ဦးစီးဌာနတစ်ခုနှင့် တက္ကသိုလ်အချို့ တနင်္သာရီတိုင်း လဝကဝန်ကြီးအောက် လွှဲပြောင်း

0
586

ဦးစီးဌာနတစ်ခုနှင့် တက္ကသိုလ်အချို့ လဝကဝန်ကြီးအောက်လွှဲပြောင်း လိုက်ကြောင်း တနင်္သာရီတိုင်းဒေသကြီးဝန်ကြီး ချုပ်ဦးမြင့်မောင်က ပြောသည်။

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ ကွန်ပျူတာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်နှင့် စက်မှုအထက် တန်းကျောင်းတို့ကို တနင်္သာရီတိုင်း လဝကဝန်ကြီး လက်အောက်သို့ ပြီးခဲ့သည့်လခန့်က လွှဲပြောင်းလိုက်ကြောင်း ဝန်ကြီးချုပ် ဦးမြင့်မောင်က ပြောသည်။

“လူ့စွမ်းအားနဲ့ ပတ်သက်တဲ့ဟာ တွေပေါ့။ သင်တန်းရေးရာနဲ့ ပတ်သက်တဲ့ဟာတွေပေါ့”ဟု ၎င်းက ဆိုသည်။

ယင်းကဲ့သို့ တနင်္သာရီတိုင်း လဝကဝန်ကြီး လက်အောက်သို့ လွှဲပြောင်းလိုက်ခြင်းကြောင့် တက္ကသိုလ်အတွက် ယခင်ထက် ပိုမိုအဆင်ပြေလာမည်ဟုမျှော်လင့်ကြောင်း နည်းပညာတက္ကသိုလ် (ထားဝယ်) ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌ ကိုအောင်သူရိန်က ပြောသည်။

“ကျောင်းရဲ့လိုအပ်ချက်တွေ တောင်းချိန်မှာ ပူးပေါင်းပါဝင်တာတွေ ပိုပြီးအဆင်ပြေလာမယ် လို့ထင်တယ်”ဟု ကိုအောင်သူရိန်က ဆိုသည်။

တနင်္သာရီတိုင်း အစိုးရအဖွဲ့ကို လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာန၊ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာန၊ ကရင်တိုင်းရင်းသားရေးဝန်ကြီးဌာနတို့ဖြင့် ဖွဲ့စည်းထားသည်။

ကိုဇော်

ဆက်စပ်သတင်း