မြိတ်ဒေသဒီရေတော ဆက်မပြုန်းရေး အချိန်မီထိန်းရန်လို

0
431

မြိတ်ဒေသတွင်းရှိ ဒီရေတောများ ဆက်လက်မပြုန်းတီးရေး အချိန်မလွန် မီ ထိန်းသိမ်းရန် လိုအပ်နေကြောင်း အပြည်ပြည်ဆိုင်ရာ တောရိုင်းတိရစ္ဆာန်နှင့် အပင်များထိန်းသိမ်းရေး အဖွဲ့(FFI) တနင်္သာရီအစီအစဉ်မန်နေဂျာ ဒေါက်တာ နေမျိုးရွှေက ပြောသည်။

မြိတ်တက္ကသိုလ်တွင် နိုဝင်ဘာ ၁၄ ရက်နှင့် ၁၅ ရက်က ပြုလုပ်ခဲ့သည့် “လူ သားနှင့်ဇီ၀အဝန်း”ခေါင်းစဉ်ဖြင့် အပြည် ပြည်ဆိုင်ရာ မဲခေါင်ဒေသရှိ ဒီရေတော များထိန်းသိမ်းခြင်းနှင့် မြိတ်ဒေသရှိဒီရေ တောများ ပူးပေါင်းစီမံအုပ်ချုပ်ခြင်းဆိုင် ရာ ဆွေးနွေးပွဲ(ဖိုရမ်)အပြီးတွင် ၎င်းက ပြောဆိုခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ဒီရေတောရှိသည့် နေရာများမှာ ဧရာ၀တီမြစ်၀ကျွန်းပေါ်၊ ရခိုင်ဒေသနှင့် တနင်္သာရီဒေသတို့ဖြစ်ရာ ကျန်ဒေသနှစ်ခုနှင့်နှိုင်းယှဉ်လျှင် တနင်္သာရီ ဒေသသည် ပြုန်းတီးမှု နည်းသေးသော် လည်း ဆက်လက်မပြုန်းတီးရန် အမြန် ဆုံးထိန်းသိမ်းရန် လိုအပ်ကြောင်း ၎င်း က ပြောဆိုသည်။

“နိုင်ငံတော်ရဲ့ တိကျတဲ့မူဝါဒတွေ ဆုံးဖြတ်ချက်တွေနဲ့ ဒီထက်ပိုပြီး မပြုန်း တီးလာဖို့အရေး အချိန်မလွန်ခင် ထိန်း သိမ်းဖို့ လိုအပ်နေပါတယ်”ဟု ဒေါက်တာ နေမျိုးရွှေက ပြောသည်။

ဒီရေတောများသည် တခြားသစ် တောများထက် ကာဗွန်သိုလှောင်မှုပိုများခြင်း၊ ဆူနာမီ၊ နာဂစ် စသည့် သဘာ၀ ဘေးအန္တရာယ်များကိုကာကွယ်ပေးခြင်း၊ ရေနေသတ္တဝါများ ဥချသားပေါက်ရန် နေရာဖြစ်ခြင်း၊ လူ့အသုံးအဆောင် ပစ္စည်းများ ထုတ်ပေးနိုင်ခြင်းတို့ကြောင့် တခြားသစ်တောထက် ပိုမိုအရေးကြီးကြောင်း ၎င်းက ပြောပြသည်။

တနင်္သာရီဒေသအတွင်း ဒီရေတော မည်မျှပျက်စီးနေသည်ကို လက်ရှိအချိန် တွင် တွက်ချက်မှုများပြုနေပြီး အတိအကျ မပြောနိုင်သေးသော်လည်း တစ်နှစ်ထက် တစ်နှစ် ပြုန်းတီးနေသည့် အချက်အလက် များကို ရရှိထားပြီးဖြစ်ကြောင်း ဒေါက်တာ နေမျိုးရွှေက ဆိုသည်။

“ဟိုတုန်းက တစ်နေကုန်ဖမ်းရင် (ငါး၊ ပုစွန်စသဖြင့်) ၅ ပိသာလောက် ရနေရာကနေ ခုဆိုတစ်ပိသာလောက်ပဲရ တော့တယ်။ ဒါကလတ်တလောဖြစ်နေတဲ့ ငါးပုစွန် ရှားပါးလာတဲ့ပြဿနာပါ”ဟု ၎င်းက ပြောသည်။

တရားမဝင် ဒီရေတောများခုတ်ထွင် ရှင်းလင်းခြင်း၊ တရားမဝင်မီးသွေးဖုတ် ကာ နိုင်ငံရပ်ခြားသို့ တင်ပို့ခြင်းတို့ ကြောင့် မြိတ်ဒေသအတွင်း လွန်ခဲ့သည့် ၁၀ နှစ်ခန့်နှင့်နှိုင်းယှဉ်လျှင် အပူချိန်မြင့် တက်လာခြင်း၊ ရေချိုရှားပါးလာခြင်း၊ ပင်လယ်ရေမြင့်တက်လာခြင်း၊ ရေသယံ ဇာတများ ရှားပါးလာခြင်းစသည့် ပြဿနာ များ ကြုံလာနေရကြောင်း ဒေါက်တာ နေမျိုးရွှေက ဆိုသည်။

လွန်ခဲ့သည့် ၁၀ နှစ်ခန့်က ဒီရေတော ရှိရာသို့ လှေဖြင့် နေ့တစ်ဝက်ခရီးသာ သွားရသော်လည်း ယခုအချိန်တွင်မူ တစ်ညအိပ်ခရီးသွားကာ အိမ်သုံးသစ်များ ရှာဖွေခုတ်နေရကြောင်း မြိတ်မြို့နေ အသက် ၄၀ ခန့်ရှိ ဒီရေတောခုတ်သူတစ်ဦးက ပြောသည်။

“အရင်ကကျွန်တော်တို့ ခုတ်နေကျ သစ်တော(ဒီရေတော) ခုကားမောင်းလို့ ရနေပြီ”ဟု၎င်းက ပြောသည်။

မြိတ်ခရိုင်ကျွန်းစုမြို့နယ်အတွင်း ပုစွန်မွေးရန်ကုမ္ပဏီ ၂ ခုက ခွင့်ပြုချက် မရရှိဘဲ ဒီရေတောများ ဧကထောင်ချီ အပြောင်ရှင်းနေသည်ကို ကျွန်းစုမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဟိန်းက မတ်လ ၄ ရက်က ပြုလုပ် သည့် အမျိုးသားလွှတ်တော် ပုံမှန်အစည်း အဝေးတွင် မေးခွန်းထုတ်ခဲ့ဖူးသည်။

ယင်းအပေါ် ပြည်ထောင်စု စီမံကိန်း နှင့် ဘဏ္ဍာရေးဒုတိယဝန်ကြီး ဦးဆက်အောင် မှ မြေယာလုပ်ပိုင်ခွင့် ခွင့်ပြုထားမှုမရှိ သေးပါကြောင်း လွှတ်တော်တွင် ပြန်လည် ဖြေဆိုခဲ့သည်။

ဒီရေတောပြုန်းတီးလာမှုများနှင့် ပတ်သက်ပြီး နိုင်ငံတကာအဖွဲ့အစည်းများ နှင့် ပူးပေါင်းပြီး အလျင်အမြန်ထိန်းသိမ်း သင့်နေပြီ ဖြစ်ကြောင်း ဒေါက်တာ နေမျိုးရွှေက ဆိုသည်။

ကိုဆန်း