ကျန်းမာရေးဝန်ထမ်းမရှိသဖြင့် ဆလုံလူမျိုးများ အခက်အခဲရှိနေ

0
440

ဆလုံတိုင်းရင်းသားများနေထိုင် သည့် ကျွန်းအများစုတွင် ကျန်းမာရေး ဝန်ထမ်းမရှိသောကြောင့် အခက်အခဲများ စွာရှိနေကြောင်း ဆလုံတိုင်းရင်းသား တို့က ပြောသည်။

တနင်္သာရီတိုင်း မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင်တို့ရှိ ကျွန်း ၁၀ ကျွန်းတွင် ဆလုံတိုင်းရင်းသားများနေထိုင်ကြသည်။

ဆလုံလူမျိုးများ နေထိုင်သည့်ကျွန်း များတွင် အရေးပေါ်အခြေအနေဖြစ်ပေါ် ပါက ဆေးရုံဆေးခန်းမရှိဘဲ အခြားနေရာ သို့ သွားရောက်ကုသရန် အချိန်များစွာ ပေးနေရပြီး လမ်းခရီးခက်ခဲမှုကြောင့် မသေသင့်ဘဲ သေနေရသည်ဟုဘုတ်ပြင်း မြို့နယ်၊ လငန်းကျေးရွာတာဝန်ခံ ဦးသိန်းဇံက ပြောသည်။

“မြိတ်သွားကုမယ်ဆိုရင်လည်းသွား ရလာရအရမ်းဝေးတယ်။ တခုခုဖြစ်ရင် ဆရာဝန်မရှိ ဆေးခန်းမရှိနဲ့ ဒီလိုပဲ အသေ ခံနေရတာပေါ့”ဟု ၎င်းက ပြောသည်။

ဆလုံကျေးရွာများအနက်မှ ဘုတ်ပြင်း မြို့နယ်ရှိ အလယ်မန်ရွာ၊ ဇာဒက်ကြီး ကျွန်းပေါ်ရှိ တလောရွာ၊ ကော့သောင်း မြို့နယ်တွင် မကြုံကလက်နှင့် ကျွန်းစု မြို့နယ်တွင် ဒုံပုလဲအော်ရွာ စသည်တို့တွင် ကျန်းမာရေးဝန်ထမ်းနှင့် ဆေးခန်းများရှိသည်ဟု ဆလုံအရေးအကူအညီများ ပေးနေသူ ဦးခင်မောင်ထွေးက ပြောသည်။

ဆလုံကျေးရွာများတွင် ကျန်းမာရေး ဝန်ထမ်းမရှိခြင်းမှာ ကျန်းမာရေးဝန်ထမ်း နှင့် ကျေးလက်ကျန်းမာရေးဌာနခွဲ ချပေး မှုသည် ရွာကိုအခြေခံ၍ ချထားပေးခြင်း မဟုတ်ဘဲ လူဦးရေကိုအခြေခံကာ ချထား ပေးခြင်းကြောင့်ဖြစ်ကြောင်း မြိတ်ခရိုင် ပြည်သူကျန်းမာရေးဌာနမှ ဒုဦးစီးမှူးက ပြောသည်။

“အနည်းဆုံး လူဦးရေ သုံးထောင်ရှိ မှ ကျန်းမာရေးဌာနခွဲတစ်ခုကို ချပေးတယ် ရွာ ၃ ရွာလောက်ဆို တစ်ခုနှုန်းလောက် တော့ရှိတာပေါ့”ဟု ၎င်းက ပြောသည်။

၁၉၇၆ ခုနှစ်သန်းကောင်စာရင်းအရ တနင်္သာရီတိုင်းအတွင်း ဆလုံလူမျိုးဦးရေ ၆၀၀၀ ကျော်ရှိကြောင်း ရန်ကုန်အနောက် ပိုင်းတက္ကသိုလ် မြန်မာစာဌာန တွဲဖက် ပါမေက္ခ ဒေါက်တာရီရီခင်၏တနင်္သာရီ တိုင်းအတွင်းရှိ ဆလုံလူမျိုးတို့၏လူနေမှု ဘ၀ စာအုပ်တွင် ရေးသားထားပြီး ယခု အချိန်တွင် ဆလုံလူဦးရေ ၁၇၀၀ ကျော် သာကျန်ရှိတော့ကြောင်း သိရသည်။

Dawei Watch