့နယ်)ပညာရေးမှူး တစ်ဆင့်ခံနေတယ်။ နောက်ပြီး ဖြစ်တန်ရာ၏ပေါ့နော်။ စကားသည် လွဲတတ်တယ်။ ဖုန်းနဲ့သွားတာကိုး။ နားလည်မှု လွဲတာလားပေါ့။

ဒေါက်တာသင်းသင်းခိုင် (မြိတ်မြို့ အ.ထ.က (၁) ကျောင်း အုပ်ဆရာမကြီး)

အမေစု ထောက်ခံပွဲ ICJ ထောက်ခံပွဲကို သွားတဲ့ကျောင်းသားကို လက်မှတ်ထိုးခိုင်းတာ လုံးဝမဟုတ်ပါ ဘူးရှင်။ ICJ ထောက်ခံပွဲသည် ၉ ရက်နေ့မှာ လုပ်ပါတယ်။ ကျွန်မတို့ကျောင်းကို တိုင်းပညာရေးမှူးက ညွှန်ကြားတာသည် ကျောင်းအားလုံးနော် မြို့ပေါ်ကျောင်း အားလုံး နီးပါးပါ ၁၀ ရက် နေ့လယ် ၁၁ နာရီ ၄၅ မိနစ်က ညွှန်ကြားပါတယ်။ ကျောင်းတွေမှာ ပါတီနိုင်ငံရေးကင်းရှင်းဖို့နဲ့ မည်သည့်ပါတီရဲ့ ဟောပြောပွဲကိုမှ မတက်ရောက်ဖို့ ညွှန်ကြားတာပဲ ဖြစ်ပါတယ်။

အဲဒါကို ထပ်ဆင့်အသိပေးကြောင်းသိရှိ လိုက်နာပါကြောင်း လက်မှတ်ထိုးတာပါ။
အမေစုရဲ့ICJ ပွဲနဲ့ လုံးဝမသက် ဆိုင်ပါဘူးရှင်။ အမှန်တရားလေးကို မီဒီယာကို သိစေချင်ပါတယ်။ အဲဒါလေး ပြန်ပြီးရှင်းလင်း ပေးချင်ပါတယ်။ ဆရာမကြီး(တိုင်းပညာရေးမှူး)ရဲ့ ညွှန်ကြားချက်မှာ ဆရာ/ မတွေနဲ့ ကျောင်းသားများကို အသိပေးတာပေါ့နော်။ မသွားရောက်ရဘူးပေါ့။

ပါတီတွေမည်သည့် ပါတီမဆို ပါတီအဖွဲ့အစည်းတွေရဲ့ ဟောပြောပွဲတွေကိုမဆို တက်ရောက်ခြင်း မပြုရန်၊ မသွားရောက်ရန်၊ ကျောင်းအုပ်ကြီး က ကြပ်မတ်ဆောင်ရန်ပါတဲ့အတွက် ကျွန်မတို့က သိရှိလိုက်နာပါမယ်ဆိုတဲ့အကြောင်း ဆရာမကြီးက ဆောင်ရွက် ပြီးပြီလားလို့မေးရင် ဆောင်ရွက်ပြီးပြီလို့ ဖြေလို့ရအောင် လက်မှတ်ထိုးပြီးယူထားတဲ့ သဘောပဲ။

အဲဒါလေးပါပဲ။ ကျောင်းသားက သုံးတန်းလေးတန်းကနေ ဆယ်တန်းအထိထိုးတယ်။ ဒါပေမယ့် ၁၀ ရက်နေ့ ညနေပိုင်းမှ စပြီးထိုးခိုင်းတာ ဖြစ်တဲ့အတွက် မထိုးရသေးတဲ့အတန်းတွေ အများကြီး ရှိတယ်။ အဲသည် ညနေပိုင်းမှာပဲ ဆရာမကြီးနဲ့ စကားပြော ဖြစ်တဲ့အခါကျတော့ ဆရာမကြီးက ကလေးတွေကို လက်မှတ်ထိုးခိုင်း စရာ မလိုဘူးလေဆိုတော့ ကျွန်မက ချက်ချင်းပဲလက်မှတ် ထိုးတဲ့ကိစ္စကို Cancel လုပ်လိုက်တယ်။ ဖျက်သိမ်းလိုက်ပါပြောပြီးတော့ နောက်တစ်နေ့မနက်မှာ အကုန်လုံးဖျက်သိမ်းလိုက်ပါ တယ်ရှင်။ ကလေးတွေလည်း ကျောင်းချိန်ပြင်ပမှာ လွတ်လပ်စွာပါဝင်ခွင့် ဆင်နွှဲခွင့်ရှိပါတယ်လို့ ပြောခိုင်းထားပါတယ်။

အားလုံးကလေးတွေ အားလုံးသိပါတယ်။ ဆရာမတွေအားလုံး လည်း သိပါတယ်ရှင့်။
ကျွန်မတို့ လက်မှတ်ထိုးခိုင်းခြင်းသည် အမေစုထောက်ခံပွဲနဲ့ လုံးဝပတ်သက်ခြင်း ဆက်စပ်ခြင်း မရှိပါဘူး။ သွားခဲ့တဲ့သူတွေကို ခံဝန်ထိုးခိုင်းတာ မဟုတ်ပါဘူးဆိုတာ ပေါ်လွင်အောင် ရှင်းပြပေးစေလိုပါ တယ်ရှင်။

Dawei Watch