သရက်ချောင်းရေတံခွန် အပန်းဖြေနေရာ ပြန်မွမ်းမံမည်

0
547

သရက်ချောင်းရေတံခွန် အပန်းဖြေ နေရာကို ယခုနှစ် မိုးရာသီမတိုင်မီ ပြန်လည်ပြုပြင်မွမ်းမံရန် အတွက် ကျပ် သိန်းနှစ်ဆယ်ကျော်သုံးစွဲမည်ဖြစ်ကြောင်း မြို့နယ်စည်ပင် သာယာရေးအဖွဲ့ထံမှ သိရသည်။

သရက်ချောင်းရေတံခွန် အပန်းဖြေ နေရာတွင် ကွန်ကရစ်ခင်းခြင်း၊ နားနေ ဆောင်နှင့် ထိုင်ခုံများပြုလုပ်ခြင်း အပြင် ယခင်က ပြုလုပ်ထားသော ထိုင်ခုံများကို လည်း ပြန်လည်ပြုပြင်သွားမည်ဖြစ် ကြောင်း သရက်ချောင်းမြို့နယ် စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးတင်ဆွမ်က ပြောသည်။

“ကိုယ့်ဆီမှာ အင်ဂျင်နီယာရှိတော့ ဘိလပ်မြေတို့ ဘာတို့ကျတော့ ပစ္စည်း တင်ဒါပေးတယ်။ လုပ်တာကတော့ ကိုယ့်ဆီက အင်ဂျင်နီယာနဲ့ ကြီးကြပ်ပြီး လုပ်မယ်။ စမယ်ဆိုရင်တော့ မိုးမကျခင် လုပ်ဖြစ်မယ်”ဟု ဦးတင်ဆွမ်က ဆိုသည်။

ထားဝယ်ခရိုင်တွင် နွေရာသီ၌ ကမ်းခြေနှင့် ကျွန်းများသို့ လည်ပတ် ကြပြီး မိုးရာသီတွင် ရေတံခွန်များသို့သွားရောက်လည်ပတ်သူများနှင့် စည်ကား လျက်ရှိသည်။

သရက်ချောင်းရေတံခွန် လည်း မိုးရာသီတွင် စည်ကားသဖြင့် လာရောက်လည်ပတ်သူများ ရေကူးပြီး ပါက အပန်းဖြေနားနေရန်အတွက် ခရီး သည်နားနေဆောင်များ ဆောက်လုပ်မည် ဖြစ်ကြောင်း ဦးတင်ဆွမ်က ပြောသည်။

အဆိုလုပ်ငန်းဆောင်ရွက်ရန် အတွက် တိုင်းအစိုးရက ခွင့်ပြုငွေ ကျပ်သိန်း နှစ်ဆယ်ကျော် လျာထားပြီး ဘဏ္ဍာငွေ အပေါ် မူတည်ကာ အပန်းဖြေနားနေ ဆောင် ဆောက်လုပ်ခြင်းလုပ်ငန်း အသေး စိတ်ကို စည်ပင်သာယာရေးကော်မတီညှိ နှိုင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဦးတင် ဆွမ်က ပြောသည်။

သရက်ချောင်းရေတံခွန်ကို သာယာ လှပစွာ အပန်းဖြေနေရာများပြုလုပ် ပေးပါက ခရီးသည်များအတွက် များစွာ အဆင်ပြေမည်ဖြစ်ပြီး ယခင်ထက် ခရီးသွား ပိုများလာမည်ဖြစ်ကြောင်း သရက်ချောင်း မြို့နယ်မှ ဒေသခံအချို့က ပြောသည်။

Dawei Watch