ခုနစ်ရက်သားသမီးများအတွက် တစ်ပတ်စာဗေဒင် ဟောကိန်း

0
647
Bay-Din

၂၅ – ၁၁ -၂၀၁၉ မှ ၁ – ၁၂ -၂၀၁၉ အထိ

တနင်္ဂနွေ
လာဘ်လာဘများ ဝင်မည်။ ပြောင်းရွှေ့ခြင်း (သို့) ခရီးသွားရတတ်သောကာလ ဖြစ်သည်။ ယခုအချိန်တွင် လုပ်ငန်းထဲ၌ အခက်အခဲတွေ့လေ အောင်မြင်လေ ဖြစ်သည်။ အိမ်ထောင်ပြုရ မည့်ကာလ ဖြစ်သည်။ အပူလောင်ခြင်း၊ အနာတရဖြစ်တတ်ခြင်းများ သတိပြုပါ။ မေတ္တာရေး သည်ကား ချစ်သူနှင့်လက်ထပ်ရမည့်အခါ ဖြစ်သည်။
အကျိူးပေးသော အရောင် – အပြာရောင်၊ အဝါရောင်
အကျိုးမပေးသော အရောင် – အနက်ရောင်၊ အနီရောင်
မသွားသင့်သော အရပ် – အနောက်တောင်အရပ်
ယတြာ – ကောင်ညှင်းပေါင်း ဘုရားဆွမ်းတော်ကပ်လှူပါ။

တနင်္လာ
ရပ်ဝေးဧည့်သည်များ မိမိထံလာမည်။ အကယ်၍ သင်သည် ငွေကြေးအခက်အခဲဖြစ်နေပါက ယခုအချိန် အဆင်ပြေမည်။ စိတ်ချမ်းသာ၍ ကြံစည်သမျှ အောင်မြင်မည်။ ပညာရေးကိစ္စ၊ သင်တန်းတက်ခြင်းကိစ္စများ ကောင်းမည်။ စက်ပစ္စည်းများ (သို့) မီး အန္တရာယ်ဂရုစိုက်ပါ။ မေတ္တာရေးသည်ကား ချစ်သူနှင့် ထာ၀စဉ်လက်တွဲရမည့်အခါ ဖြစ်သည်။
အကျိူးပေးသော အရောင် – အဖြူရောင်၊ အနက်ရောင်
အကျိုးမပေးသော အရောင် – အစိမ်းရောင်၊ အဝါရောင်
မသွားသင့်သော အရပ် – အရှေ့တောင်အရပ်
ယတြာ – နှင်းဆီ ၇ ပွင့် ဘုရားကပ်လှူပါ။

အင်္ဂါ
ပညာရေး အဆင်ပြေမည်။ စီးပွားရေးနှင့်ပတ်သက်၍ ဆိုင်ဖွင့်ခြင်းလုပ်ငန်းများ ကောင်းမွန်မည်။ မြေ ဝင်မည်။ ဥစ္စာပစ္စည်းများ စုဆောင်းမိမည်။ မိတ်ဆွေ၊ မောင်နှမများနှင့် အထင်လွဲအမြင်လွဲမှု ဖြစ်ရတတ်သည်။ အစာအိမ်နှင့် ပတ်သက်၍ ကျန်းမာရေးဂရုစိုက်ပါ။ မေတ္တာရေးသည်ကား ချစ်သူနှင့် နီးစပ်ရန် ကြိုးစားရမည်။
အကျိူးပေးသော အရောင် – လိမ္မော်ရောင်၊ အနက်ရောင်
အကျိုးမပေးသော အရောင် – အဖြူရောင်၊ အဝါရောင်
မသွားသင့်သော အရပ် – အရှေ့မြောက်အရပ်
ယတြာ – နှင်းဆီ ၇ ပွင့် ဘုရားပန်းကပ်လှူပါ။

ဗုဒ္ဓဟူး
အဓိဋ္ဌာန်ပြုက ထူးထူးခြားခြား အောင်မြင်မည်။ ပညာရေး အားလုံးအဆင်ပြေမည်။ ဥစ္စာစည်းစိမ် တိုးမည်။ မိတ်ဆွေများက သင့်ကိုကူညီမစလိမ့်မည်။ တန်ခိုးကြီးဘုရားပုံတော်များ၊ ဆင်းတု တော်များ မိမိအိမ်သို့ ဝင်လာမည်။ ကျန်းမာရေး ဂရုစိုက်ရမည်။ မေတ္တာရေးသည်ကား ကြားလေသွေးမှုကို မယုံပါနှင့်။
အကျိူးပေးသော အရောင် – အနက်ရောင်၊ လိမ္မော်ရောင်
အကျိုးမပေးသော အရောင် – အပြာရောင်၊ အဖြူရောင်
မသွားသင့်သော အရပ် – အရှေ့ရပ်
ယတြာ – ဘုန်းကြီးကျောင်းတစ်ကျောင်းအား မုန့်ဟင်းခါးတစ်ချိုင့် သွားရောက် လှူဒါန်းပါ။

ကြာသပတေး
အိုးအိမ်ဝယ်ခြင်း၊ အိမ်ဆောက်ခြင်းများ ပြုရတတ်သည်။ လုပ်ငန်းများ အဆင်ပြေမည်။ အတိုက်အခံ၊ အယှဉ်အပြိုင်ပြောဆိုရမည့်ကာလ ဖြစ်သည်။ ကိစ္စများ အဆင်ပြေမည်။ လူတိုင်းကို မယုံသင့်သောကာလ ဖြစ်သည်။ ကျန်းမာရေး စိုးရိမ်စရာ မရှိပါ။ မေတ္တာရေးသည်ကား အချစ်စစ် အချစ်မှန်ကို ပိုင်ဆိုင်ရမည်။
အကျိုးပေးသော အရောင် – အနီရောင်၊ အစိမ်းရောင်
အကျိုးမပေးသော အရောင် – အပြာရောင်၊ အဝါရောင်
မသွားသင့်သော အရပ် – တောင်အရပ်
ယတြာ – သီလရှင်များကို အလှူငွေလှူဒါန်းပါ။

သောကြာ
ရပ်ဝေးမြေခြား ခရီးသွားရတတ်သည်။ ပညာရှာသူများ အဆင်ပြေမည်။ သောကကင်းဝေး၍ ပျော်ရွှင်ကြည်နူးရမည်။ စီးပွားရေးလုပ်ငန်းများ ကောင်းမွန်မည်။ လူကြီးများ အထင်အမြင် လွဲခံရတတ်သည်။ ကျန်းမာရေးအညံ့ မရှိပါ။ မေတ္တာရေးသည်ကား ချစ်သူနှင့် ဆုံစည်းရမည့် အခါ ဖြစ်သည်။
အကျိုးပေးသော အရောင် – လိမ္မော်ရောင်၊ အစိမ်းရောင်
အကျိုးမပေးသော အရောင် – အနက်ရောင်၊ အပြာရောင်
မသွားသင့်သော အရပ် – အရှေ့မြောက်အရပ်
ယတြာ – သက်ကြီးရွယ်အိုတို့အား အာဟာရဒါနလှူဒါန်းပါ။

စနေ
ဥစ္စာဓနများ စုဆောင်းမိမည်။ ဘာပဲလုပ်လုပ် လုပ်ငန်းများ အဆင်ပြေမည်။ အိမ်ပြုပြင်ခြင်း၊ ဆောက်လုပ်ခြင်းများ ပြုရတတ်သည်။ မြေ ရောင်းထွက်မည်။ မတော်တဆ ထိခိုက်မှုများ၊ ဆွေမျိုးထဲ၌ စိတ်မချမ်းမမြေ့စရာများ ဖြစ်တတ်သည်။ ကျန်းမာရေး ဂရုပြုရမည်။ မေတ္တာရေး သည်ကား ချစ်သူနှင့် ခဏခဏစိတ်ကောက်ရတတ်သည်။
အကျိုးပေးသော အရောင် – အနီရောင်၊ အပြာရောင်
အကျိုးမပေးသော အရောင် – အဖြူရောင်၊ လိမ္မော်ရောင်
မသွားသင့်သော အရပ် – အရှေ့အရပ်
ယတြာ – နှင်းဆီ ၇ ပွင့် ဘုရားပန်းကပ်လှူပါ။

လိုရာဆန္ဒပြည့်၀နိုင်ပါစေ
ဆရာရွှေစင်မြတ်(Gနသူသါပ)
ဝေဒလက္ခဏသုတေသီ