ခုနစ်ရက်သားသမီးများအတွက် တစ်ပတ်စာဗေဒင် ဟောကိန်း

0
673
Bay-Din

၁၆ – ၁၂ -၂၀၁၉ မှ ၂၂ – ၁၂ -၂၀၁၉ အထိ

တနင်္ဂနွေ
နိုင်ငံခြားခရီးများ သွားရမည်။ မြေ ဝင်မည်။ မိတ်ကောင်းဆွေကောင်း ကူညီစောင့်ရှောက်မှု ခံရမည်။ ယခုလအတွင်း ဆိုင်ကယ်၊ ယာဉ် မဝယ်သင့်ပါ။ ဆီး၊ ကျောက်ကပ်ကျန်းမာရေး ဂရုစိုက်ရမည်။ ပညာရှာသူများ အဆင်ပြေမည်။ လုပ်ငန်းနှင့်ပက်သက်၍ အခက်အခဲတွေ့မည်။ မေတ္တာရေးသည်ကား အစစအရာရာ ဆင်ပြေပါမည်။
အကျိုးပေးသော အရောင် – အဖြူရောင်၊ အနီရောင်
အကျိုးမပေးသော အရောင် – အစိမ်းရောင်၊ လိမ္မော်ရောင်
မသွားသင့်သော အရပ် – အရှေ့တောင်အရပ်
ယတြာ – သာကူမုန့် ဘုရားဆွမ်းတော်ကပ်လှူပါ။

တနင်္လာ
အိမ်ဝယ်ခြင်း၊ အိမ်ဆောက်ခြင်းများ ပြုရတတ်သည်။ ဘာပဲလုပ်လုပ် လုပ်ငန်းများ အောင်မြင်မည်။ သင်ကံထူးသောကာလသို့ ရောက်ရှိနေပါသည်။ မြေရောင်း၊ ခြံရောင်းမည့် ကိစ္စများ အဆင်ပြေမည်။ ကျန်းမာရေး ဂရုစိုက်ရမည်။ ပညာရေး ကောင်းပါသည်။ မေတ္တာရေး သည်ကားချစ်သူက မိမိကို အထင်လွဲတတ်သောကာလ ဖြစ်သည်။
အကျိုးပေးသော အရောင် – အပြာရောင်၊ အနီရောင်
အကျိုးမပေးသော အရောင် – လိမ္မော်ရောင်၊ အနက်ရောင်
မသွားသင့်သော အရပ် – အရှေ့မြောက်အရပ်
ယတြာ – နှင်းဆီ ၇ ပွင့် ဘုရားကပ်လှူပါ။

အင်္ဂါ
ဘုရားဖူးခရီးများ သွားရမည်။ ရပ်ဝေးဧည့်သည်များ မိမိထံ လာမည်။ ထီ(သို့) ထီနှင့် အလားတူ ငွေဝင်မည်။ လူငယ်များ ပညာရေး ကံကောင်းပါသည်။ စက်ပစ္စည်းများ ဝင်မည်။အစာအိမ်၊ လေရောဂါများ သတိထားပါ။ မိမိလုပ်ငန်းထဲ၌ စိတ်မပျော်ပိုက်မှု ဖြစ်တတ်သည်။မေတ္တာရေးသည်ကား ချစ်သူရရှိမည့်ကာလ ဖြစ်သည်။
အကျိုးပေးသော အရောင် – အနက်ရောင်၊ အပြာရောင်
အကျိုးမပေးသော အရောင် – အနီရောင်၊ လိမ္မော်ရောင်
မသွားသင့်သော အရပ် – အနောက်အရပ်
ယတြာ – နှင်းဆီအနီ ၇ ပွင့် ဘုရားပန်းကပ်လှူပါ။

ဗုဒျဓဟူး
ဘာပဲလုပလြုပြ လုပငြနြးမွား အောငမြှငမြညြ။ အလှူအတနြးမွား ပှုရတတသြညြ။ ဥဈစာပဈစညြးမွား စုဆောငြးမိမညြ။ လူလိမြ ခံရတတသြညြ။ ပညာရေးကိဈစမွား ကောငြးမှနသြညြ။ ကနွြးမာရေး ညံ့တတသြညြ။ မတျေတာရေးသညကြား ခစွသြူနှင့ဘြဝတဈခု တညဆြောကရြမညြ။
အကွိုးပေးသော အရောငြ – ရှှအေိုရောငြ၊ ပှောကကြွား
အကွိုးမပးသော အရောငြ – အနကရြောငြ၊ အနီရောငြ
မသှားသင့သြော အရပြ – အနောကတြောငြ
ယတှာ – ကောကညြငြးပေါငြး ဘုရားဆှမြးတောြ ကပလြှူပါ။

ကြာသပတေး
ကံကောင်းမည့်ကာလ ဖြစ်သည်။ ယခုလ၌ စက်ပစ္စည်းများ မဝယ်ပါနှင့်။ ယာဉ် ဝင်မည်။လာဘ်လာဘများ ရမည်။ စပ်တူရှယ်ယာလုပ်ငန်းများ အဆင်ပြေမည်။ ကျန်းမာရေး ဂရုစိုက်ရမည်။ ပညာရေး မပေါ့သင့်ပါ။ မေတ္တာရေးသည်ကား ချစ်သူနှင့်လက်ထပ်ရမည့်အခါ ဖြစ်သည်။
အကျိုးပေးသော အရောင် – အနီရောင်၊ အဝါရောင်
အကျိုးမပေးသော အရောင် – အပြာရောင်၊ အစိမ်းရောင်
မသွားသင့်သော အရပ် – အနောက်အရပ်
ယတြာ – မေမြို့ပန်းတစ်စည်း ဘုရားပန်ကပ်လှူပါ။

သောကြာ
ဆုံးရှုံးမည်ထင်ထားသောငွေကြေးများ ပြန်ရမည်။ စိတ်သွားတိုင်းကိုယ်မပါ ဖြစ်ရတတ်သော ကာလ ဖြစ်သည်။ အိုးအိမ်သစ်များ ပြုပြင်ရတတ်သည်။ ပညာရေး ကောင်းမည်။ ခရီးသွားရ တတ်သည်။ ကျန်းမာရေးအညံ့ မရှိပါ။ မေတ္တာရေးသည်ကား လက်ထပ်မင်္ဂလာပြုရမည့်အခါ ဖြစ်သည်။
အကျိုးပေးသော အရောင် – အနီရောင်၊ အပြာရောင်
အကျိုးမပေးသော အရောင် – လိမ္မော်ရောင်၊ အဖြူရောင်
မသွားသင့်သော အရပ် – အရှေ့အရပ်
ယတြာ – နဂါးမောက်သီးကို ခွဲစိပ်ပြီး ဘုရားဆွမ်းတော်ကပ်လှူပါ။

စနေ
သင်တန်းတတ်ခြင်းကိစ္စ၊ ပညာရေးဘွဲ့တံဆိပ်များရရှိခြင်း ဖြစ်တတ်သည်။ လာဘ်လာဘများ ဝင်မည်။ အစားမှား ဆေးမှား ဒုက္ခပေးတတ်သည်။ ငွေကြေး အထွက်များ နေတတ်သည်။ ပစ္စည်းဥစ္စာများ စုဆောင်းမိမည်။ မေတ္တာရေးသည်ကား ချစ်သူနှင့်ဘ၀ကို လက်တွဲသွားရမည့် အခါ ဖြစ်သည်။
အကျိုးပေးသော အရောင် – အပြာရောင်၊ ပြောက်ကျား
အကျိုးမပေးသော အရောင် – အဝါရောင်၊ အဖြူရောင်
မသွားသင့်သော အရပ် – တောင်အရပ်
ယတြာ – မုန့်လုံးရေပေါ် ဘုရားအဆွမ်းတော်ကပ်လှူပါ။


လိုရာဆန္ဒပြည့်၀နိုင်ပါစေ

ဆရာရွှေစင်မြတ်(Geology)

ဝေဒလက္ခဏသုတေသီ