ကော့သောင်း ကမ်းနီးကမ်းဝေးဇုန်တံတားရှိ ဖမ်းမိလှေပျက်များကြောင့် လှေအဝင်အထွက် အခက်အခဲရှိနေ

0
837

ဌာနအသီးသီးက ဖမ်းဆီးပြီး ကမ်းနီးကမ်းဝေး ရေလုပ်ငန်းကုမ္ပဏီများဇုန် (ချက်ပွိင့်တံတား)ရှေ့တွင် လာရောက်နေရာချထားသော လှေပျက်များကို ဇုန်ရှေ့မှ အမြန်ဆုံး ဖယ်ရှားပေး စေလိုကြောင်း ကော့သောင်းခရိုင် ငါးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးမင်းလွင်က ပြောသည်။

မူးယစ်၊ သစ်တော၊ ငါးဦးစီး၊ ရေကြောင်းစသော ဌာနများမှ တရားမဝင် လှေများကို ဖမ်းဆီးကာ အထက်ပါဇုန် တံတားတွင် လာရောက်နေရာချထားခြင်း ဖြစ်သည်။ ယင်းလှေများမှာ ပျက်စီးနေ ပြီဖြစ်ပြီးနေ့စဉ် အဝင်အထွက်ပြုနေသည့် လှေများအတွက် လှေဝင်လှေထွက် ခက်ခဲနေကြောင်း ဦးမင်းလွင်က ပြောသည်။

“တော်တော်ပင်ပန်းတာပေါ့ဗျာ လှေဝင်ရထွက်ရ။ တံတားမှာ ဒီဖမ်းမိလှေ တွေ လာခုထားတော့ လှေတွေက ကိုယ်ကပ်ချင်တဲ့နေရာမှာ ကပ်လို့ မရဘူး”ဟု ဦးမင်းလွင်က ပြောသည်။
အဆိုပါတံတားသည် ငါးဖမ်းလှေနှင့် ပြည်ပပို့ငါးတင်လှေအစီးရေ ၅၀ မှ ၁၀၀ အကြား နေ့စဉ် ဆိုက်ကပ်ဝင်ထွက် နေသည့်တံတားဖြစ်ကြောင်း ၎င်းက ပြောသည်။

ကော့သောင်းခရိုင် ငါးလုပ်ငန်း အဖွဲ့ချုပ်အနေဖြင့် ယင်းလှေများကို ဇုန် ရှေ့မှ အမြန်ဆုံးဖယ်ရှားပေးရန်နှင့် ဖမ်းမိလှေများထားသည့်ဇုန်တစ်ခု သတ်မှတ်ကာ ယင်းနေရာတွင်သာထားရန် ခရိုင်အုပ်ချုပ်ရေးသို့ ၂၀၁၅ ခုနှစ်က တစ်ကြိမ်၊ ၂၀၁၇ ခုနှစ်က တစ်ကြိမ် တင်ပြခဲ့ပြီး တိုင်းအစိုးအရအဖွဲ့ဝင်များ ရောက်လာချိန်များတွင်လည်း အကြိမ်ကြိမ် တင်ပြခဲ့ဖူးသော်လည်း အကြောင်းမထူး ခဲ့ဟု ဦးမင်းလွင်က ပြောသည်။

“ပြောလာတာ ငါးနှစ်ရှိပြီ။ ခုထိဘာမှ လာမလုပ်ဘူး။ နိုင်ငံတော် ဘတ်ဂျက်အတွက် သန်းရာချီ ရှာပေး နေတဲ့နေရာမှာ နိုင်ငံတော်အစိုးရအနေနဲ့ စိတ်ဝင်တစား လာလုပ်ပေးသင့်တာပေါ့”ဟု ဦးမင်းလွင်က ပြောသည်။

ထို့ပြင် ထိုလှေများမှာ ပြည်သူ့ ဘဏ္ဍာအဖြစ် သိမ်းဆည်းပြီး လေလံစနစ် ဖြင့် ထုခွဲရောင်းချနေစဉ်အတွင်း လေလံပုံစံက နှေးကွေးလွန်းသည့်အတွက် လှေအများစုမှာ စုတ်ပြဲနစ်မြုပ်ကာ လေလံဆွဲချိန်တွင် ပြန်ဝယ်ရသူရော နိုင်ငံတော် ဘဏ္ဍာပါ နစ်နာနေကြောင်း ဦးမင်းလွင်က ပြောသည်။

လက်ရှိတွင် ယင်း လှေဝင်လှေထွက် ဇုန်ရှေ့၌ လေလံမအောင်သည့်၊ စုတ်ပြဲ နစ်မြုပ်နေသည့် ဖမ်းမိလှေ ၁၀ ကျော် ရှိနေကြောင်း ၎င်းက ပြောသည်။

ကော့သောင်းခရိုင် ငါးဦးစီး စာရင်း အရ ဖမ်းမိငါးဖမ်းလှေ ၁၀ စီး ခန့် ရှိနေပြီး ယင်းလှေများမှာ လေလံပစ်မည့် လှေများ ဖြစ်သော်လည်း လှေများက ပျက်စီးနေသဖြင့် လေလံမအောင်သည့် လှေများ ဖြစ်နေကြောင်း ကော့သောင်း ခရိုင်ငါးလုပ်ဦးစီးဌာန ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးသန့်ဇင်က ပြောသည်။

ဖမ်းမိငါးဖမ်းလှေများ ဖယ်ရှားရန်မှာ ငါးဦးစီးဌာနနှင့် သက်ဆိုင်သော်လည်း လေလံပစ်ရောင်းချရမည့် စာရင်းက မပယ်ဖျက်နိုင်သေးသဖြင့် ဖယ်ရှားရန်လည်း အခက်အခဲရှိသည်ဟု ဦးသန့်ဇင်က ပြောသည်။

“အချို့လှေတွေကျတော့ အရိုးပဲ ကျန်ပြီ။ ဦးတိုင်လေးပေါ်ပြီးတော့။ လေလံမအောင်တဲ့ လှေတွေက ဒီအတိုင်း ကြီး ပစ်ထားပြီးတော့လေ။ ကြာတော့ ပျက်စီးသွားတော့ ဒီအတိုင်းကြီး ဖြစ်နေ တာပေါ့။ စာရင်း ပြတ်ပြီလားဆိုတော့ စာရင်းက မပြတ်ပြန်ဘူး။ စာရင်းထဲမှာ သွားကျန်နေတယ်။ လေလံစာရင်းက မပြတ်တော့ ဒီအတိုင်း ထားထားရတယ်”ဟု ၎င်းက ဆိုသည်။

ယင်းဆိပ်ကမ်းတွင် ဆိုက်ကပ်နေ ကြသည့် လှေလုပ်သားအချို့နှင့် လှေပိုင် ရှင်အချို့ကမူ ဖမ်းမိလှေများ ဖယ်ရှားခြင်း၊ ပျက်စီးလှေများ ပြန်ဖော်ဖျက်ဆီး ခြင်းတို့ကို အစိုးရအစီအစဉ်ဖြင့် အမြန် လုပ်ဆောင်သင့်ကြောင်း ပြောကြသည်။

“အစိုးကနေ လုပ်မှကိုရမှာ။ အစိုးရ က အကုန်ဖော်၊ ဖော်ပြီး ပီပါပုံးတွေနဲ့ တစ်နေရာကို ဆွဲသွား၊ တစ်နေရာမှာ သွားဖျက်ဆီးမှရမှာ”ဟု ကော့သောင်းမြို့ အခြေစိုက် လှေပိုင်ရှင် တစ်ဦးက ပြော သည်။

“စာရင်းက မပြတ်တော့ ဒီအတိုင်း ထားထားရတယ်”ဟု ၎င်းက ဆိုသည်။

ယင်းဆိပ်ကမ်းတွင် ဆိုက်ကပ်နေကြသည့် လှေလုပ်သားအချို့နှင့် လှေပိုင် ရှင်အချို့ကမူ ဖမ်းမိလှေများ ဖယ်ရှားခြင်း၊ ပျက်စီးလှေများ ပြန်ဖော်ဖျက်ဆီး ခြင်းတို့ကို အစိုးရအစီအစဉ်ဖြင့် အမြန် လုပ်ဆောင်သင့်ကြောင်း ပြောကြသည်။

“အစိုးကနေ လုပ်မှကိုရမှာ။ အစိုးရက အကုန်ဖော်၊ ဖော်ပြီး ပီပါပုံးတွေနဲ့ တစ်နေရာကို ဆွဲသွား၊ တစ်နေရာမှာ သွားဖျက်ဆီးမှရမှာ”ဟု ကော့သောင်းမြို့ အခြေစိုက် လှေပိုင်ရှင် တစ်ဦးကပြော သည်။

Dawei Watch