ထားဝယ်-ရန်ကုန် ခရီးသည်တင်မှန်လုံ တစ်စီး မီးလောင်

0
346

ထားဝယ်-ရန်ကုန်သို့ မောင်းနှင် လာသည့် ခရီးသည်တင်မှန်လုံကား တစ်စီးသည် မွန်ပြည်နယ်၊ မုဒုံမြို့နယ် တွင် မီးလောင်ခဲ့ကြောင်း မြို့နယ်မီးသတ် ဦးစီးဌာနနှင့် အရေးပေါ်လူမှုကယ်ဆယ် ရေးအဖွဲ့တို့ထံမှ သိရသည်။

နိုဝင်ဘာလ ၂၅ ရက် ည ၈ နာရီ အချိန်ခန့်က နယူးရွှေလီ ခရီးသည်တင် မှန်လုံယာဉ်သည် ကျိုက်ရွဲကျေးရွာ လက်ခပ်တောင်လမ်းမ မိုင်တိုင် ၂၁/၂ နှင့် ၂၂/၂ ကြားအရောက်တွင်မီးလောင် ခဲ့ခြင်း ဖြစ်သည်။

ကားနောက်အင်ဂျင်ခန်း အပူလွန်ကဲရာမှ ဝါယာရှော့ဖြစ်ပြီး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း မုဒုံမြို့နယ် မီးသတ် ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

မီးလောင်သွားသည့် နယူးရွှေလီ မှန်လုံယာဉ်ပေါ်တွင် သံဃာ ၁ ပါး၊ အမျိုးသမီး ၃ ဦး၊ အမျိုးသား ၆ ဦး၊ ယာဉ်မောင်းနှင့် ယာဉ်အကူ ၃ ဦး စုစု ပေါင်း ၁၃ ဦး လိုက်ပါလာသည်ဟု မုဒုံ မြို့နယ်အရေးပေါ်လူမှုကယ်ဆယ်ရေးအဖွဲ့မှ ကိုဆန်းလင်းဦးက ပြောသည်။

ယာဉ်မီးလောင်မှုကြောင့် ယာဉ်ပေါ် ပါလိုက်ပါလာသူများ ထိခိုက်ဒဏ်ရာ မရခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာန နှင့် အရေးပေါ်လူမှုကယ်ဆယ်ရေးအဖွဲ့ တို့ထံမှ သိရသည်။

အဆိုပါ မီးလောင်မှုဖြစ်စဉ်နှင့် ပတ်သက်ပြီး ယာဉ်အားမဆင်မခြင် မောင်း နှင်သူအား မုဒုံမြို့မရဲစခန်းမှ ယာဉ်(ပ) ၄၁၄၉၊ ၂၈၅^၂၀၁၉ ဖြင့် အမှုဖွင့်ထား ကြောင်း မုဒုံမြို့မရဲစခန်းထံမှ သိရသည်။

Dawei Watch