အမျိုးသမီးတစ်ဦး၏ နေအိမ်မှ စိတ်ကြွဆေးပြား နှစ်ထောင်ကျော် ဖမ်းမိ

0
580

ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့ နယ်တွင် အမျိုးသမီးတစ်ဦး၏ နေအိမ်မှ WY စိတ်ကြွဆေးပြား နှစ်ထောင်ကျော် ဖမ်းမိခဲ့ကြောင်း တနင်္သာရီတိုင်းဒေသ ကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ကြိမ်နီတောင်ကျေးရွာရှိ အသက် ၃၀ နှစ်အရွယ် အမျိုးသမီး၏ နေအိမ်ကို မူးယစ်ဆေးသတင်းအရ နိုဝင်ဘာလ ၁၄ ရက်က ဝင်ရောက်ရှာဖွေခဲ့ ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ထိုသို့ဝင်ရောက်ရှာဖွေရာ အိမ်သာ ဘေးရှိ သစ်သားတန်းပေါ်တွင် အဖြူ ရောင်ပီနံအိတ်ဖြင့် ထည့်ထားသည့် WY စိတ်ကြွဆေး ၂၂၂၀ ပြား တွေ့ရှိရကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

မူးယစ်ဆေးများဖမ်းမိသည့် အထက်ပါ အမျိုးသမီးကို သက်ဆိုင်ရာမူးစိတ်ပုဒ်မ ဖြင့် ဘုတ်ပြင်းမြို့မရဲစခန်းတွင် အမှုဖွင့် ထားကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

Dawei Watch