တရုတ်နိုင်ငံ ဖိတ်ခေါ်စကိတ်ပြိုင်ပွဲတွင် ဈာန်လွှမ်းထူး ပဉ္စမဆုရ

0
1109

တရုတနြိုငငြံတှငကြငွြးပသည့ြ Wuyishan International Roller Skating Open ဖိတခြေါြ စကိတပြှိုငပြှဲ တှငြ ထားဝယမြှို့မှ စကိတကြစားသမား ဈာနလြှှမြးထူးက ပဉျစမဆုဆှတခြူးရရှိခဲ့သညြ။

တရုတ်နိုင်ငံ ရှန်ဟိုင်းတွင် နိုဝင်ဘာ ၁၄ ရက်မှ ၁၈ ရက်အထိ ကျင်းပသည့် Speed Slalom စကိတ်ပြိုင်ပွဲတွင် နိုင်ငံပေါင်း ၄၅ နိုင်ငံမှ ကစားသမား ၅၀ ခန့်ဝင်ပြိုင်ရာ ဈာန်လွှမ်းထူးမှာ အဆင့် ၅ တွင်ချိတ်ခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံစကိတ်အသင်း ဒုဥက္ကဋ္ဌ ဦးလွင်လတ်က ပြောသည်။

“သူတို့က ၆ အထိ အဲဒီမှာ ဆုပေးတယ်။ နံပါတ် ၅ ဆိုတော့ သူတို့ ဆုရ တယ်ဆိုတဲ့ သဘောပေါ့။ နံပါတ် ၅ ဆိုတော့ ရွှေတံဆိပ်ဆုတို့ ငွေတံဆိပ်ဆု တို့တော့ မရဘူးပေါ့” ဟု ဦးလွင်လတ်က ဆိုသည်။

ယင်းအပြင် တရုတ်နိုင်ငံ ဖူကျင်းခရိုင်၊ ဝူယီရှန်းတွင် နိုဝင်ဘာ ၂၀ ရက်မှ ၂၄ ရက်အထိ ကျင်းပသည့် ၈ ကီလိုမီတာ နိုင်ငံတကာစကိတ်မာရသွန်ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ အခြားကစားနှစ်ဦး ဝင်ပြိုင် ခဲ့သည်။

လူဦးရေ ၄၀၀ ခန့် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် ယင်းပြိုင်ပွဲတွင် မြန်မာ နိုင်ငံမှ ကစားသမားနှစ်ဦး ဖြစ်သော ကောင်းသန့်နှင့် အင်အားတို့က အဆင့်နံပါတ် ၈ နှင့် နံပါတ် ၁၀ တို့ဖြင့် အသီးသီးပန်း ဝင်ခဲ့သည်ဟု ဦးလွင်လတ်က ပြောသည်။

နိုင်ငံပေါင်း ၄၅ နိုင်ငံပါဝင်သဖြင့် အတွေ့အကြုံကောင်းများရရှိခဲ့ပြီး ကလေး များတွင် စကိတ်အားကစားနှင့် ဘာသာ စကားအားနည်းချက်များရှိသည်ဟု ဈာန်လွှမ်းထူး၏ ဖခင် ဦးသန်းဝင်းက ပြောသည်။

နိုင်ငံတကာစကိတ်မာရသွန်ပြိုင်ပွဲ ကို မြန်မာစကိတ်အသင်းမှ ပထမဦးဆုံး အကြိမ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခြင်း ဖြစ်သည်ဟု အထက်ပါအသင်းထံမှ သိရသည်။

အဆိုပါပြိုင်ပွဲတွင် အီတလီ၊ တောင်ကိုးရီးယား၊ မြန်မာ၊ ကိုလံဘီယာ၊ မက္ကဆီကို၊ ရုရှား စသည့်နိုင်ငံပေါင်း ၄၅ နိုင်ငံမှ စကိတ်အားကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်ဟု သိရ သည်။

မိုးမြင့်

ဆက်စပ်သတင်းများ