ကျွန်းစုမြို့၏ ရေဆင်းဆိပ်ခံတံတား ပြုပြင်တည်ဆောက်ရန် တင်ဒါခေါ်

0
417

ကျွန်းစုမြို့၏ လက်ရှိရေဆင်း ဆိပ်ခံတံတားဖြစ်သည့် မင်္ဂလာရေဆင်း ဆိပ်ခံတံတားကို ပြုပြင်တည်ဆောက်ရန် တင်ဒါခေါ်ထားကြောင်း တနင်္သာရီတိုင်း ဒေသကြီး စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။


လက်ရှိရေဆင်းဆိပ်ခံတားမှာ စတုဂံပုံသဏ္ဌာန်ရှိပြီး ယင်းဆိပ်ခံနေရာ တွင်ပင် အင်္ဂလိပ်အက္ခရာ “C” ပုံသဏ္ဌာန် ဖြစ်အောင် ချဲ့ထွင်ကာ ပြုပြင်တည် ဆောက်မည်ဖြစ်ကြောင်း အထက်ပါ အဖွဲ့ထံမှ သိရသည်။


အဆိုပါ တည်ဆောက်ရေးလုပ်ငန်း အတွက် နိုဝင်ဘာလ ၁၈ ရက်မှစတင်ကာ တင်ဒါလျှောက်လွှာများ ရောင်းချပေးနေ ပြီး ဒီဇင်ဘာလ ၂၃ ရက်တွင် တင်ဒါ ဖွင့်လှစ်မည်ဖြစ်ကြောင်း တိုင်းစည်ပင် အဖွဲ့ထံမှ သိရသည်။


တင်ဒါလျှောက်လွှာစတင်ရောင်းချသည့်နေ့မှ နိုဝင်ဘာလ ၂၈ ရက်အထိ လျှောက်လွှာဝယ်ယူသူ နှစ်ဦးသာ ရှိသေးကြောင်း အထက်ပါအဖွဲ့ထံမှ သိရသည်။


လက်ရှိဆိပ်ခံတံတားမှ ဗော်ယာ ပေါ်သို့ ဆင်းရာတွင် သစ်သားပြားခင်း ကာ သွားလာနေရသဖြင့် ခရီးသည်များ အတွက် အန္တရာယ်များကြောင်း တိုင်း စည်ပင်သာယာရေးအဖွဲ့မှ အင်ဂျင်နီယာ မှူး ဦးထင်လင်းကျော်က ဆိုသည်။


“ရေကျတဲ့အချိန်ကျရင် ဒုက္ခရောက် တာလေ။ တအားမြင့်တော့ လူတွေ အတက်အဆင်း အန္တရာယ်ရှိတာပေါ့” ဟု ဦးထင်လင်းကျော်က ပြောသည်။


ထိုကြောင့် လက်ရှိပြုပြင်တည် ဆောက်မည့် ရေဆင်းဆိပ်ခံဗောတံတား တွင် လူဆင်းမည့် ကွန်ကရစ်လှေခါးထစ်၊ ဆိုင်ကယ်ဆင်းလမ်းများ ပါဝင်မည်ဖြစ် ပြီး ၄၈ ပေ _ ၂၀ ပေ အရွယ်အစားရှိ သံမဏိဆိပ်ခံဗောတစ်လုံးကိုပါ တပ်ဆင် မည်ဖြစ်ကြောင်း ゞင်းက ရှင်းပြသည်။


အဆိုပါလုပ်ငန်းများအတွက် ငွေကျပ်သိန်းပေါင်း ၂၇၉၀ ခန့် အကုန် အကျခံ တည်ဆောက်မည်ဖြစ်ကြောင်း စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။


ယခင်က အဆိုပါ ရေဆင်းဆိပ်ခံ ဗောတံတားကို ကျွန်းစုမြို့နယ် စည်ပင် သာယာရေးအဖွဲ့က ပစ္စည်းဝယ်ယူရေး ကိုသာ တင်ဒါခေါ်ပြီး တည်ဆောက်ရေး လုပ်ငန်းကို စည်ပင်သာယာအဖွဲ့က လုပ်ဆောင်ရန် စီစဉ်ခဲ့ဖူးသည်။


တိုင်းဒေသကြီး လွှတ်တော်အစည်း အဝေးတွင် လွှတ်တော်ကိုယ်စားလှယ် ဦးတိုးလွင်က ကျွန်းစုမြို့နယ် အမှတ်(၁) ရက်ကွက်ရှိ ကွန်ကရစ်ရေဆင်း ဆိပ်ခံ တံတားတည်ဆောက်၊ ပြုပြင်ရေးနှင့် သံမဏိ ဆိပ်ခံဗောတံတား တည်ဆောက် ရေး လုပ်ငန်းတို့ကို တင်ဒါစနစ်ဖြင့် ဆောင်ရွက်ရန် အစီအစဉ်ရှိမရှိ မေးခွန်း မေးမြန်းခဲ့သည်။

စည်ပင်သာယာရေးအဖွဲ့က တာဝန် ယူဆောက်လုပ်မည့် ဆိပ်ခံဧရိယာ တည်ဆောက်၊ ပြုပြင်ခြင်း လုပ်ငန်းနှင့်ပတ်သက် ပြီး ချို့ယွင်း၊ အားနည်းချက်များရှိက အပြည့်အဝ တာဝန်ယူ တာဝန်ခံကြောင်း တနင်္သာရီတိုင်း လူမှုရေးနှင့် စည်ပင်သာယာ ရေး ဝန်ကြီးက လွှတ်တော်အစည်းအဝေး တွင် ဖြေဆိုခဲ့ဖူးသည်။

Dawei Watch