လမ်းနယ်အတွင်းရှိ သီးစားထန်းပင် ခူးယူခွင့် လေလံရောင်းရငွေကျပ် ခြောက်သိန်းကျော်ရ

0
1573

ထားဝယ်မြို့နယ်အတွင်းရှိ လမ်း ဦးစီးဌာနပိုင်လမ်း နယ်နိမိတ်အတွင်းရှိ ထန်းပင်များကို တစ်နှစ်တစ်က်ြိမ် လေလံတင် ရောင်းချရာမှ ယခုဘဏ္ဍာ နှစ်တွင် ငွေကျပ်ခြောက်သိန်းကျော်ရရှိ ခဲ့ကြောင်း မြို့နယ်လမ်းဦးစီးဌာနထံမှ သိရသည်။

ထားဝယ်မြို့နယ်အတွင်းရှိ ကျန်းမာ ရေးလမ်း၊ ထားဝယ်-ပလောက်လမ်းပိုင်း၊ ထားဝယ် – မေတ္တာလမ်းပိုင်းနှင့် ကမြော ကင်းလမ်း လမ်းနယ်အတွင်းရှိ ထန်းပင်များကို ဘဏ္ဍာနှစ် တစ်နှစ်တာကာလအတွက် လေလံတင်ရောင်းချခြင်းဖြစ်ကြောင်း အထက်ပါဌာနထံမှ သိရသည်။

သီးစားထန်းပင် ခူးယူခွင့်လေလံကို လမ်းပိုင်းအလိုက် လေလံအုပ်စု ၇ ခုခွဲ ထားပြီး သတ်မှတ်မိုင်တိုင် အကွာအဝေး အလိုက် လေလံတင်ရောင်းချခြင်း ဖြစ်သည်။

လမ်းနယ်အတွင်းရှိ သီးစားထန်း ပင် ခူးယူခွင့်လေလံကို ယခင်ခေတ်အဆက် ဆက်ကတည်းက ရောင်းချလာခြင်းဖြစ် ပြီး ရရှိသည့် လေလံကြေးများကို တိုင်း အစိုးရရန်ပုံငွေသို့ ပေးသွင်းရကြောင်း မြို့နယ်လမ်းဦးစီးဌာနမှ ဦးစီးအရာရှိ (မြို့ပြ) ဒေါ်ဝင်းလဲ့လဲ့ခိုင်က ဆိုသည်။

“ဘတ်ဂျက်နှစ်အလိုက် တစ်နှစ် တစ်ခါခေါ်တယ်”ဟု ဒေါ်ဝင်းလဲ့လဲ့ခိုင်က ပြောသည်။

၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်အတွက် အောက်တိုဘာလ ၈ ရက်တွင် လေလံတင် ရောင်းချခြင်းဖြစ်ပြီး လေလံအုပ်စု ၅ ခုမှ ငွေကျပ် ခြောက်သိန်း ခြောက်ထောင် ရရှိခဲ့ပြီး လေလံအုပ်စု ၂ ခုကိုမူ ဝယ်ယူသူ မရှိကြောင်း အထက်ပါဌာနထံမှ သိရ သည်။

ထားဝယ်-မေတ္တာလမ်းပိုင်းရှိ လေလံအုပ်စု ၂ ခုကို လေလံဆွဲဝယ်ယူသူ မရှိပေ။

အဆိုပါနေရာရှိ ထန်းပင်များကို လေလံဆွဲချင်သူရှိက အချိန်မရွေးဆက် သွယ်နိုင်ကြောင်း သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံးများတွင် ကြော်ညာစာ ကပ်ထားကြောင်း ဒေါ်ဝင်းလဲ့လဲ့ခိုင်က ဆိုသည်။

လက်ရှိ သီးစားထန်းပင် ခူးယူခွင့် လေလံတင်ရောင်းချပြီးသည့်ထန်းပင် များတွင် ထန်းသီးခူးယူခြင်းအပြင် ထန်းရည် (ထန်းရည်ခါး) ကိုပါ ပူးတွဲလုပ် ကိုင်ကြသည်။

လေလံစာချုပ်တွင် သီးစား၊ အချိူ၊ ကျိုချက် ဆိုသည့် စကားရပ်ပါဝင်သော် လည်း အခြေအနေအရ ထန်းရည်ခါးလုပ်ပြီး နားလည်မှုယူကာ ရောင်းချနေရကြောင်း လေလံဆွဲဝယ်ယူထားသည့် ထန်းတက်သမားတစ်ဦးက ဆိုသည်။

“(ထန်းရည်လိုင်စင်ကို) လျှောက် တာက နှစ်တိုင်းပဲသွားလျှောက်နေရတယ်။ တစ်ခါမှ မပေးသေးဘူး”ဟု အထက်ပါ ထန်းတက်သမားက ပြောသည်။

လက်ရှိအချိန်အထိ တိုင်းအစိုးရက ထန်းရည်ရောင်းချခွင့် လေလံလိုင်စင်ကို ခွင့်ပြုပေးထားခြင်း မရှိသေးပေ။

တိုင်းဒေသကြီး ယစ်မျိုးခွန်ဥပဒေတွင်မူ ခရိုင်အုပ်ချုပ်ရေးမှူးက ကြီးကြပ်လျက် မြို့နယ်အုပ်ချုပ်ရေးမှူး ပါဝင်သော လေလံရောင်းချရေးအဖွဲ့က သက်ဆိုင်ရာဒေသတွင် နှစ်စဉ်ဧပြီလ၌ လေလံရောင်းချရမည်ဟု ဖော်ပြထားသည်။

Dawei Watch