စက္ကူမီးရှို့ ပြီး ပလပ်စတစ်ခြင်းထဲ ပစ်ရာမှ နေအိမ် မီးလောင်

0
433

ကော့သောင်းမြို့၊ အဏ္ဏဝါရပ်ကွက် တွင် အမျိုးသားတစ်ဦးက စက္ကူများကို မီးရှို့ပြီး ပလပ်စတစ်ခြင်းထဲ ပစ်ချထားရာမှ နေအိမ်တစ်ဆောင် မီးလောင်ကျွမ်း ခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ဒီဇင်ဘာလ ၁ ရက်တွင် အသက် ၂၉ နှစ်အရွယ် အမျိုးသားက နေအိမ်တွင် တစ်ဦးတည်းရှိနေစဉ် အရက်မူးပြီး နေအိမ် အောက်ထပ်ကုတင်အနီးရှိ စက္ကူများကို မီးရှို့ပြီး ပလပ်စတစ်ခြင်းထဲသို့ ပစ်ချ ထားခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ယင်းကဲ့သို့ ပစ်ချထားရာမှတစ်ဆင့် နေအိမ်ကို မီးလောင်ကျွမ်းခဲ့ပြီး လူထိခိုက် ဒဏ်ရာရရှိမှု မရှိကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

မီးလောင်မှုနှင့်ပတ်သက်၍ အထက်ပါ အမျိုးသားကို ရာဇသတ်ကြီးပုဒ်မ- ၄၃၆ ဖြင့် ကော့သောင်းမြို့မရဲစခန်းတွင် အမှု ဖွင့်ထားကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

Dawei Watch