တကယ့် ပြဿနာ

0
494

လက်ရှိ ကာလတွင် လူတို့သည် ပလတ်စတစ်အိတ် ကြွပ်ကြွပ်အိတ်ကို နေ့တဓူ၀ ပေါပေါလွယ်လွယ် သုံးစွဲနေကြသည်။

ထို့အတူပင် ပလတ်စတစ်အိတ်အသုံးပြုခြင်းကြောင့် ထိခိုက်ရမှုများအကြောင်း ပူပင်စွာပြောပြီး ပလတ်စတစ်ကို မသုံးသင့်ကြောင်း လောဆော်ကြသူများလည်း ရှိသည်။

သုံးသူများက သုံးနေသည်ဟုပင် စိတ်ထဲမထားဘဲ သုံးကြသည်။

သေချာ ဆန်းစစ်ကြည့်တော့ ပလတ်စတစ်အိတ်ပြဿနာသည် တကယ့်ပြဿနာ ၏ အကိုင်းအခက်တစ်ခုသာ ဖြစ်သည်။

တကယ့်ပြဿနာမှာ တစ်ခါသုံးဓလေ့ ဖြစ်သည်။

လူ့အဖွဲ့အစည်းအတွင်းတွင် တခါသုံးဓလေ့ အရိုးစွဲလာခြင်းသည် အလွန် အန္တရာယ်ကြီးသည်။

တစ်ခါသုံးခွက်၊ တစ်ခါသုံး ဇွန်း၊ တစ်ခါသုံး ခက်ရင်း၊ တစ်ခါသုံး လက် သုတ်ပုဝါ၊ တစ်ခါသုံး ပုလင်း စသဖြင့် များစွာသော တစ်ခါသုံးများသည် တစ်ခါသုံး ဓလေ့ ရိုးစွဲနေသည့် လူ့အဖွဲ့အစည်း၏ နေ့စဉ် အသုံးအဆောင်များ ဖြစ်လာသည်။

တစ်ခါသုံး ဓလေ့၊ တစ်ခါသုံး ဘ၀နေထိုင်မှုပုံစံကို မည်သို့ ပြောင်းလဲအောင် လုပ်မည်ဟူသည်အထိ စဉ်းစားမှသာ ပြဿနာကို ဖြေရှင်းနိုင်မည် ဖြစ်သည်။

တကယ့် ပြဿနာအထိ တို့ထိစေချင်ပါသည်။

အယ်ဒီတာ (နိုဝင်ဘာ ၁၆၊ ၂၀၁၉)