ကော့သောင်းမြို့ရှိ စိတ်ကျန်းမာရေး မကောင်းသူငါးဦးကို ရွာသာကြီးပို့

0
538

ကော့သောင်းမြို့ရှိ စိတ်ကျန်းမာရေး မကောင်းသည့် အမျိုးသားလေးဦးနှင့် အမျိုးသမီးတစ်ဦးတို့အား နိုဝင်ဘာလ ၂၅ ရက်က ရွာသာကြီးစိတ်ကျန်းမာရေး ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ပိတောက်ရွှေဝါရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်သက်နိုင်ထံမှ သိရသည်။

ရွာသာကြီးစိတ်ကျန်းမာရေးဆေးရုံ သို့ ပို့ဆောင်ပေးနိုင်ရန်အတွက် မြို့နယ် အုပ်ချုပ်ရေးမှူးအစည်းအဝေးတွင် တင်ပြ ပြီး မိတ်ဆွေတချို့၏ ငွေကြေးအကူ အညီများဖြင့် ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း ပိတောက်ရွှေဝါရပ်ကွက် အုပ်ချုပ် ရေးမှူး ဦးကျော်သက်နိုင်က ပြောသည်။

စိတ်ကျန်းမာရေးမကောင်းသူများ သည် ရပ်ကွက်များအတွင်း လူအများအား စိတ်အနှောင့်အယှက်ဖြစ်စေသည့် အပြုအမူများ ပြုလုပ်လေ့ရှိကြောင်း သိရသည်။

စိတ်ကျန်းမာရေးမကောင်းသူ အမျိုး သမီးမှာ ရပ်ကွက်အတွင်း ထမီခြုံကာ ကိုယ်လုံးတီးဖြင့် သွားလာခြင်း၊ လက်ဖက် ရည်ဆိုင်ရှိ ရေနွေးအိုးအား ပစ်ပေါက် ခြင်း၊ ကွမ်းယာဆိုင်ရှိ ထုံးအိုးအား ရိုက်ခွဲ ခြင်း၊ အထည်ဆိုင်ရှိ အဝတ်အစားများ အား ယူငင်ကာ ဝတ်ဆင်ခြင်း စသဖြင့် ပြုလုပ်လေ့ရှိကြောင်း အုပ်ချုပ်ရေးမှူး ဦးကျော်သက်နိုင်က ပြောပြသည်။

“အဆိုးရွားဆုံးတစ်ခုက မိန်းကလေး တစ်ယောက် ဆိုင်ကယ်စီးလာတာကို လမ်းဘေးကနေ ဆိုင်ကယ်ကို ဆွဲလိုက် တာ”ဟု အုပ်ချုပ်ရေးမှူး ဦးကျော်သက်နိုင်က ပြောသည်။

ဆိုင်ကယ်ပေါ်ပါ မိန်းကလေးမှာ မေ့မြောပြီး ဆေးရုံတွင် နှစ်ညတိုင် ဆေးဝါး ကုသမှုခံယူခဲ့ရကြောင်း အုပ်ချုပ်ရေးမှူး ၎င်းက ပြောသည်။

ထို့ပြင် ဒေါသကြီးသည့် စိတ်ကျန်းမာ ရေးမကောင်းသူ အမျိုးသားတစ်ဦးမှာ သံချောင်းပိုင်းအား ကိုင်ဆောင်လေ့ရှိပြီး ကားမှန်ရိုက်ခွဲခဲ့ဖူးကြောင်း ၎င်းက ဆို သည်။

ယင်းကဲ့သို့ လူအများအား စိတ်အနှောင့် အယှက်ဖြစ်စေသည့်အပြင် အန္တရာယ်ရှိနိုင် လာနိုင်သည့်အတွက် စိတ်ကျန်းမာရေး မကောင်းသူများကို ဆေးရုံသို့ ပို့ဆောင် ပေးခဲ့ခြင်းဖြစ်ပြီး ကျန်းမာရေးကောင်းမွန်လာပါကဆေးရုံမှပြန်လည်အကြောင်း ကြားချိန်တွင် သွားရောက်ခေါ်ယူပေးရမည်ဖြစ်ကြောင်း အုပ်ချုပ်ရေးမှူး ဦးကျော်သက်နိုင်က ပြောသည်။

မြင့်မိုရ်(မြိတ်)