ဘုတ်ပြင်းတွင် သစ်ပင်ပိ၍ အမျိုးသားတစ်ဦးသေဆုံး

0
440

ဘုတ်ပြင်းမြို့နယ်၊ အတွင်းဘုတ်ပြင်း ကျေးရွာရှိ ဥယျာဉ်ခြံအတွင်း နိုဝင်ဘာလ ၂၆ ရက်က သစ်ပင်ပိ၍ အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း တနင်္သာရီတိုင်းဒေသ ကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။


ဘုတ်ပြင်း- ကော့သောင်း လမ်းမ ကြီးမှ ၂၅ မိုင်ခန့်အကွာရှိ ဥယျာဉ်ခြံ အတွင်း တောခုတ်သည့်နေရာသို့ အသက် ၄၇ နှစ်အရွယ် အမျိုးသား(သေဆုံးသူ) အပါအဝင် အခြားအဖော်အမျိုးသားများ နှင့်အတူ သွားရောက်ခဲ့ကြောင်း ရဲမှတ်တမ်း အရ သိရသည်။


ထိုသို့သွားရာ လမ်းတစ်ဝက်အရောက် တွင် လေတိုက်ခတ်၍ လုံးပတ် ၃ ပေ၊ အမြင့်ပေ၃၀ ခန့်ရှိ သစ်ပင်က အထက်ပါ အမျိုးသား၏ ကိုယ်ပေါ်သို့ လဲကျလာခဲ့ ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။


အဆိုပါ အမျိုးသားမှာ သစ်ပင်ပိ သဖြင့် ဒဏ်ရာများရရှိကာ အခင်းဖြစ် နေရာတွင်ပင် သေဆုံးသွားခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။


အထက်ပါ အမျိုးသားသေဆုံးခြင်း နှင့် ပတ်သက်၍ ဘုတ်ပြင်းမြို့မရဲစခန်း တွင် သေမှုသေခင်း အမှုဖွင့်ထားကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရ သည်။

ဘုတ်ပြင်းမြို့မရဲစခန်း တွင် သေမှုသေခင်း အမှုဖွင့်ထားကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရ သည်။

Dawei Watch