ကျောင်းမုန့်ဈေးတန်းများတွင် အသင့်စားမုန့်ကင်းစင်ရမည်

0
1055

အခြေခံပညာကျောင်းများရှိ ကျောင်း မုန့်ဈေးတန်းများတွင် အသင့်စားမုန့်များ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် အသင့်စား မုန့်ကင်းစင်ရေးစီမံရန် အခြေခံပညာဦးစီးဌာနက နိုဝင်ဘာ ၇ ရက်က ညွှန်ကြားလိုက်သည်။

အခြေခံပညာကျောင်းများတွင် အသင့်စားမုန့်ကင်းစင်သည့် ကျောင်းမုန့် ဈေးတန်းများ ဖြစ်ပေါ်လာစေရန်နှင့် ဘေးကင်းသောအစားအစာများ ရွေးချယ်ဝယ်ယူစားသောက်နိုင်ရေး အတွက် ကျောင်းမုန့်ဈေးတန်းကြီးကြပ်မှုကော်မတီဖွဲ့စည်းကာ ကြီးကြပ်ဆောင်ရွက်ရန် ညွှန်ကြား ချက်တွင် ဖော်ပြပါရှိသည်။

အသင့်စားမုန့်ကင်းစင်ရေးနှင့်ပတ် သက်ပြီး ညွှန်ကြားစာကို သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံးမှ တစ်ဆင့် သက် ဆိုင်ရာကျောင်းအုပ်ကြီးများထံသို့ ပြန် လည်ညွှန်ကြားထားပြီးဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး တိုင်းပညာရေး မှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိုးမိုးအေးက ပြောသည်။

“ဆရာမကြီးတို့က အမိန့်ပေးပြီး တားမြစ်လို့ မရဘူး။ အဓိကလုပ်နိုင်တာက ကျောင်းအုပ်ကြီးပဲ၊ ဒီဟာမရောင်းနဲ့ ဒီဟာ မရောင်းနဲ့။ နောက်ရောင်းရင် ငါသိမ်း မယ်ဆိုတာက ကျောင်းအုပ်ကြီးမှာ အခွင့်အာဏာကအပြည့်ရှိပြီးသား။ ဒါ ကြောင့် ဒီကော်မတီဖွဲ့လိုက်တယ်ဆို တာက ကျောင်းအုပ်ကြီး ဥက္ကဋ္ဌဆိုတော့ ကျောင်းအုပ်ကြီးကနေပြီးတော့ အဓိက လုပ်ရမှာ”ဟု ဒေါ်မိုးမိုးအေးက ဆိုသည်။

ကျောင်းမုန့်ဈေးတန်းကြီးကြပ်မှု ကော်မတီကို ကျောင်းအုပ်ကြီးက ဥက္ကဋ္ဌ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးစီးဌာန၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့၊ ကျောင်း သားမိဘ၊ ဆရာ ဆရာမများ၊ ကျောင်း သား ကျောင်းသူများ၊ ကျောင်းကျန်းမာ ရေးတာဝန်ခံက အတွင်းရေးမှူး စသဖြင့် လိုအပ်သလို ဖွဲ့စည်းရန်၊ ကျောင်းမုန့်ဈေး တန်းများကို နေ့စဉ်စောင့်ကြည့်ခြင်း၊ ရှောင် တခင်ဝင်စစ်ခြင်းများပြုလုပ်ရမည်ဟု ညွှန်ကြားချက်တွင် ဖော်ပြပါရှိသည်။

အခြေခံပညာကျောင်းသား ကျောင်းသူများတွင် ငယ်ငယ်ရွယ်ရွယ်နှင့် ဆီးချို၊ နှလုံး၊ ကျောက်ကပ်ပျက်စီးပြီး ကျောက်ကပ်ဆေးရသည့်အခြေအနေ များ၊ ကျောက်ကပ်ရောဂါ၊ လေဖြတ် ရောဂါ၊ ကင်ဆာရောဂါစသည့်ရောဂါ များမှာ အသင့်စားမုန့်စားသုံးခြင်းများ ကြောင့်ဖြစ်သည်ကို လေ့လာတွေ့ရှိရ သည်ဟု စားသုံးသူကာကွယ်ရေးအသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ပြောကြားသည်။

ယင်းကြောင့် ကျောင်းသားကျောင်း သူများအတွက် ဒုတိယမီးဖိုချောင်ဖြစ် သည့် ကျောင်းမုန့်ဈေးတန်းများတွင် အသင့်စားမုန့်များရောင်းချခြင်းကို ပိတ်ပင်ရန် အခြေခံပညာဦးစီးဌနနှင့် ပူးပေါင်းကာ နိုဝင်ဘာ ၂၅ ရက်မှ စတင် ကာ ရန်ကုန်မြို့ရှိ အခြေခံပညာကျောင်း များတွင် ကျောင်းမုန့်ဈေးတန်းကြီးကြပ်ရေးကော်မတီမှ ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်ဟု ဦးဗအုပ်ခိုင်က ပြောသည်။

အာလူးကြော်၊ ငါးမုန့်ကြော်၊ ဘယာကြော်၊ ကြက်သွန်ကြော်၊ လေ ဖောင်းမုန့်များ၊ ဆိုးဆေးပါသည့် သကြား လုံး၊ ပီကေ၊ ကဖိန်းဓာတ်များသည့် အားဖြည့်အချိုရည်များကို ရောင်းချခွင့် ပိတ်ပြီး ဘေးထွက်ဆိုးကျိုးနည်းသည့် ဘီစကစ်၊ ကိတ်မုန့်၊ ပေါင်မုန့်၊ ကွတ်ကီး တို့တွင် ထုတ်လုပ်ရက်၊ ကုန်ဆုံးရက်၊ ပါဝင်ပစ္စည်းတို့ပါသဖြင့် ရောင်းချခွင့် ပြုပေးထားသည်ဟု ၎င်းက ပြောသည်။

အင်အားဖြည့်အချိုရည်ကဲ့သို့ အချို ရည်နှင့် ကလေးများအတွက် ဘေးကင်း လုံခြုံမှုမရှိသည့် အစားအစာများကိုမူ ကလေးများအတွက် မသင့်တော်ဟု ယူဆပါက ရောင်းချခွင့်ပေးမည်မဟုတ် ကြောင်း ဦးဗအုပ်ခိုင်က ပြောသည်။

“အင်အားဖြည့်အချိုရည်တွေ ဘာတွေမှာတော့ FDA ကထောက်ခံ ထားတာတွေဘာတွေရှိပါတယ်။ FDA ကထောက်ခံထားရင် သူတို့အပြင်မှာ ရောင်းလို့ရပါတယ်။ ကျောင်းမုန့်ဈေးတန်း အဝန်းအဝိုင်းထဲမှာတော့ FDA ကထောက် ခံသည်ဖြစ်စေ၊ မထောက်ခံ သည်ဖြစ်စေ ကန့်သတ်ထားတဲ့ မုန့်တွေဆိုရင် ရောင်း ခွင့်မပေးပါဘူး”ဟု ဦးဗအုပ်ခိုင်က ဆို သည်။

ယင်းစီမံချက်သည် FDA ကခွင့်ပြု ခြင်း မပြုခြင်းနှင့် မသက်ဆိုင်ဘဲ ကလေး များနှင့် သင့်တော်ခြင်း မသင့်တော်ခြင်း နှင့်သာ သက်ဆိုင်သည်ဟု ၎င်းက ဆို သည်။

မသန့်ရှင်းသောမုန့်များရောင်းချ ခြင်း၊ သန့်ရှင်းမှုအားနည်းခြင်း၊ ကျောင်း မုန့်ဈေးတန်းတွင်ရောင်းချသည့် ဈေး သည်များအား တစ်ကိုယ်ရည်ကျန်းမာရေး စစ်ဆေးခြင်း၊ ကူးစက်ရောဂါ၊ စနစ်တကျ ရောင်းချမှု ရှိ၊ မရှိစသည်တို့ကို ကော်မတီ မှ စစ်ဆေးဆောင်ရွက်ရန် ပညာရေး ဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနက ညွှန်ကြားထားသည်။

သက်ဆိုင်ရာ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ မြန်မာနိုင်ငံစားသုံးသူကာ ကွယ်ရေးအသင်းတို့နှင့် ပူးပေါင်း၍ ကျောင်းသူကျောင်းသားများ၊ မိဘများ နှင့် ပူးပေါင်းကာ အသိပညာပေးဟောပြော ပွဲများနှင့် လက်ကမ်းစာစောင်များဝေငှ ခြင်းများပြုလုပ်ရန်စသည့် အချက်များ ဖော်ပြပါရှိသည်။

တစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်း များတွင် အသင့်စားမုန့်ကင်းစင်ရေးစီမံ ချက်ကို ပညာရေးဌာနနှင့် ပူးပေါင်းလုပ် ဆောင်ခြင်းဖြစ်ပြီး ရေးနှင့် ထားဝယ်တွင် စားသုံးသူကာကွယ်ရေးအသင်း ရုံးခွဲများ ဖွင့်လှစ်ပေးရန် တောင်းဆိုထားကြောင်း အထက်ပါအသင်းထံမှ သိရသည်။

မိုးမြင့်