ပါတီအသစ်နှစ်ခု ရပ်/ကျေးရုံး လေးရာကျော် ဖွင့်ထားပြီးဟုဆို

0
762

တနင်္သာရီတိုင်းအတွင်းကို ၂၁၀၉ ခုနှစ်တွင် စတင်ဝင်ရောက်လာသော ပါတီအသစ် နှစ်ခုဖြစ်သည့် ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ (UBP)နှင့် ညီညွှတ်သော ဒီမိုကရက်တစ်ပါတီ (UDP) တို့သည် တိုင်းအတွင်း ရပ်/ကျေး ပါတီရုံးခွဲပေါင်း ၄၀၀ ကျော်ဖွင့်ထားပြီး ဖြစ်ကြောင်း ယင်းပါတီနှစ်ခုထံမှ သိရ သည်။

ညီညွှတ်သော ဒီမိုကရက်တစ်ပါတီသည် တနင်္သာရီတိုင်းကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်ဝင်ရောက်လာ ခြင်းဖြစ်ပြီး လက်ရှိတွင် တိုင်းအတွင်း ရပ်ကျေးအဆင့် ပါတီရုံးခွဲပေါင်း သုံးရာကျော်(၃၄၇)ဖွင့်ထားပြီးဖြစ်ကြောင်း ယင်းပါတီ တနင်္သာရီတိုင်း တာဝန်ခံ (ဦးစီ) ဦးခင်မောင်လတ်က ပြောသည်။

“မြို့နယ်စည်းရုံးရေးမှူးတွေကနေပြီး ရပ်/ကျေးစည်းရုံးရေးမှူးတွေကို ဆင့်ပွားပြီး EC ဖွဲ့နိုင်သွားတာပေါ့။ပထမအဆင့်အနေနဲ့လေ။ ရွေးကောက်ပွဲ ကော်မရှင်က ရပ်/ကျေးတစ်အုပ်စု မှာ တစ်ရုံးဖွင့်ခွင့်ရသွားတော့ EC အဖွဲ့ရှိတဲ့ နေရာတွေမှာ ရပ်/ကျေးရုံးတွေ ဖွင့်သွား နိုင်ခဲ့တာပေါ့” ဟု ဦးခင်မောင်လတ်က ပြောသည်။

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီတွင်မူ တိုင်းအတွင်း ရပ်/ကျေးအဆင့် ပါတီရုံးခွဲပေါင်း ၈၀ ကျော်ဖွင့်လှစ်ထား ပြီးဖြစ်ကြောင်း ပါတီ တနင်္သာရီတိုင်း တာဝန်ခံ ဦးဝင်းဦးက ပြောသည်။

“ဌာနချုပ်က သတ်မှတ်ပေးတဲ့ အချိန်ကာလထဲမှာ ပြီးအောင်မလုပ်နိုင် သေးပါဘူး။ အမြန်ဆုံးတော့ ပြီးနိုင်အောင် ကြိုးစားပြီး လုပ်နေတာပဲ”ဟု ဦးဝင်းဦးက ပြောသည်။

ယင်းပါတီနှစ်ခုစလုံးသည်၂၀၂၀ ရွေးကောက်ပွဲတွင် တိုင်းအတွင်းရှိ မြို့နယ် အားလုံး၌ ဝင်ရောက်ယှဉ်ပြိုင် နိုင်ရန် ကြိုးစားနေသည်ဟု ဆိုသည်။ UDP ပါတီသည် လာမည့် ၂၀၂၀ ရွေးကောက်ပွဲ ဝင်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ တိုင်းအတွင်းရှိ မြို့နယ်တိုင်းတွင် အဆိုပြု ထားသူများရှိနေပြီဖြစ်ပြီး UBP ပါတီ တွင်လည်း ကိုယ်စားလှယ်လောင်းများ စတင်ရွေးချယ် နေပြီ ဖြစ်ကြောင်း ယင်း ပါတီနှစ်ခုထံမှ သိရသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် တိုင်း အတွင်း ၁၁ ပါတီဝင်ပြိုင်ခဲ့သည်။

Dawei Watch