ကမ္ဘာ့စစ်တုရင်အဖွဲ့ချုပ် အသိမှတ်ပြု စစ်တုရင်ဖိတ်ခေါ်ပြိုင်ပွဲ မြိတ်တွင် ကျင်းပမည်

0
510

မြိတ်မြို့နယ်အားကစားကော်မတီ နှင့် မြို့နယ်စစ်တုရင်ဆပ်ကော်မတီတို့ ပူးပေါင်းကျင်းပမည့် ကမ္ဘာ့စစ်တုရင်အဖွဲ့ ချုပ်အသိမှတ်ပြု (Rating Tournament) Myeik International Open စစ်တု ရင်ဖိတ်ခေါ်ပြိုင်ပွဲကိုမြိတ်ကမ်းနားလမ်း ရှိ Sea View Mail တွင် ဒီဇင်ဘာလ ၂၆ ရက်မှ ၃၀ ရက်အထိ ကျင်းပသွားမည် ဖြစ်ကြောင်း မြိတ်စစ်တုရင်အသင်းထံမှ သိရသည်။

အဆိုပါပြိုင်ပွဲသည် ကမ္ဘာ့စစ်တုရင် အဖွဲ့ချုပ်၏ အသိအမှတ်ပြုပြိုင်ပွဲတစ်ခု ဖြစ်သည့် အတွက် ပြိုင်ပွဲအလိုက် စစ်တုရင် ကစားများ၏ လက်ရည်မှာ ကမ္ဘာ့အဆင့် သတ်မှတ်ရာတွင် အကျုံးဝင်မည်ဖြစ် ကြောင်း မြိတ်စစ်တုရင်အသင်း ဥက္ကဌ ဦးကိုကိုဦးက ပြောပြသည်။

“အခြားပြိုင်ပွဲတွေမှာ ဘယ်အဆင့် အထိရမှာ ဝင်ခွင့်ပေးတာမျိုးမှာဆိုရင် ဒီပြိုင်ပွဲကရတဲ့အဆင့်ကနေ အခွင့်အရေး ရသွားတာပေါ့”ဟု မြိတ်စစ်တုရင်အသင်း ဥက္ကဋ္ဌ ဦးကိုကိုဦးက ပြောသည်။

ပြိုင်ပွဲတွင် Woman၊ U-25၊ Local၊ Over 60 နှင့် Open စသဖြင့် ပြိုင်ပွဲ အမျိုးအစားငါးမျိုး ကျင်းပသွားမည်ဖြစ် ပြီး ဝင်ရောက်ယှဉ်ပြိုင်လိုသူများအနေဖြင့် ဒီဇင်ဘာလ ၂၄ ရက်နောက်ဆုံးထား ကာ မြိတ်စစ်တုရင်အသင်းဥက္ကဋ္ဌ ဦးကိုကိုဦး ဖုန်း-၀၉၂၅၄၈၇၃၁၂၂ နှင့် ကိုလင်းမင်းထိုက်(ရန်ကုန်) ဖုန်း-၀၉၇၉၅၆၆၁၁၆၂ တို့ထံဆက်သွယ်စာရင်း ပေးသွင်းနိုင်ကြောင်း သိရသည်။

ဝင်ကြေးအဖြစ် တစ်ဦးလျှင် Local (တိုင်းအတွင်း) သုံးထောင်ကျပ်နှင့် External (တိုင်းပြင်ပ) ငါးထောင်ကျပ် သတ်မှတ်ထားပြီး ပြိုင်ပွဲဝင်များအား အင်္ကျီလက်ဆောင် တစ်ထည်စီပေးအပ်သွားမည့်အပြင် ဆုရရှိသူများအား ဆုငွေ များနှင့်ဆုတံဆိပ်တို့လည်း ချီးမြှင့်သွား မည်ဖြစ်ကြောင်း မြိတ်စစ်တုရင် အသင်းထံမှ သိရသည်။

မြင့်မိုရ်(မြိတ်)