အရက်ခိုးသောက်သည့်ကိစ္စဖြင့် ရန်ဖြစ်ရာမှ အမျိုးသားတစ်ဦး သေဆုံး

0
751

ကော့သောင်းမြို့နယ်၊ ခမောက်ကြီး မြို့တွင် အရက်ခိုးယူသောက်သည်ဟု ဆိုကာ ရန်ဖြစ်ရာမှ အသက်၅၉ နှစ် အရွယ် အမျိုးသားတစ်ဦးသေဆုံးသွားကြောင်း တနင်္သာရီတိုင်းဒေသကြီးရဲတပ် ဖွဲ့မှူးရုံးထံမှ သိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာလ ၁၀ ရက်က အထက်ပါအမျိုးသား(သေဆုံးသူ)က ထွေအုပ်လိုင်းခန်း ခြောက်ခန်းတွဲသို့ ဈေးပစ္စည်းများ လိုက်ပို့ပေးကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ထိုသို့ပစ္စည်းလိုက်ပို့စဉ် ထွေအုပ် လိုင်းခန်းနေ အသက် ၅၉ နှစ်အရွယ်ရှိ ထွေအုပ်အကြီးတန်းစာရေးက ၎င်းဝယ် ယူထားသည့် အရက်ကို ခိုးသောက်သည် ဟုဆိုကာ လည်ဂုတ်ကိုဆွဲ၍ အခန်းအတွင်း သို့ခေါ်ရာ နှစ်ဦးသားလုံးထွေးသတ်ကြ ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

ထိုသို့ ရန်ဖြစ်ပြီးလုံးထွေးသတ်ပုတ် ရာမှ အရက်ခိုးသောက်သည်ဟု စွပ်စွဲခံရ သည့်အမျိုးသားမှာ ပက်လက်လန်လဲကျ သွားပြီး သမံသလင်းနှင့် ဦးခေါင်းကို ဆောင့်မိခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရ သည်။

ဦးခေါင်းနှင့် သမံသလင်းဆောင့်မိ ခြင်းကြောင့် ဦးခေါင်းနောက်စေ့ဖူးယောင် ဒဏ်ရာရရှိခဲ့ပြီး ကော့သောင်းဆေးရုံ ကြီးသို့ တင်ပို့ကုသရာ နိုဝင်ဘာလ ၁၁ ရက်တွင် သေဆုံးသွားခဲ့ကြောင်း ရဲမှတ် တမ်းတွင် ဖော်ပြသည်။

အဆိုပါ အမျိုးသားသေဆုံးမှုနှင့် ပတ်သက်၍ ရန်ဖြစ်သည့်အမျိုးသားကို ရာဇသတ်ကြီးပုဒ်မ- ၃၀၂ (လူသတ်မှု)ဖြင့် ခမောက်ကြီးနယ်မြေရဲစခန်းတွင် အမှုဖွင့်ထားကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံး ထံမှ သိရသည်။

Dawei Watch