ကော့သောင်းနှင့်မြိတ် အကျဉ်းထောင် တို့တွင် အကျဉ်းသားတစ်ဦးစီသေဆုံး

0
386

ကော့သောင်းအကျဉ်းထောင်နှင့် မြိတ်အကျဉ်းထောင်တို့တွင် ဒီဇင်ဘာလ ၁ ရက်က အကျဉ်းသားတစ်ဦးစီ သေဆုံးခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ကော့သောင်းအကျဉ်းထောင်တွင် အကျဉ်းကျနေသည့် အသက် ၂၉ နှစ် အရွယ် အကျဉ်းသားတစ်ဦးမှာ ပန်းနာ ရင်ကျပ် ရောဂါရှိသည့်အတွက် ကော့သောင်းဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရာမှ ဒီဇင်ဘာလ ၁ ရက်တွင် သေဆုံးသွားခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

မြိတ်အကျဉ်းထောင်တွင်လည်း အမှုရင်ဆိုင်နေဆဲဖြစ်သည့် အသက် ၃၉ နှစ်အရွယ် အမျိုးသားမှာ အကျဉ်းထောင် အတွင်း ရုတ်တရက်မူးလဲသွားသဖြင့် မြိတ်ပြည်သူ့ဆေးရုံသို့ အရေးပေါ်တင် ပို့ကုသခဲ့သော်လည်း သေဆုံးသွားခဲ့ ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

အထက်ပါ အမျိုးသားနှစ်ဦးသေဆုံး ခြင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာရဲစခန်း များတွင် သေမှုသေခင်းဖွင့်ကာ ဓမ္မတာ အတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးနေကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

Dawei Watch