မြိတ်ကင်းမွန်ပြုတ်ခြောက် တရုတ်သို့ အများဆုံးတင်ပို့

0
711

မြိတ်မြို့မှထုတ်လုပ်သည့် ကင်းမွန် ပြုတ်ခြောက်များအား တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့နေကြောင်း ယင်းလုပ်ငန်း လုပ်ကိုင်သူများ ထံမှသိရသည်။

အင်းလေးမြိုင်စက်မှုဇုန်အတွင်း ကင်းမွန်ပြုတ်ခြောက် ထုတ်လုပ်နေသည့် အလုပ်ရုံ ၁၀ ကျော်ရှိပြီး အားလုံးသည် ရန်ကုန်ဈေးကွက်မှတစ်ဆင့် တရုတ် နိုင်ငံသို့ တင်ပို့ကြောင်း ၎င်းတို့က ပြော သည်။

“ဟိုမှာက ဘယ်လိုလုပ်စားကြသလဲ ဆိုတာ အသေးစိတ်တော့ မသိဘူး”ဟု L G ကင်းမွန်ပြုတ်ခြောက် အလုပ်ရုံမှ မန်နေဂျာဦးရဲလင်းက ပြောသည်။

ကင်းမွန်ကုန်ကြမ်းရရှိရန် ပင်လယ် ပြင် လုပ်ငန်းခွင်အထိ သွားရောက်ဝယ်ယူ ရပြီး တစ်နေ့လျှင် အချိန် ၁၁ ပိဿာခန့်ရှိ ကင်းမွန်ဗန်း ၃၀၀ မှ ၈၀၀ ခန့်အထိ ဝယ်ယူရရှိကြောင်း ယင်းလုပ်ငန်းလုပ်ကိုင် သူများကဆိုသည်။

ကင်းမွန်များအနက် ကင်းမွန် အကောင် သေးများကို ဝယ်ယူကာ ပြုတ်ခြောက်ပြု လုပ်ကြောင်း ဦးရဲလင်းက ပြောသည်။

“စက်တင်ဘာကနေ ဧပြီလလောက် အထိပဲ လုပ်ရတယ်။ ကျန်တဲ့အချိန်က ကင်းမွန်ဖမ်းတာနားတဲ့ရာသီပေါ့”ဟု ၎င်းက ပြောသည်။

မြိတ်ကျွန်းစုပင်လယ်ပြင်မှထွက်ရှိ သည့် ကင်းမွန်များကို အအေးခန်းကား များဖြင့် ပြည်တွင်းသို့တင်ပို့မှုများရှိ သကဲ့သို့ ကုန်းလမ်းရေလမ်းဖြင့်လည်း ထိုင်းနိုင်သို့တင်ပို့ ရောင်းချလျက်ရှိ ကြောင်း ယင်းလုပ်ငန်းလုပ်ကိုင်ကြသူ များ ထံမှသိရသည်။

ကိုဆန်း