၁၅ နှစ်အရွယ် မိန်းကလေးကို ပထွေးဖြစ်သူက သတ်မည်ဟု ခြိမ်းခြောက်ပြီး အကြိမ်ကြိမ်မုဒိမ်းကျင့်

0
890

ဘုတ်ပြင်းမြို့နယ်၊ ရွှေဘုံသာရပ် ကွက်တွင် အသက် ၁၅ နှစ်အရွယ် မိန်းကလေးတစ်ဦးကို ပထွေးဖြစ်သူက သတ်ဖြတ်မည်ဟု ခြိမ်းခြောက်ကာ အကြိမ် ကြိမ်မုဒိမ်းကျင့်ခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာလ ၁၇ ရက် ညတွင် အထက်ပါ မိန်းကလေးက အဒေါ် ဖြစ်သူ၏ နေအိမ်သို့ရောက်လာပြီး တိုင်ကြားခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

အိမ်တွင် အတူနေသည့် အသက် ၃၉ နှစ်အရွယ် ပထွေးဖြစ်သူက မိခင် မရှိသည့်အချိန်များတွင် အကြိမ်ကြိမ် မုဒိမ်းကျင့်သည်ဟု အဒေါ်ဖြစ်သူထံ လာရောက်တိုင်ကြားခဲ့ကြောင်း တိုင်း ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

အဆိုပါ မိန်းကလေးကို အဒေါ်ဖြစ် သူက ဆက်လက်မေးမြန်းရာ ပထွေး ဖြစ်သူ ၂၀၁၈ ခုနှစ် အောက်တိုဘာလခန့်မှစကာ မိခင်မရှိသည့် အချိန်များတွင် ၁၀ ကြိမ်ခန့် မုဒိမ်းကျင့်ခဲ့သည်ဟု ပြောပြ ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

ယင်းကဲ့သို့ မုဒိမ်းကျင့်ကြောင်းကို မိခင်နှင့် အခြားသူများကို ပြောပြပါက သတ်ဖြတ်မည်ဟု ခြိမ်းခြောက်ထားသည့် အတွက်ကြောက်၍ မပြောပြဖြစ်ဘဲ ယခုအချိန်မှသာ အဒေါ်ဖြစ်သူအား ပြောပြ ခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

မိန်းကလေးငယ်ကို ခြိမ်းခြောက် ကာ အကြိမ်ကြိမ်မုဒိမ်းကျင့်ခဲ့သည်ဆိုသည့် အမျိုးသားကို ဖမ်းဆီးထားပြီး ရာဇသတ်ကြီးပုဒ်မ-၃၇၆ ဖြင့် ဘုတ်ပြင်း မြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရ သည်။

Dawei Watch