ကော့သောင်းမြို့ပေါ်ရပ်ကွက် လေးခုတွင် ရေမီတာ တပ်ဆင်မည်

0
416

ကော့သောင်းမြို့ပေါ်ရပ်ကွက်လေး ခုရှိ အိမ်ခြေတစ်ထောင်နီးပါးကို ရေမီတာ တပ်ဆင်ကာ ရေဖြန့်ဝေပေးမည်ဖြစ်ကြောင်း ကော့သောင်းမြို့နယ် စည်ပင် သာယာရေး ကော်မတီထံမှ သိရသည်။

ဘုရင့်နောင်၊ အေးရိပ်ငြိမ်၊ အောင်သုခ၊ အဏ္ဏဝါ စသည့်ရပ်ကွက်လေးခုအနက် တစ်ရပ်ကွက်လျှင် အိမ်ခြေ ၂၀၀ နှုန်းဖြင့် စုစုပေါင်း အိမ်ခြေရှစ်ရာကို ရေမီတာတပ်ဆင်ပေးမည်ဖြစ်ကြောင်း အထက်ပါ ကော်မတီအဖွဲ့ဝင် ဦးမိုးတိမ်က ပြောသည်။

အောင်သုခရပ်ကွက်နှင့် အေးရိပ် ငြိမ်ရပ်ကွက်တို့တွင်မူ ရေပိုက်များတပ် ဆင်ထားပြီးဖြစ်သော ကြောင့် ရေမီတာ လျှောက်ထားသည်နှင့် တပ်ဆင်ပေးမည်ဖြစ်ပြီး ဘုရင့်နောင်နှင့် အဏ္ဏဝါရပ်ကွက် တို့တွင်မူ ရေပိုက်လိုင်း အဆင်သင့်မဖြစ် သေးသောကြောင့် ရေမီတာတပ်ဆင်ပေး နိုင်ရန်နောက်ထပ်တစ်လခန့် စောင့်ရမည်ဖြစ်ကြောင်း ဦးမိုးတိမ်က ပြောသည်။

ကော့သောင်းမြို့တွင် စည်ပင်ကပေးသည့်ရေအပြင် ပုဂ္ဂလိကမှ ရေမီတာဖြင့်ရေပေးဝေခြင်း လည်းရှိကြောင်း ၎င်းက ပြောသည်။

“စည်ပင်ကရေမီတာကို တပ်ရမယ် လို့ အတင်းအကျပ်မတိုက်တွန်းဘူး။ ပြည် သူတွေကြိုက်မှတပ်လို့ရပါတယ်”ဟု ၎င်းက ဆိုသည်။

ရေမီတာအပါအဝင် ပိုက်၊ တပ်ဆင်ခ စသည်တို့အတွက် ရေမီတာတစ်လုံးလျှင် ခုနှစ်သောင်းသုံးထောင်ကျပ်ပေးသွင်းရမည်ဖြစ်ပြီး ရေတစ်ယူနစ်လျှင် တစ်ထောင့် ငါးရာကျပ်နှုန်းဖြင့် ကောက်ခံမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ယင်းဝါဆည်ရေကို ကော့သောင်းမြို့ပေါ်နေရာများရှိ ရေစုကန်သို့ ပိုက်ဖြင့် သွယ်ယူကာ ယင်းရေစုကန်မှတစ်ဆင့် ရေဖြန့်ဖြူးပေးနေခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ကော့သောင်းမြို့တွင် ရေမီတာဖြင့် ရေသုံးစွဲသူများရှိသကဲ့သို့ ရေကားများထံမှ ရေဝယ်ယူအသုံးပြုသူများလည်းရှိပြီး လက်ရှိတွင် ၂၂ ပေပါဝင်သည့် ရေကားတစ်စီးကို ကျပ်တစ်သောင်းရှစ်ထောင်ဝန်းကျင်ရှိကြောင်း ဦးမိုးတိမ်က ပြောသည်။

နွေရာသီဆိုပါက ကော့သောင်းမြို့တွင် နှစ်စဉ်ရေရှားလေ့ရှိပြီး ရေကားဈေးနှုန်းလည်း မြင့်တက်လေ့ရှိသည်။

ကျော်သူစိုး