အမျိုးသားနှစ်ဦးထံမှ စိတ်ကြွဆေးပြား သုံးရာကျော်နှင့် ဘိန်းစာမှုန့်သုံးကီလို ကျော် ဖမ်းမိ

0
376

မြိတ်တွင် အမျိုးသားနှစ်ဦးထံမှ စိတ်ကြွဆေးပြား သုံးရာကျော်နှင့် ဘိန်း စာမှုန့် သုံးကီလိုကျော်ကို ဖမ်းမိခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ထံမှ သိရသည်။

မြိတ်တောင်ကျေးရွာအုပ်စု၊ ဘုရား ကိုင်ရပ်ကွက်ရှိ အသက် ၄၀ နှစ်အရွယ် အမျိုးသား၏ နေအိမ်ကို မူးယစ်ဆေး သတင်းအရ နိုဝင်ဘာလ ၂၅ ရက်က ဝင်ရောက်ရှာဖွေခဲ့ကြောင်း ရဲမှတ်တမ်း အရ သိရသည်။

ထိုသို့ရှာဖွေရာ အိပ်ရာဘေးတွင် ပလပ်စတစ်အိတ်ဖြင့်ထည့်ထားသည့် WYစိတ်ကြွဆေး ၁၆ ပြား၊ ပလပ်စတစ် ပုံးဖြင့် ထည့်ထားသည့် ဘိန်းစာမှုန့် ၃ ဒသမ ၃၆ ကီလိုဂရမ် နှင့် ဆေးရှူသည့် ကိရိယာကို တွေ့ရကြောင်း ရဲမှတ်တမ်း တွင် ဖော်ပြသည်။

မူးယစ်ဆေးများဖမ်းမိသည့် အမျိုးသား ကို စစ်မေးရာ အထက်ပါမူးယစ်ဆေး များကို မြိတ်မြို့၊ မြစ်ငယ်ရပ်ကွက်နေ အသက် ၃၀ နှစ်အရွယ် အမျိုးသားထံမှ ဝယ်ယူခဲ့သည်ဟု ထွက်ဆိုကြောင်း ရဲ မှတ်တမ်းအရ သိရသည်။

မူးယစ်ဆေးရောင်းချသူဟုဆိုသည့် အသက် ၃၀ အရွယ် အမျိုးသားကို မြစ်ငယ် ရပ်ကွက်ရှိ ဆံသဆိုင်တွင် ဝင်ရောက် ဖမ်းဆီးခဲ့ပြီး ရှာဖွေရာ WY စိတ်ကြွဆေး ၂၈၅ ပြား တွေ့ရကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

မူးယစ်ဆေးများ ဖမ်းမိသည့် အမျိုး သားနှစ်ဦးကို သက်ဆိုင်ရာ မူးစိတ်ပုဒ်မ များဖြင့် မြိတ်မြို့မရဲစခန်းတွင် အမှုဖွင့် ထားကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရသည်။

Dawei Watch