တစ်လအတွင်း ခရီးသွားဇုန်ကြေး ကျပ်သိန်းသုံးရာနီးပါးရ

0
567

ပင်လယ်ပြင်ရှိ ကျွန်းများသို့ နေ့ချင်း ပြန်သွားရောက်လည်ပတ်မည့် နိုင်ငံခြားခရီးသွားများကို ဇုန်ဝင်ကြေးကောက်ခံ နေရာ ပြီးခဲ့သည့်အောက်တိုဘာလ တစ်လ တာကာလအတွင်း ငွေကျပ် သိန်းသုံး ရာနီးပါး ကောက်ခံရရှိပြီဖြစ် ကြောင်း တနင်္သာရီတိုင်း ဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန(ဟိုတယ်/ ခရီး)ထံမှ သိရသည်။


လက်ရှိနိုင်ငံခြားခရီးသွားတစ်ဦးလျှင် ဇုန်ဝင်ကြေးအဖြစ် ငွေကျပ်တစ်သောင်း ကောက်ခံနေပြီး ပြီးခဲ့သည့်နှစ် ခရီးသွား ရာသီက တစ်ဦးလျှင် ငါးထောင်ကျပ် ကောက်ခံသည်။


ယခုနှစ် ခရီးသွားရာသီစတင်သည့် အောက်တိုဘာလအတွင်းမှာပင် ကျပ်သိန်း ၂၉၀ ကျော်ကောက်ခံရရှိပြီး ယင်းငွေ များကို တိုင်းဒေသကြီးရန်ပုံငွေသို့ ပေးသွင်း ရကြောင်း တိုင်းဒေသကြီး ဟိုတယ်/ ခရီးရုံးမှ ဒုတိုင်းဦးစီးမှူး ဦးဝင်းသိန်းက ဆိုသည်။
ခရီးသွားဇုန်ကြေး ကောက်ခံခြင်း ကို ထားဝယ်ခရိုင်တွင် စမ်းလှမ်းကျေးရွာ၊ မြိတ်တွင် ဆိပ်ငယ်ဘောတံတားနှင့် ကော့သောင်းရှိ မြို့မဘောတံတားတို့တွင် ကောက်ခံနေကြောင်း အထက်ပါဌာန ထံမှ သိရသည်။


“တိုးကောက်တာက ဒီငွေကြေးနဲ့ပဲ ခရီးစဉ်ဒေသ အဆင့်မြှင့် ပြုပြင်တာတွေ လုပ်တာ” ဟု ဦးဝင်းသိန်းက ပြောသည်။


ဟိုတယ်/ခရီးဌာနအနေဖြင့် ယခု ဘဏ္ဍာနှစ်အတွင်း စမ်းလှမ်းကျေးရွာတွင် သံကူကွန်ကရစ် ဆိပ်ခံတံတားတစ်စင်း နှင့် မြိတ်ခရိုင်ရှိ စမတ်ကျွန်းတွင် ပလပ် စတစ်ဘလောက်တုံးများဖြင့် ပြုလုပ်မည့် (Floating Jetty) ရေပေါ် ဆိပ်ခံတံတား တစ်စီးကို ဆောက်လုပ်မည် ဖြစ်ကြောင်း အထက်ပါဌာနထံမှ သိရသည်။


၂၀၁၉ ခုနှစ် ဇန်နဝါရီလတွင် ခရီးသွားဇုန်ကြေးစတင်ကောက်ခံပြီး မေလအထိ ငါးလတာကာလတွင် ကျပ် သိန်း ၁၇၀ဝ နီးပါး ကောက်ခံရရှိကြောင်း တိုင်းဟိုတယ်/ခရီးရုံးထံမှ သိရသည်။


၂၀၁၈ ခုနှစ်တွင် နယ်စပ်ဝင်ပေါက် များမှ တိုင်းအတွင်း နိုင်ငံခြားသားခရီး သွား သုံးသိန်းခွဲကျော် ဝင်ရောက်ခဲ့ကြောင်း အထက်ပါဌာန စာရင်းအရ သိရသည်။

ကိုဇော်