မြေ၏ တန်ဖိုး

0
502

မြန်မာနိုင်ငံသည် မြေပေါသည့်နိုင်ငံဖြစ်ကြောင်း လူသိများလေ့ရှိသည်။ ထို့အတူ တနင်္သာရီတိုင်းဒေသကြီးသည် မြေဧရိယာကျယ်ဝန်းပြီး လူနေကြဲပါးသဖြင့် မြေပေါသည့် ဒေသအဖြစ် မှတ်ယူနိုင်သည်။

အမှန်တကယ်တော့ မြေသည် ပေါသည်ဟူ၍ မရှိပါ။ ကမ္ဘာပေါ်တွင် အရေး ကြီးဆုံးနှင့် အရှားပါးဆုံး အရင်းအမြစ်ဖြစ်သည်။ မြေပေါ်တွင် လူတို့နေကြသည်။ မြေကို အသုံးချ၍ စီးပွားရှာကြသည်။ မြေပေါ်တွင် သတ္တဝါပေါင်းစုံ ရှင်သန်နေထိုင် သည်။ မြေပေါ်တွင်ပင် ခရီးသွားလာကြသည်။ မြေပေါ်တွင် စိုက်ပျိုးလုပ်ကိုင် စားသောက်ကြသည်။ အစားအသောက်၊ အဝတ်အထည်၊ အမိုးအကာ စသည့် လူတို့လိုအပ်သော အခြေခံပစ္စည်းစုစုပေါင်း၏ ၉၅ ရာခိုင်နှုန်းကို မြေပေါ်မှရရှိ သည်။

သို့သော် မြေတိုင်းအသုံးဝင်လှသည်မဟုတ်ပါ။ ကမ္ဘာပေါ်ရှိ မြေစုစုပေါင်း ၄၃ ရာခိုင်နှုန်းသည်သာ စိုက်ပျိုးနိုင်၊ စက်မှုလုပ်ငန်းလုပ်နိုင်၊ ခရီးလမ်းပန်း ဆက်သွယ်နိုင်သည်။

ရာသီဥတုဖောက်ပြန်လာခြင်း၊ လူတို့၏ မြေယာအသုံးချစီးပွား လုပ်ကိုင်မှုများကို ကောင်းမွန်စွာ ထိန်းကျောင်းနိုင်ခြင်း မရှိခြင်း စသည်တို့ကြောင့် မြေယာများ လျင်မြန်စွာ ပျက်ယွင်းလာသည်။ အသုံးချနိုင်သော မြေယာတဖြည်း ဖြည်း ရှားပါးလာသည်။

သို့သော် မြန်မာကဲ့သို့သော၊ တနင်္သာရီတိုင်းဒေသကြီး ကဲ့သို့သော နေရာဒေသ တွင် ဖြစ်လေ့ရှိသည်မှာ မြေကို သုံး၍မကုန်တော့သော အရင်းအမြစ်တစ်ခုသဖွယ် စီမံနေခြင်း ဖြစ်သည်။ မည်သို့သော မြေများကို မည်သို့သော ကောင်းမွန်ထိရောက် စွာ အသုံးချမည်၊ မည်သို့သော မြေများကို အနာဂတ်အတွက် ချန်လှပ်ထားမည် စသည့် ကောင်းမွန်စွာ ကြိုတင်တွက်ချက်စဉ်းစား စီစဉ်ထားရန် လိုသည်။

ထိုအတွက် လက်ရှိ ပိုင်ဆိုင်နေသော မြေအရင်းအမြစ်တို့၏ အမှန်တကယ် တန်ဖိုးကို ထိုးထွင်းနားလည်နိုင်သော “ဉာဏ်ပညာ”ရှိရန်လည်း များစွာ အရေးကြီး ပါသည်။

ထိုမှသာ ယခင်က ဖြစ်ပျက်ခဲ့သော ဆီအုန်းကဲ့သို့သော မူဝါဒအမှားများကို တဖန်ပြန်မကျော့နိုင်တော့ဘဲ ကိုယ့်ဒေသတွင် ရှိသော အရင်းအမြစ်များကို ကောင်းမွန်စွာ၊ ရေရှည်အသုံးချနိုင်မည်ဖြစ်သည်။

ယ်ဒီတာ (ဒီဇင်ဘာ ၇၊ ၂၀၁၉)