တနင်္သာရီတိုင်း ကညန ယာဉ်မောင်းစစ်ဆေးရေးဌာနစိတ် တာဝန်ခံကို ထောင်ဒဏ်သုံးနှစ် အမိန့်ချ

0
751

ယာဉ်မောင်းလိုင်စင်ဖြေဆိုရာတွင် ငွေကြေးတောင်းခံသည့် တနင်္သာရီတိုင်း ဒေသကြီး ကုန်လမ်းပို့ဆောင်ရေးညွှန် ကြားမှုဦးစီးဌာန (ထားဝယ်မြို့) ယာဉ် မောင်းစစ်ဆေးရေးဌာနစိတ်မှတာဝန်ခံ ဦးစိုင်းဝေဠုကို တရားစွဲဆိုထားသည့် အမှုနှစ်မှုအတွက် ထောင်ဒဏ်သုံးနှစ်ကျခံ စေရန် အမိန့်ချလိုက်ကြောင်း ထားဝယ် မြို့နယ် တရားရုံးထံမှ သိရသည်။


အဆိုပါ အမှုနှစ်ခုမှာ ၂၀၁၆ ခုနှစ် က ယာဉ်မောင်းလိုင်စင်လုပ်ရန်အတွက် စာမေးပွဲဖြေဆိုရာတွင် ကျရှုံးသူများထံမှ ငွေကြေးတောင်းယူကာ ယာဉ်မောင်းလိုင် စင်ထုတ်ပေးခဲ့သည့် အမှုများဖြစ်သည်။


ယာဉ်မောင်းလိုင်စင်ဖြေဆိုရာတွင် ကျရှုံးသူများထံမှ ငွေကြေးတောင်းခံသည့် ယာဉ်မောင်းစစ်ဆေးရေးဌာနစိတ်မှတာဝန်ခံဖြစ်သူ စစ်ဆေးရေးမှူး-၂ ဦးစိုင်းဝေဠု ကို အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ဦးစီးအရာရှိက တရားလိုလုပ်ကာ ၂၀၁၇ ခုနှစ် ဧပြီလတွင် စတင်တရားစွဲဆိုခဲ့ သည်။


အဆိုပါအမှုနှင့် ပတ်သက်၍ ထားဝယ်မြို့နယ်တရားရုံးက ရာဇဝတ် ကြီးမှုအမှတ် ၇၉၁/၂၀၁၇ နှင့် ရာဇဝတ်ကြီး မှုအမှတ် ၇၉၂/၂၀၁၇ လက်ခံစစ်ဆေးကာ ၂၀၁၉ခုနှစ် နိုဝင်ဘာလ၂၂ ရက်တွင် အမိန့်ချခဲ့ကြောင်း ယင်းတရားရုံးထံမှ သိရသည်။


ရာဇသတ်ကြီး ပုဒ်မ ၄၀၉ (ပြည်သူ့ ဝန်ထမ်းက ရာဇဝတ်မကင်းသော ယုံကြည် အပ်နှံရေး ဖောက်ဖျက်မှု)ဖြင့် အမိန့်ချ ခဲ့ခြင်း ဖြစ်သည်။


ရာဇဝတ်ကြီးမှုအမှတ် ၇၉၁/ ၂၀၁၇ တွင် ဦးစိုင်းဝေဠုအား အလုပ်နှင့်ထောင် ဒဏ် ၃ နှစ်၊ ရာဇဝတ်တကြီးမှုအမှတ် ၇၉၂/၂၀၁၇တွင် အလုပ်နှင့်ထောင်ဒဏ် ၃ နှစ်ကျခံစေရန် အမိန့်ချခဲ့ပြီး အမှုနှစ် ခုမှ ပြစ်ဒဏ်များကို တစ်ပြိုင်တည်း ကျခံစေရန် အမိန့်ချခဲ့ကြောင်း မြို့နယ် တရားရုံး သတင်းပြန်ကြားရေးအရာရှိ ဒေါ်မြင့်မြင့်စန်းက ဆိုသည်။


ပြစ်ဒဏ်များကို တစ်ပြိုင် တည်းကျခံ စေရန် အမိန့်ချခဲ့သည့်အတွက် ထောင်ဒဏ် ၃ နှစ်သာကျခံရမည်ဖြစ်သည်။


ယင်းအပြင် ဦးစိုင်းဝေဠုကို စတင် ဖမ်းဆီးချိန်မှ အမိန့်ချမှတ်ချိန်အထိ ချုပ် ရက် ၂ နှစ် ၇ လ ကျော်ရှိခဲ့ပြီး ချုပ်ရက် များကို ထုတ်နုတ်ခံစားခွင့်ပြုခဲ့ကြောင်း ဒေါ်မြင့်မြင့်စန်းက ဆိုသည်။
“မြို့နယ်တရားရုံးက ချမှတ်တဲ့ အမိန့်အပေါ်မှာ အထက်တရားရုံးအဆင့် ဆင့်ထံ အယူခံ ပြင်ဆင်တက်ရောက်နိုင် ပါတယ်”ဟု ဒေါ်မြင့်မြင့်စန်းက ပြော သည်။


အထက်ပါအမှုနှစ်ခုအတွက် တရားလိုပြသက်သေ ငါးဆယ်ကျော်နှင့် တရားခံအပါအဝင် ခံပြသက်သေ ၄ ဦး ကို စစ်ဆေးခဲ့ကြောင်း ထားဝယ်မြို့နယ် တရားရုံးထံမှ သိရသည်။
အမှုစတင်စစ်ဆေးချိန်မှ ရုံးချိန်း ၁၀၃ ကြိမ်မြောက်တွင် ယင်းကဲ့သို့ အမိန့်ချ မှတ်လိုက်ခြင်းဖြစ်သည်။


လက်ရှိအမိန့်ချခံရသည့် ဦးစိုင်းဝေဠု နှင့်အတူ ယာဉ်မောင်းလိုင်စင်ဌာနစိတ်မှ စစ်ဆေးရေးမှူး- ၃ ဖြစ်သူ ဦးငြိမ်းချမ်း အောင် ကိုလည်း တရားစွဲတင်ခဲ့သော် လည်း ゞင်းမှာ လက်ရှိအချိန်ထိ ထွက်ပြေး လွတ်မြောက်နေဆဲဖြစ်သည်။


အမှုမှာ ၂၀၁၆ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ ကိုးလတာကာလ အတွင်းက ယာဉ်မောင်းလိုင်စင် ဖြေဆို သူ ၆၁၂ ဦးထံမှ စစ်ဆေးရေးမှူး ၂ က ငွေကြေး ကျပ်သိန်း ၄၀ ကျော် ရယူခဲ့ပြီး ယင်းပမာဏထဲမှ စစ်ဆေးရေးမှူး ၃ ကို ငွေကျပ် ၁၀သိန်းကျော် ခွဲဝေပေးထား သည်ကို စစ်ဆေးတွေ့ရှိသဖြင့် စစစ မှ ဦးစီးအရာရှိဖြစ်သူက တိုင်တန်းခဲ့ခြင်း ဖြစ်ကြောင်း တိုင်းရဲမှတ်တမ်းအရ သိရ သည်။


ထို့အပြင် “ခ”ယာဉ်မောင်းလိုင်စင် ဖြေဆိုရာတွင် ကျရှုံးသူများထံမှ အပို ကြေးငွေ ၆၅ သိန်းကျော်(၆၅၈၀ဝဝဝ) ကျပ်ကို စစ်ဆေးရေးမှူး ၂ ဖြစ်သူက ရယူပြီး စစ်ဆေးရေးမှူး ၃ ဖြစ်သူကို ငွေကျပ် ၁၉ သိန်း(၁၉၀ဝဝဝ၀)ကျပ် ခွဲဝေ ပေးခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြ သည်။

Dawei Watch