ထားဝယ်တွင် အဝေးသင်ဘွဲ့ဝတ်စုံ ဒီဇင်ဘာ ၁၂ ရက် စထုတ်ပေးမည်

0
1040

ထားဝယ်တက္ကသိုလ်တွင် ပထမဆုံး အကြိမ်ကျင်းပမည့် အဝေးသင်ဘွဲ့နှင်း သဘင်တွင် ဘွဲ့ယူမည့် ကျောင်းသား၊ ကျောင်းသူများအတွက် ဘွဲ့ဝတ်စုံများကို ဒီဇင်ဘာလ ၁၂ ရက်မှ ၁၃ ရက်အထိ နှစ်ရက် ထုတ်ပေးမည်ဖြစ်ကြောင်း ထားဝယ် တက္ကသိုလ် အဝေးသင် သင်တန်းဌာန ထံမှ သိရသည်။

ယင်းဘွဲ့ဝတ်စုံနှင့်အတူ အစမ်းလေ့ ကျင့် ပွဲဝင်ခွင့်လက်မှတ်များကိုပါ တစ်ပါ တည်း ထုတ်ပေးမည်ဖြစ်ကြောင်း ထားဝယ် တက္ကသိုလ် အဝေးသင် သင်တန်းမှတာဝန် ရှိသူတစ်ဦးက ပြောသည်။

“ဘွဲ့ဝတ်စုံတွေကို (စားမေးပွဲနှင့်ဘွဲ့ နှင်းဌာနရှိသည့်) ထားဝယ်တက္ကသိုလ် ပင်မဆောင်မှာ ထုတ်ပေးမယ်”ဟု ၎င်း တာဝန်ရှိသူက ဆိုသည်။

ယခုနှစ် ထားဝယ်တက္ကသိုလ်တွင် ပထမဆုံးကျင်းပမည့် အဝေးသင်ဘွဲ့နှင်း သဘင်တွင် ဘွဲ့ယူမည့်ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၆၀၆ ဦးရှိပြီး ယင်းကျောင်းသား၊ ကျောင်းသူများကို ဒီဇင်ဘာလ ၁၅ ရက်တွင် ဘွဲ့အပ်နှင်း မည်ဖြစ်သည်။

ဘွဲ့နှင်းသဘင်မကျင်းပမီ အကြို အစမ်းလေ့ကျင့်ခြင်းကို ဒီဇင်ဘာလ ၁၄ ရက်တွင် ပြုလုပ်မည်ဖြစ်ပြီး ယင်းနေ့ တွင် ဘွဲ့နှင်းသဘင်ခန်းမအတွင်းသို့ ဝင်ရောက်ခွင့်လက်မှတ်၊ ဧည့်လက်မှတ် စသည်တို့ကို ထုတ်ပေးမည်ဖြစ်ကြောင်း အဝေးသင်ဌာနတွင် ကြေညာထားသည်။

အစမ်းလေ့ကျင့်ပွဲ တက်ရောက်ရန် ပျက်ကွက်သူများကို ဘွဲ့နှင်းသဘင် အခမ်းအနားသို့ တက်ရောက်ခွင့်ပြုမည် မဟုတ်ကြောင်းလည်း အဝေးသင်ဌာနက ထုတ်ပြန်ထားသည်။

အစမ်းလေ့ကျင့်ခြင်းနှင့် ဘွဲ့နှင်းသဘင် အခမ်းအနားကို တက်ရောက်မည့်သူ များသည် မြန်မာဝတ်စုံ၊ တိုင်းရင်းသား ဝတ်စုံ၊ အနောက်တိုင်းဝတ်စုံ တစ်ခုခု အနက် မိမိကြိုက်နှစ်သက်ရာ ဝတ်စုံ တစ်ခုခုကို ဝတ်စုံအပြည့်ဝတ်ဆင်ကာ တက်ရောက်ရမည်ဖြစ်ကြောင်း အဝေးသင် ဌာနက ထုတ်ပြန်ထားသည်။

ကျော်သူစိုး