မှိုရောဂါတစ်မျိုးကြောင့် ပြည်ပမှ ရော်ဘာပင် တင်သွင်းခွင့်ပိတ်

0
845

မြန်မာနိုင်ငံ၏အိမ်နီးချင်းနိုင်ငံ များရှိ ရော်ဘာပင်များတွင် Pestalotiopsis ssp မှိုရောဂါကျရောက်နေသဖြင့် နိုင်ငံ အတွင်းသို့ ကူးစက်မှုမရှိစေရန် နယ်စပ် ဂိတ်များမှ တင်သွင်းမှု ပိတ်ပင်သွား မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသ ကြီး စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။


ယင်းမှိုရောဂါသည် ရော်ဘာပင်ရှိ အရွက်ရင့်များကို ဝါသွား၊ လျော်သွား စေနိုင်သည် အထိ အဆိပ်သင့်နိုင်ပြီး ရော်ဘာ အထွက်နှုန်းကျဆင်းစေနိုင် သည်။


အင်ဒိုနီးရှားနိုင်ငံတွင် ပြီးခဲ့သည့် လပိုင်းအတွင်းက ရော်ဘာပင်ဧက တစ် သန်းနီးပါး ယင်းမှိုရောဂါ ကျရောက်ခဲ့ပြီး ရော်ဘာအထွက် ၁၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့သည်။


မြန်မာ့အိမ်နီးချင်းနိုင်ငံများတွင်လည်း ထိုနည်းတူ ဖြစ်ပွားနေသဖြင့် ထီးခီး၊ မောတောင်၊ ကော့သောင်း နယ်စပ်ဂိတ် များမှ ရော်ဘာပျိုးပင်တင်သွင်းခွင့် ပိတ် လိုက်ခြင်း ဖြစ်သည်။


“တရားဝင်အပေါက်က ဝင်လာ တာတော့ ဖမ်းလို့ရတယ်။ သူ့ဘာသာသူ ခိုးဝင်တာတော့ ဘယ်အပေါက်က လိုက် ဖမ်းရမလဲ။ ခိုးသွင်းလာလို့ မိရင် ဖျက် ဆီးပစ်မယ်။ သွင်းလာရင် သိမ်းချင်လည်း သိမ်းမယ်။ ရုံးချုပ်က စာထုတ်ထားပြီး ပြီဆိုတော့ အဝင်ကို မခံဘူး။ သူ့ပစ္စည်း ဟိုဘက်ကမ်းပြန်ယူချင် ယူသွားပေါ့” ဟု စိုက်ပျိုးရေး ဦးစီးဌာန တိုင်းဦးစီးမှူး ဦးနိုင်ဦးက ဆိုသည်။


ယင်းသို့ဖြစ်ပွားနေသဖြင့် နိုင်ငံ တကာ လေဆိပ်နှင့် နယ်စပ်ဝင်ပေါက် များမှ ရော်ဘာပျိုးပင်အပါအဝင် အပင် အစိတ်အပိုင်းများ ဝင်ရောက်မှုအပေါ် စိစစ်ကြပ်မတ်ရန်နှင့် ရောဂါကြိုတင်ကာ ကွယ်ရေးများဆောင်ရွက်မှုအစီအစဉ် များကို ပြန်လည်တင်ပြရန် စိုက်ပျိုးရေး ဦးစီးဌာန ရုံးချုပ်က နိုဝင်ဘာ ၂၅ ရက် က ညွှန်ကြားစာတွင် ဖော်ပြထားသည်။
အရွက်ရောဂါဟုလည်း ခေါ်သော Pestalotiopsis ssp မှိုရောဂါကျရောက် နေခြင်းကို ကြိုတင်ကာကွယ်သည့် အနေ ဖြင့် နယ်စပ်ဒေသဂိတ်များမှ ရော်ဘာ ပင်တင်သွင်းမှုကို စိစစ်ကြပ်မတ်ဆောင် ရွက်ရန်အတွက် သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်၊ နယ်စပ်ဒေသဂိတ်များသို့ ဆက် လက်ညွှန်ကြားသွားမည်ဖြစ်ကြောင်း ဦးနိုင်ဦးက ပြောသည်။


ထိုင်းနိုင်ငံနယ်စပ်ဒေသနှင့် ထိစပ် နေသည့် ထီးခီး၊ မောတောင်၊ ကော့သောင်း စသည့်နယ်စပ်ဂိတ်များ တွင် ရော်ဘာပျိုးပင်နှင့် မျိုးစေ့၊ အပင် အစိတ်အပိုင်းများကို တရားဝင်တင်သွင်း ခွင့်ပြုထားခြင်းမရှိသော်လည်း ခိုးသွင်း နေကြောင်း ဦးနိုင်ဦးက ပြောသည်။
လွန်ခဲ့သည့် ၅ နှစ်ခန့်က ရော်ဘာ ပျိုးပင်၊ မျိုးစေ့များကို ထိုင်းနိုင်ငံမှ တင် သွင်းရောင်းချမှုများရှိသော်လည်း ယခု အခါ ရော်ဘာပျိုးပင်သယ်ယူရောင်းချသည်များကို များစွာ မတွေ့ရတော့ကြောင်း ထားဝယ်ခရိုင် ရော်ဘာစိုက်ပျိုးထုတ်လုပ် သူများအသင်း ဥက္ကဋ္ဌ ဦးအောင်မျိုးက ပြောသည်။


“အရင်တည်းကကို နှစ်နိုင်ငံက ဟိုဘက်က ပျိုးကိုလည်း သွင်းမရဘူး။ ဒီဘက်ကလည်း လက်ခံမရဘူး၊ အဲဒါက ရှိပြီးသားလေ။ နားလည်မှုနဲ့ ဝင်နေတယ် ဆိုတော့ မြင်တယ်ပေါ့လေ။ ခုက သယ်ဖို့ မရှိတော့ဘူးဆိုတော့ ထင်တယ်။ အရင် က ထိုင်းကနေ ယူလာတဲ့မျိုးကို ဒီမှာ ပျိုးပွားခင်းလုပ်ပြီး ဒီကလူတွေကို ပြန် ဖြန့်ဖြူးရောင်းချတာပဲ ရှိတော့တယ်” ဟု ဦးအောင်မျိုးက ဆိုသည်။


ထိုင်းနိုင်ငံမှ ရော်ဘာပျိုးပင်များကို မှာယူပါက သယ်ယူရောင်းချပေးသော် လည်း ယခုအခါ ရော်ဘာပျိုးပင်များ မမှာယူတော့သည်မှာ ၅ နှစ်ခန့်ရှိပြီဖြစ် ကြောင်း ကူးတို့ကျေးရွာ ပန်းပင်၊ ပျိုးပင် အရောင်းဆိုင်မှ ဒေါ်ခင်သိန်းက ပြော သည်။


"ပိုက်ဆံတတ်နိုင်တဲ့လူတွေက ထိုင်း က ပျိုးပင်တွေမှာကြတယ်။ သူက ရော်ဘာအစေးထွက်ကောင်းတယ်လေ။ ခုနောက်ပိုင်းမှာ လုံးဝ မမှာကြတော့ဘူး၊ ရော်ဘာဈေးမရှိဘူးဆိုတော့ မစိုက်ကြ တော့ဘူး" ဟု ဒေါ်ခင်သိန်းက ဆိုသည်။


ပန်းပင်၊ ပျိုးပင်၊ မျိုးစေ့နှင့် အပင် အစိတ်အပိုင်းများကို တရားဝင်တင်သွင်း လိုပါက သွင်းမည့် ပစ္စည်းနမူနာယူလာ ကာ သွင်းကုန် လိုင်စင်ကို စိုက်ပျိုးရေး ဦးစီးဌာနရုံးတွင် လာရောက်လျှောက် ထားနိုင်ကြောင်း အထက်ပါဌာနထံမှ သိရသည်။

မိုးမြင့်