တရားမဝင်ကမ်းထောင်ပိုက်များ အမြစ်ဖြတ်ပေးပါ

0
443

ဘုတ်ပြင်းမြို့နယ်ပင်လယ်ကမ်းရိုး တစ်လျှောက် ထောင်ထားသည့်တရား မဝင်ပင်လယ်ကမ်းထောင်ပိုက်များ ဖြုတ် သိမ်းခြင်းကိုအစိုးရက အမြစ်ပြတ်အောင် လုပ်ဆောင်စေလိုကြောင်း ဘုတ်ပြင်း ဒေသခံငါးဖမ်းသမားတို့က ပြောကြားသည်။

ဘုတ်ပြင်းမြို့နယ်ငါးလုပ်ငန်းဦးစီး ဌာနမှ ဒေသခံများနှင့်ပူးပေါင်း၍ နိုဝင်ဘာလ၂၅ရက် နှင့်၂၆ရက်တို့တွင် ကမာ ချောင်း၊ နီပါး စသည့်နေရာများသို့ ကွင်းဆင်းကာ တရားမဝင်ကမ်းထောင် ပိုက် အလံ၅၀၀(ပေ ၃၀၀၀) ခန့်ကို ဖြုတ် သိမ်းခဲ့ဖူးသည်။

ယင်းသို့ ဖြုတ်သိမ်းခြင်းမှာ ပိုင်ရှင် ၅ဦး၏ပိုက်များသာရှိသေးပြီး နောက်ထပ် ပိုင်ရှင်များစွာ၏မိုင်ဆယ်ချီရှည်သော တရားမဝင် ပင်လယ်ကမ်းထောင်ပိုက်များ ဘုတ်ပြင်း ကမ်းရိုးတမ်းတစ်လျှောက် ရှိနေဆဲဖြစ်ကြောင်း ဒေသခံငါးဖမ်းသမားတို့က ပြောကြသည်။

ထိုကြောင့် ယင်းပိုက်များကိုပါ အမြစ်ပြတ်အောင် ဖြုတ်သိမ်းရန် အလိုရှိ နေခြင်း ဖြစ်သည်။
ဒေသခံငါးဖမ်းသမားများအနေဖြင့် ဌာနဆိုင်ရာများကို လှေဖြင့်အခမဲ့လိုက် ပြခြင်း၊ ပိုက်အချို့ကို ကူညီဖျက်သိမ်းပေး ခြင်းတို့ လုပ်ဆောင်ပေးခဲ့ပြီးဖြစ်၍ နောက် ထပ်ဖျက်သိမ်းခြင်းများကို ဌာနဆိုင်ရာ များက ထိရောက်စွာလုပ်ဆောင်စေလိုကြောင်း ကူညီပေးခဲ့သည့်ငါးဖမ်းလှေ သမားတို့က ပြောကြသည်။

“နှစ်ရက်လုံးလုံး အလုပ်ပျက်ခံပြီး လိုက်ပြပြီးပြီ။ ဒါတောင် မလုပ်ပေးနိုင်ဘူး။ ရွာသားအချင်းချင်း အမုန်းလည်းခံရသေးတယ်။ ဘာမှမထူးဘူး ဖြစ်နေတယ်”ဟု လှေသမားတစ်ဦးက ပြောသည်။
အကယ်၍ထိရောက်စွာ မလုပ် ဆောင်ပါက လှေသမားများအနေဖြင့်တိုင်း ဒေသကြီးအစိုးရကို သက်သေအထောက် အထားအစုံအလင်ဖြင့်တင်ပြရန် စီစဉ်တိုင် ပင်နေကြသည်ဟု အထက်ပါ လှေသမားက ပြောသည်။

“ထိထိရောက်ရောက်လည်း မလုပ် ပေးဘူးဆိုတော့ တိုင်းဝန်ကြီးတွေကိုတင် ပြဖို့ လုပ်နေကြတယ်။ ဗွီဒီယိုတွေဓာတ် ပုံတွေလည်း ရိုက်ထားပြီးပြီ”ဟု၎င်းလှေသမားက ပြောသည်။

တိုင်းဒေသကြီးစိုက်ပျိုးရေး၊ မွေး မြူရေးနင့်ဆည်မြောင်းဝန်ကြီးဦးမြင့်စန်းက တရားမဝင်ကမ်းထောင်ပိုက်များဖြစ် ပါက ဖြုတ်သိမ်းခိုင်းမည်ဟု ပြောဆိုထားသည်။

အစိုးရက လိုင်စင်ထုတ်ပေးသည့် ကမ်းထောင်ပိုက်အမျိုးအစားမှာ အငယ် ဆုံးပိုက်ကွက်နှစ်လက်မ၊ တစ်ခါဖမ်းတစ်ခါ ပြန်ဖြုတ်သည့်စနစ် ဖြစ်သည်။

နိုဝင်ဘာလတွင်တွေ့ရှိဖြုတ်သိမ်းခဲ့ ပိုက်များမှာ ၁လက်မပိုက်ကွက်၊ ၅မူးပိုက် ကွက်စိပ်များဖြစ်ပြီး အောက်ခြေတွင် ငုတ်တိုင်များဖြင့် အသေထောင်ထားသည့် ကမ်းထောင်ပိုက်များ ဖြစ်နေကြောင်း ဘုတ်ပြင်းမြို့နယ် ငါးလုပ်ငန်းဦးစီဌာန တာဝန်ရှိသူက ပြောဆိုထားသည်။

၎င်းကမ်းထောင်ပိုက်များကြောင့်ငါးသားပေါက်များစွာ သေဆုံးနေခြင်း၊ လှေလုပ်သားများ ငါးအမိအရနည်ပါးလာ ခြင်း၊ ပိုက်မျှောရန် နေရာနည်းပါးလာခြင်း တို့ ဖြစ်ပေါ်နေကြေင်း ယင်းကမ်းရိုးတန်း တစ်လျှောက်ငါးဖမ်းနေသည့် ရေလုပ်သား အချို့က ပြောဆိုကြသည်။

ကမ်းထောင်ပိုက်များ ထောင်ထားသည့်နေရာကိုသိရှိပါက ငါးလုပ်ငန်းဦးစီး ဌာနသို့ ရေလုပ်သားများအနေဖြင့်အချိန်မရွေး အကြောင်းကြားတင်ပြနိုင်ပြီး အရေး ယူဆောင်ရွက်ရန်အသင့်ရှိကြောင်း ဘုတ်ပြင်းမြို့နယ် ငါးလုပ်ငန်းဦးစီးမှူးဦးစံမွှေးက ပြောဆိုထားသည်။

Dawei Watch