ခုနစ်ရက်သားသမီးများအတွက် တစ်ပတ်စာဗေဒင် ဟောကိန်း

0
834
Bay-Din

၉ – ၁၂ -၂၀၁၉ မှ ၁၅ – ၁၂ -၂၀၁၉ အထိ

တနင်္ဂနွေ
ပစ္စည်းဥစ္စာများ စုဆောင်းမိမည်။ လူမျိုးကွဲတို့ ကူညီမစမည်။ နိင်ငံခြားနှင့်ဆက်သွယ်သော ကိစ္စများ အဆင်ပြေမည်။ သားသမီးရတနာ ရရှိမည်။ ပညာရေးကိစ္စများ အဆင်ပြေမည်။ လုပ်ငန်း နေရာ ပြောင်းရွှေ့ခြင်းများဖြစ်တတ်သည်။မေတ္တာရေးသည်ကား ချစ်သူကမိမိမေတ္တာကို အကဲခတ် နေသောကာလဖြစ်သည်။
အကျိုးပေးသော အရောင် – အနီရောင်၊အပြာရောင်
အကျိုးမပေးသော အရောင် – အနက်ရောင်၊ အဝါရောင်
အကျိုးပေးသော ဂဏန်းများ – ၄၊ ၀၊ ၆၊ ၇ ပါသောဂဏန်းများ
ယတြာ – ပူတင်းမုန့် ဘုရားဆွမ်းတော်ကပ်လှူပါ။

တနင်္လာ
ငွေကြေး အထွက်များနေတတ်သည်။ ဝန်ထမ်းဖြစ်က ရာထူးတိုးနိုင်သည်။ ဈေးဆိုင်ဖွင့်ခြင်း၊ ယှဉ်ပြိုင်လှုပ်ရှားလုပ်ငန်းများ အဆင်ပြေမည်။ အသွားအလာ သတိထားပါ။ ပညာရေးကြိုးစား သင့်သည်။ ဝမ်းဗိုက်၊ ရင်ဘတ် ကျန်းမာရေးဂရုပြုပါ။ မေတ္တာရေးသည်ကာ မင်္ဂလာလက်ထက်ပွဲ ဆင်နွှဲရမည့်အခါဖြစ်သည်။
အကျိုးပေးသော အရောင် – အပြာရောင်၊ ပြောက်ကျား
အကျိုးမပေးသော အရောင် – လိမ္မော်ရောင်၊ အစိမ်းရောင်
အကျိုးပေးသော ဂဏန်းများ – ၁၊ ၃၊ ၄၊ ၆ ပါသောဂဏန်းများ
ယတြာ – ဆီထမင်း ဘုရားဆွမ်းတော်ကပ်လှူပါ။

အင်္ဂါ
စီးပွားရေးလုပ်ငန်းများ အောင်မြင်မည်။ အမွေအနှစ် ရရှိတတ်သည်။ ဥစ္စာရှင်များ၏ကူညီမစမှု ခံရမည်။ သင်တန်းတက်ခြင်း၊ စာမေးပွဲဖြေခြင်းကိစ္စများ အဆင်ပြေမည်။ ကျန်းမာရေး အညံ့ မရှိပါ။ စကားပြော မှားတတ်သည့်မို့ ဆင်ခြင်ပါ။ မေတ္တာရေးသည်ကား ချစ်သူရမည့်ကာလ ဖြစ်သည်။
အကျိုးပေးသော အရောင် – အနက်ရောင်၊ အပြာရောင်
အကျိုးမပေးသော အရောင် – အဝါရောင်၊ အနီရောင်
အကျိုးပေးသော ဂဏန်းများ – ၃၊ ၄၊ ၆၊ ၀ ပါသောဂဏန်းများ
ယတြာ – ရွှေရင်အေးမုန့် ဘုရားဆွမ်းတော်ကပ်လှူပါ။

ဗုဒ္ဓဟူး
လုပ်ငန်းများ အောင်မြင်ဆင်ပြေမည်။ လူငယ်လူရွယ်များ အလုပ်အကိုင်အခွင့်အလမ်း ပေါများ မည်။ ငွေကြေးများစွာ ဆင်ပြေမည်။ ယခုလအတွင်း မြေ မဝယ်သင့်ပါ။ ကျန်းမာရေး ဂရုစိုက်ရမည်။ လူငယ်များ ပညာရေးကိစ္စများ အဆင်ပြေမည်။ မေတ္တာရေးသည်ကား အကြင်နာပန်းများ လန်းဆန်းဝေဖြာ ပါမည်။
အကျိုးပေးသော အရောင် – ရွှေအိုရောင်၊ ခရမ်းရောင်
အကျိုးမပေးသော အရောင် – အနက်ရောင်၊ လိမ္မော်ရောင်
အကျိုးပေးသော ဂဏန်းများ – ၁၊ ၃၊ ၆၊ ၉ ပါသောဂဏန်းများ
ယတြာ – ငှက်ပျော်ကြော် ၅ ခု ဘုရားဆွမ်းတော်ကပ်လှူပါ။

ကြာသပတေး
ရွှေထည်ပစ္စည်းများ ဝင်မည်။ လုပ်ငန်းစီပွား တိုးတက်မည်။ လူချစ်လူခင် ပေါများမည်။ စားသောက် ဖွယ်ရာများ လက်ဆောင်ရမည်။ ကျန်းမာရေး အညံ့မရှိပါ။ ပညာရေးကတော့ ကြိုးစားအားထုတ်မှု နည်း၍မရပါ။ မေတ္တာရေးသည်ကား သင့်အတွက်ဖြောင့်ဖြူးပါလိမ့်မည်။
အကျိုးပေးသော အရောင် – အနီရောင်၊ အဝါရောင်
အကျိုးမပေးသော အရောင် – ပြောက်ကျား၊ အဖြူရောင်
အကျိုးပေးသော ဂဏန်းများ – ၁၊ ၄၊ ၇၊ ၉ ပါသောဂဏန်းများ
ယတြာ – မုန့်လုံးရေပေါ် ဘုရားဆွမ်းတော်ကပ်လှူပါ။

သောကြာ
ထီ ကံစမ်းသင့်သည်။ မြေ ဝင်မည်။ သင့်အတွက် အခွင့်အလမ်းကောင်းများစွာ ရရှိမည်။ လူငယ်များ ဘ၀အခြေအနေ မြင့်မားမည့်ကာလ ဖြစ်သည်။ ပညာရေး အဆင်ပြေမည်။ ကျန်းမာရေး အညံ့မရှိပါ။ မေတ္တာရေးသည်ကား သင့်အတွက်မနက်ဖြန်က လှပသာယာ နေလိမ့်မည်။
အကျိုးပေးသော အရောင် – အစိမ်းရောင်၊ အပြာရောင်
အကျိုးမပေးသော အရောင် – အဝါရောင်၊ လိမ္မော်ရောင်
အကျိုးပေးသော ဂဏန်များ – ၁၊ ၆၊ ၃၊ ၉ ပါသောဂဏန်းများ
ယတြာ – သစ်သီးကိတ်မုန့်ကိုလှီးဖြတ်ပြီး ဘုရားဆွမ်းတော်ကပ်လှူပါ။

စနေ
ရွှေထီးဆောင်းရမည့်ကာလသို့ ရောက်ရှိနေပါသည်။ မိတ်ဆွေများ၏ကူညီမစမှု ခံရမည်။ သင် ဖြစ်ချင်သော လုပ်ချင်သောကိစ္စများ အဆင်ပြေမည်။ အင်တာဗျူးဖြေခြင်း၊ ပညာရေးကိစ္စများကောင်းပါ မည်။ ကျန်းမာရေးအညံ့မရှိပါ။ မေတ္တာရေးသည်ကား ချစ်သူနှင့်ဘ၀တစ်ခုကိုတည်ဆောက်နိုင်ရမည်။
အကျိုးပေးသော အရောင် – အစိမ်းရောင်၊ အပြာရောင်
အကျိုးမပေးသော အရောင် – အဝါရောင်၊ အဖြူရောင်
အကျိုးပေးသော ဂဏန်းများ – ၂၊ ၅၊ ၆၊ ၁ ပါသောဂဏန်းများ
ယတြာ – မုန့်လုံးရေပေါ် ဘုရားဆွမ်းတော်ကပ်လှူပါ။

လိုအင်ဆန္ဒပြည့်ဝနိုင်ပါစေ
ဆရာရွှေစင်မြတ် (Geology)
ဝေဒလက္ခဏသုတေသီ