ခုနစ်ရက်သားသမီးများအတွက် တစ်ပတ်စာဗေဒင် ဟောကိန်း

0
759
Bay-Din

၂ – ၁၂ -၂၀၁၉ မှ ၈ – ၁၂ -၂၀၁၉ အထိ

တနင်္ဂနွေ
လုပ်ငန်းနေရာ ပြောင်းလဲခြင်း၊ အလုပ်လုပ်နေရင်း စိတ်မသက်သာဖြစ်ခြင်းများ ကြုံရတတ် သည်။ မြေ ဝင်မည်။ ခရီးဝေးများ သွားနေရတတ်သည်။ ပညာရေး အင်တာဗျူးသင်တန်းတက်ခြင်း ကိစ္စများအဆင်ပြေမည်။ မိမိအိမ်ရှိ ဖခင်၊ ဦးကြီးကျန်းမာရေး ဂရုပြုရမည်၊၊ မေတ္တာရေးသည် ကား မိမိဆန္ဒများတစ်ထပ်တည်းမကျရောက်သေးသော ကာလမျိုးဖြစ်သည်။
အကျိုးပေးသော အရောင် – အနက်ရောင်၊ အဝါရောင်
အကျိုးမပေးသော အရောင် – အနီရောင်၊ ခဲပုပ်ရောင်
မစားသင့်သော အစားစာ – ကောက်ညှင်း၊ ဇီးသီး
ယတြာ – သင်္ဘောသီးမှည့်ကို အစိပ်စိပ်ပုံ၍ ဘုရားဆွမ်းတော် ကပ်လှူပါ။

တနင်္လာ
ဘာပဲလုပ်လုပ် လုပ်ငန်းများ အောင်မြင်မည်။ ခရီးမကြာခဏ ထွက်နေရတတ်သည်။ အင်တာဗျူးဖြေခြင်း၊ စာမေးပွဲကိစ္စများ အဆင်ပြေမည်။ သင်ကံကောင်းသောကာလသို့ ရောက်ရှိနေပါသည်။ လူလိမ်ခံရတတ်သည်မို့ အထူးသတိထားပါ။ ပန်ကာ၊ aircon စသော စက်ပစ္စည်းများ ဝင်မည်။ မေတ္တာရေးသည်ကား စိတ်ညစ်တာခဏဖြစ်ပေမယ့် ချစ်ရတာ ထာ၀ရ ဖြစ်ပါမည်။
အကျိုးပေးသော အရောင် – အစိမ်းရောင်၊ အနီရောင်
အကျိုးမပေးသော အရောင် – လိမ္မော်ရောင်၊ အဝါရောင်
မစားသင့်သော အစားစာ – ဘဲသား ၊ မုန့်ဟင်းခါး
ယတြာ – သရက်သီးမှည့်ကိုအစိပ်စိပ်ပြု၍ ဘုရားဆွမ်းတော်ကပ်လှူပါ။


အင်္ဂါ
မြေ ဝင်မည်။ ဘုရားဖူးခရီးများ သွားရမည်။ စိန်ထည်၊ စက်ပစ္စည်းများဝင်မည်။ သင်ကံကောင်း သော ကာလသို့ရောက်ရှိနေပါသည်။ သို့သော်မိတ်ဆွေများ ပျက်သောကာလလည်း ဖြစ်သည်။ သွား၊ ခံတွင်းနှင့်ပတ်သက်၍ ကျန်းမာရေး ဂရုပြုရမည်။ လူငယ်များ ပညာရေးကောင်းပါမည်။ မေတ္တာရေးသည်ကား သာယာလှပသောဘ၀တစ်ခုကို တည်ထောင်နိုင်မည်။
အကျိုးပေးသော အရောင် – လိမ္မော်ရောင်၊ အစိမ်းရောင်
အကျိုးမပေးသော အရောင် – အနက်ရောင်၊ ခရမ်းရောင်
မစားသင့်သော အစားစာ – ဒညင်းသီး၊ ဒန်ပေါက်
ယတြာ – နဂါးမောက်သီးကိုအစိပ်စိပ်ပြု၍ ဘုရားဆွမ်းတော် ကပ်လှူပါ။

ဗုဒ္ဓဟူး
ယခုလအတွင်း အိုးသစ်အိမ်သစ်များ တည်ဆောက်ရခြင်း၊ ဝယ်ခြင်းဖြစ်တတ်သည်။ စီးပွား လာဘ်လာဘများ တိုးမည်။ ဇိမ်ခံပစ္စည်းများ ဝင်မည်။ ကျန်းမာရေး ဂရုပြုရမည်။ ပညာသင် ပညာရှာဖွေသူများ အဆင်ပြေမည်။ မေတ္တာရေးသည်ကား မိမိတောင့်တသည့်နေ့ရက်များ မကြာခင်ရောက်လာတော့သည်။
အကျိုးပေးသော အရောင် – ပြောက်ကျား၊ အပြာရောင်
အကျိုးမပေးသော အရောင် – အစိမ်းရောင်၊ အဝါရောင်
မစားသင့်သော အစားစာ – ငါးချဉ်၊ ကင်းမွန်
ယတြာ – ပရဟိတကျောင်းများ၌ အလှူငွေထည့်ပါ။

ကြာသပတေး
မြေ ရောင်းခြင်း၊ ခြံရောင်းမည့်ကိစ္စများ အဆင်ပြေမည်။ မြောက်အရပ်သို့ ခရီးသွားရမည်။ တယ်လီဖုန်း (သို့)ရွှေ ဝင်မည်။ ပညာရေးကတော့ ကြိုးစားနေရမည်။ ကျန်းမာရေး ဂရုစိုက်ရမည်။ လုပ်ငန်းကတော့ အဆင်ပြေသွားလိုက်မပြေလိုက် ဖြစ်နေတတ်သည်။ မေတ္တာရေးသည်ကား မိမိတောင့်တနေသော မင်္ဂလာအခါသို့ရောက်ရှိလာပြီဖြစ်၏။
အကျိုးပေးသော အရောင် – အဝါရောင်၊ ပြောက်ကျား
အကျိုးမပေးသော အရောင် – အနီရောင်၊ ခဲပုပ်ရောင်
မစားသင့်သာ အစားစာ – ထောပတ်၊ ဘဲသား
ယတြာ – ဖရဲသီးကိုအစိပ်စိပ်ပြု၍ ဘုရားဆွမ်းတော်ကပ်လှူပါ။

သောကြာ
ထီ(သို့)ထီနှင့်အလားတူ ငွေဝင်မည်။ နိုင်ငံခြားခရီးများ သွားရတတ်သည်။ ကံကောင်း၍လိုရာ ဆန္ဒပြည့်မည်။ အဆင်ပြေမည်။ ပညာရေးကတော့မျှော်မှန်းချက်များ ပြည့်၀မည်။ ကျန်းမာရေး အညံ့မရှိပါ။ မေတ္တာရေးသည်ကား ချစ်သူကိုပိုင်ဆိုင်ရမည်။
အကျိုးပေးသော အရောင် – အဖြူရောင်၊ အနက်ရောင်
အကျိုးမပေးသော အရောင် – အဝါရောင်၊ အစိမ်းရောင်
မစားသင့်သော အစားစာ – ဆီထမင်း၊ သီဟိုစေ့
ယတြာ – သစ္စာပန်း ဘုရားတွင် ကပ်လှူပါ။

စနေ
အမွေအနှစ် ရရှိတတ်သည်။ စပ်တူရှယ်ယာကိစ္စများ အဆင်ပြေမည်။ ပညာရေးကိစ္စ ကောင်းမည်။ ရွှေထည်ပစ္စည်း ဝင်မည်။ စိတ်ချမ်းသာကိုယ်ကျန်းမာ ဖြစ်မည်။ စက်ပစ္စည်းများ သတိထားပါ။ မေတ္တာရေးသည်ကား ချစ်သူနှင့် တွဲလက်များခိုင်မြဲနေမည်။
အကျိုးပေးသော အရောင် – အနက်ရောင်၊ အဝါရောင်
အကျိုးမပေးသော အရောင် – အနီရောင်၊ အစိမ်းရောင်
မစားသင့်သော အစားစာ – ချဉ်ပေါင်၊ ငရုတ်သီး
ယတြာ – ရွှေရင်အေးမုန့် ဘုရားဆွမ်းတော် ကပ်လှူပါ။

လိုရာဆန္ဒပြည့်၀နိုင်ပါစေ
ဆရာရွှေစင်မြတ်(Geology)
ဝေဒလက္ခဏသုတေသီ