သစ်တော သစ်ပင်မှရသော အကျိုး ၂၁ ချက်

0
3292

သစ်ပင်က အရေးကြီးတယ်။ အကျိုး ရှိတယ်လို့ ပြောကြပါတယ်။ ဒါပေမဲ့ ဘယ်လောက်ထိ အရေးကြီး အကျိုးရှိတယ် ဆိုတာ ဆစ်ပိုင်းပြီး သေသေချာချာ ပြော တာမျိုးက ရှားပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာတော့ သစ်ပင်ကရတဲ့ အကျိုး ၂၁ ချက်ကို ကြည့်ရအောင်ပါ။ အများသိ ပြီးသား အချက်တွေလည်း ပါသလို ထူးခြားပြီး လူသိနည်းတဲ့ အချက်တွေ လည်းပါပါတယ်။

၁။ ဥတုဘေးကို ကာကွယ်ပေးတယ်

နှစ်ပေါင်းများစွာကတည်းက ကာဗွန် ဒိုင်အောက်ဆိုက်တွေ အလွန်အကျွံထွက် နေပြီး ကမ္ဘာ့လေထု အန္တရာယ်ရှိလာပါ တယ်။ အဲဒါကြောင့်ပဲ ရာသီတုပူနွေးမှုတွေ ဖြစ်လာပြီး ကမ္ဘာကြီးဟာ ဥတုဘေးဒဏ် သင့်လာပါတယ်။ သစ်ပင်တွေက ကာဗွန် ဒိုက်အောက်ဆိုက်ကို စုပ်ယူထားနိုင်ပါ တယ်။ နောက်ပြီး သန့်ရှင်းတဲ့လေကို ထုတ်ပေးပါတယ်။ သစ်တောကောင်း တစ်ဧကဟာ ကားတစ်စီး မိုင် ၂၆၀၀၀ လောက်မောင်းပြီး ထွက်လာတဲ့ ကာဗွန်ဒိုင်အောက်ဆိုက် ကို စုပ်ယူပေးထားနိုင်ပါတယ်။

၂။ လေကို သန့်ပေးတယ်

သစ်ပင်တွေဟာ အနံ့ဆိုးတွေ၊ ညစ်ညမ်းတဲ့ ဓာတ်တွေ (နိုထရိုဂျင် အောက်ဆိုက်၊ အမိုးနီးယား၊ ဆာလဖာဒိုက် အောက်ဆိုင်နဲ့ အိုဇုန်း) တွေကို စုပ်ယူ ထားနိုင်ပါတယ်။ နောက်ပြီး ဖုန်လိုမျိုး အမှုန်အမွှားတွေကို သူတို့ သစ်ပင်၊ သစ်ခေါက်တွေက ထိန်းထားပြီး လေစစ် သဖွယ် ပြုပါတယ်။ သန့်တဲ့လေတွေ ဖြစ်စေပါတယ်။

၃။ အောက်ဆီဂျင်ကို ထုတ်ပေးတယ်

လူခန္ဓာကိုယ် သုံးပုံနှစ်ပုံနီးနီးဟာ အောက်ဆီဂျင်နဲ့ ဖွဲ့ထားတာပါ။ အသက် ရှုဖို့ပဲ ဖြစ်ဖြစ်၊ လူ့ခန္ဓာကိုယ် ဇီ၀ဖြစ်စဉ် ပုံမှန်လည်ပတ်ဖို့ပဲ ဖြစ်ဖြစ် အောက်ဆီဂျင်က အတော်ကိုအရေးပါတယ်။ သစ်တော ကောင်း တစ်ဧကဟာ တစ်နှစ်မှာ လူ ၁၈ ဦးစာ ရှုနိုင်တဲ့ အောက်ဆီဂျင်ကို ထုတ်ပေး ပါတယ်။

၄။ အေးမြစေတယ်

မြို့ပြတွေမှာဆို ပိုပြီးသိသာပါတယ်။ အဆောက်အအုံတွေဆောက်တယ်။ ကွန် ကရစ်တွေ ခင်းတယ်။ လမ်းကြီးတွေ ခင်း တယ်။ အဲဒါတွေက အပူကို စုပ်ထားပြီး အပူပြန်လွှတ်ပေး တာတွေပါ။ အမေရိကန် ပြည်ထောင်စုက လော့စ်အင်ဂလိတ်မြို့ မှာ ပြီးခဲ့တဲ့ နှစ် ၅၀ အတွင်း သစ်ပင်တွေ လျော့လာလိုက်တာ ၆ ဒီဂရီ ဖာရင်ဟိုက် လောက် ပိုပူလာတယ်တဲ့။ သစ်ရွက်ကလေး တွေက အပူတွေ စုပ်နိုင်ပြီး ရေငွေ့လေး တွေ လွှတ်ပေးတဲ့ အလုပ်ကိုလုပ်ပေးပါ တယ်တဲ့။ ဒီတော့ မြို့တွေမှာ သစ်ပင်တွေ များများစိုက်ခြင်းအားဖြင့် မြို့ပြအပူတောကြီးကို သက်သာရာ ရစေပါတယ်။

၅။ စွမ်းအင်ကို ချွေတာရာ ရောက်တယ်

အိမ်ဘေးပတ်လည်မှာ သစ်ပင် ကောင်းသုံးပင်ရှိတာနဲ့ကို နွေကျရင် အိမ်မှာ အဲယားကွန်း လိုအပ်ချက် ၅၀ ရာခိုင်နှုန်းအထိ သက်သာစေပါတယ်။ စွမ်းအင်လိုအပ်ချက် နည်းလာတာ၊ လေးအေးပေးစက်တွေ ဖွင့်တာ နည်းလာတာနဲ့ အမျှ အဲဒီစက်တွေကနေ ကာဗွန်ဒိုင်အောက်ဆိုက်နဲ့ ညစ်ညမ်းဓာတ်ငွေ့ တွေ လွှတ်ထုတ်တာ နည်းသွားစေပါတယ်။

၆။ ရေမဆုံးစေဘူး

သစ်ပင်အရိပ်တွေဟာ မြေပြင်ကနေ ရေငွေ့ပျံခြင်းကို ထိန်းထားပေးပါ တယ်။ ဒီနည်းနဲ့ မြေပြင်မှာ ရေပိုရှိနေစေ တယ်။ နောက်ပြီး လေထုအစိုဓာတ်၊ အအေးဓာတ်ကိုလည်း ပိုစေပါတယ်။

၇။ ရေညစ်ညမ်းမှုကိုလည်း ကာကွယ် ပေးတယ်

မိုးရွာရင် မြေပေါ်ကို မိုးရေ တိုက်ရိုက် မကျအောင် သစ်ပင်တွေက ကာထားပေး ပါတယ်။ ဒါကြောင့် သစ်ပင်တွေ ရှိရင် မိုးကြောင့် မြေပေါ်မှာ ရေကြီးတာ၊ လျှံတာတွေ နည်းစေပါတယ်။ နောက်ပြီး ပင်စည်တွေကနေ တစ်ဆင့် မြေပေါ်၊ အဲဒီကနေ မြေထုထဲကို စီးပါတယ်။ ဒါကြောင့် သစ်ပင်ရှိရင် မြစ်တွေ ချောင်း တွေထဲကို ညစ်ပတ်နေတဲ့ ရေတွေ တဝေါဝေါ စီးတာတွေ မဖြစ်တော့ပါဘူး။ နောက်ပြီး သစ်ပင်တွေဟာ ရေမြှုပ်လိုမျိုး ရေကို ထိန်းထားပြီး စစ်ထုတ်၊ တဖြည်းဖြည်း ပြန်လွှတ်ထုတ်ပေးပါတယ်။ ဒီလိုနည်းနဲ့ သန့်ရှင်းတဲ့ ရေသန့်ကို ရပါတယ်။ နောက် ပြီး မြေအောက်ရေကိုလည်း ထိန်းထားပေးပါတယ်။

၈။ မြေတိုက်စားမှုကို ကာကွယ်ပေးတယ်

သစ်ပင်၊ သစ်တောတွေဟာ တောင် စောင်းတွေမှာပဲ ဖြစ်ဖြစ်၊ မြစ်ကမ်းချောင်း ကမ်းတွေမှာပဲ ဖြစ်ဖြစ် မြေတိုက်စားမှုကို ကာကွယ်ပေးပါတယ်။ သစ်ပင်ကြောင့် ရေတွေ မြေကိုစားပြီး ဒလဟော စီးလို့မရ တော့ပါဘူး။ ဒီလိုနည်းနဲ့ မြေကို ထိန်း ထားပေးပါတယ်။

၉။ ခရမ်းလွန်ရောင်ခြည်ကနေ ကာကွယ် ပေးတယ်

အမေရိကန်ပြည်ထောင်စုမှာဆိုရင် အဖြစ်များတဲ့ ကင်ဆာရောဂါတွေထဲမှာ အရေပြားကင်ဆာလည်း ပါပါတယ်။ မြန်မာနိုင်ငံမှာတော့ ၂၀၁၇ ခုနှစ်တုန်းက အရေပြားကင်ဆာနဲ့ လူ ၅၈၀ ကျော် သေဆုံးခဲ့ပါတယ်။ သစ်ပင်တွေက အရေပြားကင်ဆာဖြစ်စေတဲ့ခရမ်းလွန် ရောင်ခြည်ဒဏ်ကနေ ၅၀ ရာခိုင်နှုန်း အထိ ကာကွယ်ပေးပါတယ်။ ဒါကြောင့် ကလေးတွေ ခရမ်းလွန်ရောင်ခြည်နဲ့ တိုက်ရိုက်မထိနိုင်အောင် စာသင်ကျောင်း တွေက ကစားကွင်းတွေမှာ သစ်ပင်ရှိကို ရှိဖို့လိုပါတယ်။

၁၀။ အစာပေးတယ်

ဒါကတော့ ပြောစရာကို မလိုတော့ ပါဘူး။ သစ်ပင်တွေဟာ လူတွေအတွက် အစားအစာအပြင် ကမ္ဘာမြေကြီး သဟ ဇာတဖြစ်စွာ ရှင်သန်လည်ပတ်နေဖို့ အရေး ကြီးတဲ့ ငှက်တွေ၊ အခြား သားကောင်လေး တွေ အတွက်လည်း အစာထုတ်ပေးပါတယ်။

၁၁။ အနာရောဂါကိုလည်း သက်သာစေတယ်

ဒါက သစ်ပင်က အရွက်တွေ၊ အခေါက်တွေ၊ အမြစ်တွေကို ဆေးအဖြစ် သုံးပြီး ကူတာမျိုးကို ပြောတာ မဟုတ်ပါ ဘူး။ လေ့လာချက်တွေအရ လူနာတစ်ဦး ဟာ သူနေထိုင်ဆေးကုသနေတဲ့ အခန်း ပြတင်းပေါက်ကနေ သစ်ပင်၊ သစ်တော တွေကို မြင်နေရရင် ရောဂါပျောက်တာ ပိုမြန်တယ် လို့ဆိုပါတယ်။ သဘာ၀နဲ့ ထိတွေ့နေတဲ့ ကလေးတွေဟာလည်း အတ္တကြီးတာ၊ အခြားသူတွေကို ဂရုမစိုက် တတ်တာ၊ နှောင့်ယှက်တတ်တာ၊ တစ်ခုခု ကို ပြီးမြောက်အောင် မလုပ်နိုင်တာ၊ ဦးတည်ရာ မဲ့တာ စတဲ့ ကလေးတွေမှာ ဖြစ်တတ်တဲ့ စိတ်ကစဉ့်ကလျားရောဂါ လက္ခဏာတွေ အဖြစ်နည်းတယ်လို့ဆိုပါတယ်။ အာရုံစူးစိုက်မှု အားနည်းပြီး အရမ်းတက်ကြွတဲ့ ADHD ကလေးတွေ လို့ ခေါ်ပါတယ်။ သစ်ပင်နဲ့ သဘာ၀ကြောင့် စိတ်ပင်ပန်း နွမ်းနယ်တာတွေကို ပြေပျောက်စေတယ်လို့ ဆိုပါတယ်။

၁၂။ အကြမ်းဖက်မှုကို လျော့ကျစေတယ်

လွင်တီးခေါင်မြေ၊ တနည်းအားဖြင့် သစ်ပင်ဥယျာဉ်မရှိတဲ့ မြေမှာ ရှိတဲ့ နေအိမ် တွေမှာ အတွင်းရော၊ အပြင်ရော အကြမ်း ဖက်တာတွေ တော်တော်အဖြစ်များပါ တယ်။ သစ်ပင် သစ်တောတွေနဲ့ ရောပြီး တည်နေတဲ့ အိမ်တွေမှာတော့ အဲလို မဟုတ်ပါဘူး။ ကြောက်စိတ်တွေကို လျော့ပါးစေပြီး နူးညံ့စေပါတယ်။

၁၃။ သစ်ပင်တွေက ရာသီတွေကို ပြောင်းတယ်

အထူးသဖြင့် အေးတဲ့နိုင်ငံတွေ မှာဆို ပိုသိသာပါတယ်။ အေးတဲ့နိုင်ငံ တွေမှာ နွေရာသီရောက်ရင် အပင်တွေ ဟာ စိမ်းစိုနေတတ်ပြီးတော့ ဆောင်းမှာဆို အရွက်တွေကြွေ၊ ဝါပြီး အပင်တွေ ရိုးတံကျဲနေတတ်ပါတယ်။ မြန်မာပြည် မှာကတော့ နွေဆိုရင် အရွက်တွေ ကြွေပါတယ်။

၁၄။ စီးပွားလည်း ဖြစ်ထွန်းစေတယ်

သီးနှံဥယျာဉ်ခြံတွေကနေ တစ်ဆင့် လည်း ဝင်ငွေဖန်တီးပေးပါတယ်။ အဲဒါ အပြင် မြို့ပြတွေမှာ သစ်ပင်စိုက်ပျိုးတဲ့ လုပ်ငန်းတွေ၊ မြေနဲ့ အပင်အလှဆင် လုပ်ငန်းတွေကနေ တစ်ဆင့်လည်း ဝင်ငွေ ဖြစ်ထွန်းနိုင်ပါတယ်။ စီးပွားရေးနဲ့ အလုပ် အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးပါတယ်။

၁၅။ ကစားဖော်တွေ၊ ဆရာတွေဖြစ်တယ်

ကလေးတွေအတွက် အပင်တွေဟာ ကစားဖော်တွေ ဖြစ်သလိုမျိုးပဲ လူကြီး တွေအတွက် ဖန်တီးကြံဆမှုတွေပေး တယ်။ စိတ်ပိုင်းဆိုင်ရာ ခွန်အားလည်း ဖြစ်စေပါတယ်။ လူ့သက်တမ်းတစ် လျှောက်လုံး အနားယူဖို့၊ စိတ်ခွန်အား ဖြည့်တင်းဖို့ အပင်တွေက ကူပေးနိုင်ပါ တယ်။

၁၆။ လူတွေကို သဟဇာတ ဖြစ်စေတယ်

ဘယ်လို အသက်အရွယ်၊ လူမျိုး၊ ဘာသာ၊ အသားအရောင်ဖြစ်စေကာမူ သစ်ပင်အတူတူ စိုက်ပြီး စည်းလုံးသွား အောင် အပင်တွေက စွမ်းနိုင်တယ်။ အပင်စိုက်တာဟာ အားလုံးတာဝန်ရှိတာ မို့ အပင်အတူတူစိုက်ခြင်း၊ အပင်အတူတူ ပြုစုခြင်းနဲ့ မတူကွဲပြားတဲ့ လူတွေကို စုစည်းသဟဇာတ ဖြစ်စေပါတယ်။ ဒီလိုပဲ အပင်စိုက်ပြီး၊ အပင်တွေပြုစုပြီး အတူတကွ ဂုဏ်ယူလို့ရပါတယ်။

ကလေးတွေအတွက် အပင်တွေဟာ ကစားဖော်တွေ ဖြစ်သလိုမျိုးပဲ လူကြီး တွေအတွက် ဖန်တီးကြံဆမှုတွေပေး တယ်။ စိတ်ပိုင်းဆိုင်ရာ ခွန်အားလည်း ဖြစ်စေပါတယ်။ လူ့သက်တမ်းတစ် လျှောက်လုံး အနားယူဖို့၊ စိတ်ခွန်အား ဖြည့်တင်းဖို့ အပင်တွေက ကူပေးနိုင်ပါ တယ်။

၁၆။ လူတွေကို သဟဇာတ ဖြစ်စေတယ်

ဘယ်လို အသက်အရွယ်၊ လူမျိုး၊ ဘာသာ၊ အသားအရောင်ဖြစ်စေကာမူ သစ်ပင်အတူတူ စိုက်ပြီး စည်းလုံးသွား အောင် အပင်တွေက စွမ်းနိုင်တယ်။ အပင်စိုက်တာဟာ အားလုံးတာဝန်ရှိတာ မို့ အပင်အတူတူစိုက်ခြင်း၊ အပင်အတူတူ ပြုစုခြင်းနဲ့ မတူကွဲပြားတဲ့ လူတွေကို စုစည်းသဟဇာတ ဖြစ်စေပါတယ်။ ဒီလိုပဲ အပင်စိုက်ပြီး၊ အပင်တွေပြုစုပြီး အတူတကွ ဂုဏ်ယူလို့ရပါတယ်။

၁၇။ အကောင်ပလောင်လေးတွေရဲ့ နေအိမ်

သစ်ပင်တွေဟာ ငှက်၊ ပျား၊ ရှဉ့် စတဲ့ အကောင်ပလောင်လေးတွေရဲ့ နေအိမ်လည်း ဖြစ်ပါတယ်။ အထူးသဖြင့် မြို့ပြတွေမှာ အဲလိုအကောင်ပလောင် လေးတွေ လူသားတွေရဲ့ အတူတကွ ပူးတွဲ နေထိုင်နိုင်ဖို့ သဘာ၀အိမ်လေးတွေကို သစ်ပင်တွေက ဖန်တီးပေးထားပါတယ်။

၁၈။ မြို့ပြထွက်ပေါက်

ကွန်ကရစ်တောလို့ ဆိုးဆိုးဝါးဝါး တင်စားလေ့ရှိတဲ့ မြို့ပြမှာ အပင်တွေရှိ ခြင်းအားဖြင့် အစိမ်းရောင် ဝန်းကျင်တွေ ဖန်တီးပေးပါတယ်။ မျက်စိပသာဒ ဖြစ်စေပါတယ်။ အဲဒါအပြင်မကပါဘူး။ လမ်းတွေပေါ်အပါအဝင် ဝန်းကျင်ဆူညံသံ တွေကို ကာထားပေးနိုင်ပါတယ်။ နောက် ပြီး ဖုန်တွေကိုလည်း ကာထား၊ စုပ်ထား ပေးတယ်။ ကွန်ကရစ်တောကြောင့် ပြန် လာတဲ့ အလင်းစူးစူးကိုလည်း အားလျော့ စေပါတယ်။

၁၉။ သစ်ဝါးတွေ ပေးတယ်

သစ်ပင်သစ်တောတွေကနေ သစ်ဝါး တွေ ရရှိပါတယ်။ ထင်းအဖြစ်သုံးဖို့ သော်လည်းကောင်း၊ လက်မှုပစ္စည်းတွေ လုပ်ဖို့ သော်လည်းကောင်း သစ်တွေ ထုတ်ပေးပါတယ်။

၂၀။ အိမ်ခြံမြေ တန်ဖိုးကို တက်စေတယ်

အိမ်ဝင်းထဲမှာ လှလှပပ စိုက်ပျိုး ထားတဲ့ နေအိမ်ခြံတွေ၊ ဒါမှမဟုတ် သစ်ပင် တွေရှိတဲ့ လမ်းတွေမှာရှိတဲ့ နေအိမ်ခြံတွေဟာ အခြားနေအိမ်ခြံတွေထက် ငွေကြေး တန်ဖိုး ပိုမြင့်ပါတယ်။ အနည်းဆုံး ၁၅ ရာခိုင်နှုန်းလောက် တန်ဖိုး တက်ပါတယ်။

၂၁။ စီးပွားလည်း တိုးစေတယ်

လေ့လာချက်တွေအရ သစ်ပင်တွေ၊ မြက်ခင်းတွေ ရှိတဲ့ လမ်းတွေမှာ ရှိတဲ့ စီးပွားရေးလုပ်ငန်းတွေ ဟာ အလုပ်ပို ဖြစ်ပါတယ်တဲ့။ ဖြတ်သွားဖြတ်လာ လူတွေက အဲဒီလို လမ်းတွေမှာ အပင်တွေ အရိပ်အောက် ဟိုငေးဒီငေးနဲ့ သွားတတ်တာမို့ လမ်းတစ်လျှောက်က ဆိုင်တွေ၊ လုပ်ငန်းတွေကို လူပိုသိပြီး စီးပွားဖြစ်ကြ ပါတယ်တဲ့။

ကိုးကား –

https://www.treepeople.org/tree-benefits