ဟံသာဝတီပြန်လည်ထူထောင်ရေးပါတီ မှ လက်နက်ကိုင် ၇ ဦး အလင်းဝင်

0
583

ဘုတ်ပြင်းမြို့နယ်တွင် နိုဝင်ဘာလ ၂၁ ရက်က ဟံသာဝတီပြန်လည်ထူထောင်ရေးပါတီမှ လက်နက်ကိုင် ၇ ဦး အလင်းဝင်ရောက်လာကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရ သည်။


ဟံသာဝတီပြန်လည်ထူထောင်ရေး ပါတီမှ ဗိုလ်မှူးကြီးအဆင့်ရှိသူနှစ်ဦး၊ တပ်ရင်းမှူးအဆင့်ရှိသူ ၁ ဦး အပါအဝင် စုစုပေါင်း ၇ ဦးက သေနတ် ၇ လက်၊ ကျည်ဆံများနှင့်အတူ အလင်းဝင်လာ ကြောင်း ရဲမှတ်တမ်းအရ သိရသည်။


အလင်းဝင်သူခုနှစ်ဦးနှင့်အတူ M-၁၆ သေနတ် သုံးလက်၊ ကာဘိုင် သေနတ် ၃ လက်၊ အေကေ ၄၇ တစ်လက် နှင့် ကျည်ဆံတောင့် ၇၀ဝ နီးပါး ပါကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။