ကျန်းမာရေးမကောင်းသူ၊ ကိုယ်ဝန်ဆောင်နှင့် ပင်စင်နီးဆရာများ သင်တန်းမလွှတ်ရန် ညွှန်ကြား

0
472

အခြေခံပညာ သင်ရိုးသစ်သင်တန်း စေလွှတ်ရာတွင် ကျန်းမာရေးမကောင်း သူ၊ ကိုယ်ဝန်ဆောင်နှင့် ပင်စင်နီးဆရာ၊ ဆရာမများကို သင်တန်းမလွှတ်ရန် အခြေခံပညာဦးစီးဌာနက ညွှန်ကြားထား သည်ဟု တိုင်းပညာရေးမှူးရုံးထံမှ သိရ သည်။

ပြီးခဲ့သည့်နှစ်နွေရာသီက သင်ရိုးသစ် သင်ပြနည်း သင်တန်းသို့လာစဉ် ဆိုင်ကယ်၊ ကား မတော်တဆမှုကြောင့် သေဆုံးခြင်း၊ နေအိမ်မှ လယ်ထဲသို့ သွားရောက်ရာမှ မိုးကြိုးထိမှန်သေဆုံးခြင်း၊ ရာသီဥတု ပူပြင်းမှုကြောင့် အပူလျှပ် သေဆုံးခြင်း၊ နှလုံးရောဂါ၊ နှလုံးသွေး ကြောကျဉ်း ရောဂါ၊ နှလုံးသွေးကြောပိတ်ခြင်း၊ နှလုံး ရောင်ရောဂါတို့ဖြင့် သင်တန်း တည်းခို ဆောင်တွင် ရုတ်တရက် မူးလဲ ကျကာ သေဆုံးခြင်း၊ သွေးတိုးရောဂါနှင့် လေးဖက် နာရောဂါ စသဖြင့် အကြောင်းအမျိုးမျိုး ကြောင့် ဆရာ၊ ဆရာမ ၁၁ ဦး သေဆုံးခဲ့ပြီး ၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း အခြေခံပညာ ဦးစီးဌာန၏ ထူးခြားဖြစ်စဉ် အချက်အလက် များအရ သိရသည်။

“သူတို့ မညွှန်ကြားခင်ကတည်းက လည်း တို့တွေက ဒီအတိုင်းပဲ လုပ်တယ်။ တချို့မြို့နယ်တွေက မသိဘဲ အဲလိုမျိုးလူ တွေကို လွှတ်လိုက်ရင်တောင်မှ တို့က လူပြန်ရွေးခိုင်းတယ်” ဟု တိုင်းပညာရေးမှူး ရုံးမှ ညွှန်ကြားရေးမှူး ဒေါ်မြင့်စိန်က ပြောသည်။

လာမည့် ၂၀၂၀-၂၁ ပညာသင်နှစ် တွင် Gမade 4 ၊ Gမade 7 ၊ Gမade 10 တို့ကို သင်ရိုးသစ်ပြောင်းမည်ဖြစ်ပြီး နိုဝင်ဘာ ဒုတိယအပတ်မှ စတင်ကာ သင်ရိုးသစ်သင်တန်းကို ရန်ကုန် ပညာရေး တက္ကသိုလ်တွင် စတင်ပို့ချနေပြီဖြစ် ကြောင်း ၎င်းက ပြောသည်။

မိုးမြင့်