တိုင်းစွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်းနှစ်ခု ဖွဲ့စည်းမည်

0
379


တနင်္သာတိုင်းဒေသကြီး စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်းနှင့် စွန့်ဦးလူငယ်လုပ်ငန်းရှင်များအသင်း ၂ ခုကို ဒီဇင်ဘာလအတွင်း ဖွဲ့စည်းသွားမည်ဟု အသင်း ဖြစ်မြောက်ရေး အကျိုးဆောင် နေသည့် တိုင်းလူငယ်ရေးရာကော်မတီ ပြည်ထောင်စုကိုယ်စားလှယ် ကိုဟိန်းထက် ထံမှ သိရသည်။


ပြီးခဲ့သည့် နိုဝင်ဘာလ ၂၄ ရက် တွင် ထားဝယ်မြို့၌ ကျင်းပခဲ့သည့် ကမ္ဘာ လုံးဆိုင်ရာ စွန့်ဦးတီထွင် ရက်သတ္တပတ် အခမ်းအနားတွင် တိုင်းဒေသကြီး စွန့်ဦး လူငယ်လုပ်ငန်းရှင်များကွန်ရက်ကို ၂၆ ဦးဖြင့် ဖွဲ့စည်းခဲ့သည်။


ယင်းကွန်ရက်ဝင်များက တနင်္သာရီ တိုင်းဒေသကြီး စွန့်ဦးတီထွင်လုပ်ငန်းရှင် များ အသင်းနှင့် တနင်္သာရီတိုင်းဒေသကြီး စွန့်ဦးလူငယ်လုပ်ငန်းရှင်များအသင်းတို့ ပေါ်ထွန်းလာရေး တာဝန်ခွဲဝေပြီး ခရိုင် အလိုက် ကွင်းဆင်းစည်းရုံးရှင်းလင်းကာ လုပ်ဆောင်သွားမည်ဟု ကိုဟိန်းထက်က ပြောသည်။


“နိုင်ငံတကာမှာလည်း စွန့်ဦး လုပ်ငန်းရှင်များအသင်းတွေရှိတော့ ဘယ်လိုဖြစ်ဖြစ် အခွင့်အရေးတွေ၊ အခွင့် အလမ်းတွေ၊ ချိတ်ဆက်မှုတွေ ရလာမှာ ပေါ့” ဟု ကိုဟိန်းထက်က ပြောသည်။


ပေါ်ပေါက်လာမည့် တိုင်းလူငယ် စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်းကမူ မြန်မာနိုင်ငံ စွန့်ဦးတီထွင် လုပ်ငန်းရှင် များအသင်းနှင့် ချိတ်ဆက်ပြီး အလုပ် လုပ်သွားမည်ဟု ゞင်းက ပြောသည်။