ဆိုင်ကယ် ရပ်တန့်စစ်ဆေးရာမှ ဘိန်းစာမှုန့် ဖမ်းမိ

0
591

ကော့သောင်းမြို့တွင် ဒီဇင်ဘာလ ၁၀ ရက်က ဆိုင်ကယ်တစ်စီးကို ရပ်တန့် စစ်ဆေးရာမှ ဘိန်းစားမှုန့် ၂၀ ဂရမ် ဖမ်းမိခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ပိတောက်ရွှေဝါရပ်ကွက်၊ မြရည်ပုလဲ လမ်းထိပ်တွင် အမျိုးသားနှစ်ဦး စီးနင်း လာသည့် ဆိုင်ကယ်ကို မသင်္ကာသဖြင့် ရပ်တန့်စစ်ဆေးခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ဆိုင်ကယ်ရပ်တန့်ချိန်တွင် ဆိုင်ကယ်ပေါ်မှ အမျိုးသားတစ်ဦးက ၎င်းကိုင်ထားသည့် အထုပ်တစ်ထုပ်ကို ပစ်ချလိုက်သဖြင့် ကောက်ယူစစ်ဆေးရာ ဘိန်းစာမှုန့်ဖြစ်နေသည်ကို တွေ့ရကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ဆိုင်ကယ် စီးနင်းလာသည့် အသက် ၂၈ နှစ်အရွယ် နှင့် ၃၉ နှစ်အရွယ် အမျိုးသားနှစ်ဦးကို သက်ဆိုင်ရာ မူးစိတ်ပုဒ်မဖြင့် ကော့သောင်း မြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

Dawei Watch