ဆီအုန်းကြောင့် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ရန်နှင့်မြေယာကိစ္စ စုံစမ်းစစ်ဆေးမည့် ကော်မတီဖွဲ့မည်

0
440

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ရေဖြူကျေးရွာတွင် (Kyaw Maw 19 Enterprise Manufacturing Co.,Ltd) ကျော်မော် ၁၉ ဆီအုန်းကုမ္ပဏီ ကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု နှင့် တောင်သူများ၏ မြေယာပြဿနာများ ကို စုံစမ်းစစ်ဆေးမည့် ကော်မတီတစ်ခု ဖွဲ့စည်းမည်ဖြစ်ကြောင်း Mother Land Network ထံမှ သိရသည်။


ကျော်မော်ဆီအုန်းကုမ္ပဏီနှင့် တောင်သူတို့အကြား အငြင်းပွားမှုများ အား လူထုပူးပေါင်းပါ ဝင်သည့်နည်းလမ်း ဖြင့် ဖြေရှင်းနိုင်မည့် ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်းသင်တန်းကို နိုဝင်ဘာလ ၂၂ ရက်က ပြုလုပ်ခဲ့ပြီး အထက်ပါကော်မတီကို ဖွဲ့စည်းရန် သဘောတူခဲ့ကြကြောင်း Mother Land Network တာဝန်ခံ ကိုမင်းခန့်က ပြောသည်။


သင်တန်းတွင် တောင်သူများ၊ ကျော်မော်ဆီအုန်းကုမ္ပဏီမှ တာဝန်ရှိသူ များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ နှင့် အရပ်ဘက်အဖွဲ့အစည်းများ စုစုပေါင်း ၃၀ ဦးကျော်ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။


ကော်မတီဖွဲ့စည်းရန်အတွက် တောင်သူများ၊ ဌာနဆိုင်ရာများနှင့် အရပ်ဘက်အဖွဲ့အစည်းတို့မှ အဆင့်သင့် ဖြစ်နေပြီဖြစ်ပြီး ကုမ္ပဏီဘက်ကမူ ဆုံးဖြတ်ချက်ချနိုင်မည့် တာဝန်ရှိသူအား အကြောင်းကြားပေးသွားမည်ဟု ပြောဆို ထားကြောင်း ကိုမင်းခန့်က ပြောသည်။


“ကော်မတီဖွဲ့ ဖြစ်မယ် မဖြစ်ဘူးဆို တာ ဒီဇင်ဘာလလေးရက်နေ့နဲ့ ခြောက် ရက်နေ့အတွင်းမှာ အတိအကျသိရမယ်” ဟု ကိုမင်းခန့်က ပြောသည်။


ကျော်မော် ၁၉ ဆီအုန်းကုမ္ပဏီနှင့် ကျေးရွာသားတို့မှာ မြေယာပိုင်ဆိုင်မှု အငြင်းပွားမှုများရှိနေသည့်အတွက် တောင်သူ များဘက်က သတင်းစာရှင်းလင်းပွဲ တစ်ခုကို ပြီးခဲ့သည့် ဇန်နဝါရီလ ၂၂ ရက် က ချောင်းလမုကျေးရွာတွင် ပြုလုပ်ခဲ့ဖူး သည်။


တောင်သူတို့၏ လုပ်ကိုင်စားသောက် ရာ ဥယျာဉ်ခြံမြေများအတွင်း ကျော်မော် ၁၉ ဆီအုန်းကုမ္ပဏီက ဝင်ရောက်လုပ် ကိုင်နေသဖြင့် ဥယျာဉ်ခြံမြေများနှင့် သီးပင်စားပင်များမှာ ဆုံးရှုံးနစ်နာရခြင်း နှင့်ဥပဒေအရတရားစွဲနိုင်ကြောင်းကို ကုမ္ပဏီဘက်က ခြိမ်းခြောက်ပြောဆိုမှုများရှိခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲ တွင်တောင်သူတချို့က ပြောဆိုခဲ့သည်။


သို့သော် ကုမ္ပဏီမန်နေဂျာ ဦးဇော် မင်းဝင်းကမူ တောင်သူများ၏ ဥယျာဉ် မြေ များအတွင်းဝင်ရောက်လုပ်ကိုင်ခြင်း မရှိ သကဲ့သို့ခြိမ်းခြောက်မှုများလည်း မရှိခဲ့ ကြောင်း ပြန်လည်ငြင်းဆိုထားသည်။

မြင့်မိုရ်(မြိတ်)