ခုနစ်ရက်သားသမီးများအတွက် တစ်ပတ်စာဗေဒင် ဟောကိန်း

0
777

၁၈ – ၁၁ -၂၀၁၉ မှ ၂၄ – ၁၁ -၂၀၁၉ ထိ

တနင်္ဂနွေ
ပရိဘောဂပစ္စည်းများ ဝင်မည်။ ရွှေထည်ပစ္စည်းများ ဝင်မည်။ မိမိအိမ်သို့ ရပ်ဝေးဧည့်သည်များ လာမည်။ မိမိအကူအညီလိုနေပါက ကူညီမည့်သူများ ပေါ်လာမည်။ ဆွေမျိုးသားချင်းတို့ နှင့်ပတ်သက်၍ စိတ်မချမ်းမြေ့ ဖြစ်ရတတ်သည်။ ငွေကြေးနှင့်ပတ်သက်၍ များစွာဝင်မည်။ မေတ္တာရေးသည်ကား ချစ်သူထံမှ အဖြေရမည့်ကာလ ဖြစ်သည်။
အကျိုးပေးသော အရောင် – အနီရောင်၊ ပြောက်ကျား
အကျိုးမပေးသော အရောင် – အစိမ်းရောင်၊ အဝါရောင်
မသွားသင့်အသော အရပ် – အနောက်တောင်အရပ်
ယတြာ – သစ်သီးကိတ်မုန့်ကိုခွဲခြမ်းစိတ်ဖြာပြီး ဘုရားကပ်လှူပါ။


တနင်္လာ
နိုင်ငံရပ်ခြားခရီးများ သွားရတတ်သည်။ ဘ၀၌ အပြောင်းအလဲတစ်ခု ဖြစ်တတ်သောအခါ ဖြစ်သည်။ သင့်အိပ်မက်များ အမှန်တကယ် ဖြစ်လာမည့်ကာလ ဖြစ်သည်။ အောင်ဘာလေထီ ကံစမ်းပါ။ ငွေကြေးများစွာ ဝင်မည်။ ပညာရေး ဂရုစိုက်ရမည်။ ဆိုင်ကယ်၊ မော်တော်ကားများ ဒုက္ခပေး တတ်သည်။ မေတ္တာရေးသည်ကား အချစ်သည်သင့်အတွက် ခွန်အားဖြစ်စေလိမ့်မည်။
အကျိုးပေးသော အရောင် – အပြာရောင်၊ ရွှေအိုရောင်
အကျိုးမပေးသော အရောင် – လိမ္မော်ရောင်၊ အစိမ်းရောင်
မသွားသင့်အသော အရပ် – အရှေ့တောင်အရပ်
ယတြာ – နဂါးမောက်သီးကို ခွဲစိတ်ပြီး ဘုရားကပ်ပါ။


အင်္ဂါ
ပညာရေး အဆင်ပြေမည်။ လူမျိုးကွဲတို့ ကူညီမစမှု ခံရမည်။ စီးပွားရေးလုပ်ငန်းများ ကောင်းမွန် မည်။ ယခုလ၌ ဖုန်းမဝယ်ပါနှင့်။ စိတ်ပင်ပန်းရတတ်သောကာလ ဖြစ်သည်။ ရေလမ်းခရီး ဂရုစိုက်ပါ။ ဘာသာရေးကိစ္စများ ဆောင်ရွက်နေရတတ်သည်။ မေတ္တာရေးသည်ကား တစ်ယောက် နှင့်တစ်ယောက်ကြားမှာ သံသယစိတ်မထားပါနှင့်။
အကျိုးပေးသော အရောင် – အပြာရောင်၊ ပြောက်ကျား
အကျိုးမပေးသော အရောင် – အနီရောင်၊ အစိမ်းရောင်
မသွားသင့်အသော အရပ် – အရှေ့မြောက်
ယတြာ – ထိုးမုန့်တစ်မျိုးမျိုးကို ဘုရားဆွမ်းတော်ကပ်လှူပါ။


ဗုဒ္ဓဟူး
ရပ်ဝေးဧည့်သည်များ မိမိထံလာမည်။ သားသမီးရတနာများ ရရှိတတ်သည်။ ပညာရေး အဆင်ပြေမည်။ အမွေအနှစ်များ ရရှိတတ်သည်။ သင်လုပ်ထားသောလုပ်ငန်းများမှ အရင်းအနှီး အကြီးကြီးရမည်။ လုပ်ငန်းထဲ၌ စိတ်ပင်ပန်းရတတ်သည်။ မျက်စိ၊ အာရုံကြော အားနည်း တတ်သည်။ မေတ္တာရေးသည်ကားစိတ်ပင်ပန်းရတတ်သည်။
အကျိုးပေးသော အရောင် – အပြာရောင်၊ ပြောက်ကျား
အကျိုးမပေးသော အရောင် – အဝါရောင်၊ အစိမ်းရောင်
မသွားသင့်အသော အရပ် – အရှေ့ရပ်
ယတြာ – နွမ်းပါးသူတစ်ဦးအား ငွေကြေးလှူဒါန်းပါ။


ကြာသပတေး
စီးပွားရေးလုပ်ငန်းများ ကောင်းမွန်မည်။ အိုးအိမ်ဆောက်လုပ်ခြင်း၊ အလှူအတန်းများ ပြုလုပ်ခြင်း ဖြစ်မည်။ ငွေကြေးများစွာ ဝင်မည်။ လူငယ်များ ပညာရေးနှင့်ပတ်သက်၍ သင်တန်းတက်ရခြင်း၊ ခရီးသွားရခြင်း ဖြစ်တတ်သည်။ သံစူးခြင်း၊ သွပ်ရှခြင်းများ ဖြစ်တတ်သည်။ မေတ္တာရေး သည်ကား အချစ်သည် သင့်အတွက်ချိုမြိန်ပါလိ်မ့်မည်။
အကျိုးပေးသော အရောင် – အနီရောင်၊ အစိမ်းရောင်
အကျိုးမပေးသော အရောင် – ပြောက်ကျား၊ အဖြူရောင်
မသွားသင့်အသော အရပ် – မြောက်အရပ်
ယတြာ – ဆွမ်းခံဘုန်းကြီးတစ်ပါးအား ဆွမ်းဟင်းကပ်လှူပါ။


သောကြာ
ထီပေါက်သလို ငွေဝင်မည်။ သင့်ကိုကူညီမည့် မိတ်ဆွေများ ပေါများမည်။ စိတ်ချမ်းသာ၊ ကိုယ် ကျန်းမာဖြစ်၍ ကြံစည်သမျှ အောင်မြင်မည်။ မကျန်းမာသူများ ဆေးဝါးတိုးပြီး ကျန်းမာလာမည်။ လူငယ်များပညာရေး ကောင်းမွန်မည်။ မိမိအိမ်ရှိသက်ကြီးရွယ်အို လူကြီးသူမများ ကျန်းမာရေး ဂရုစိုက်ပါ။ မေတ္တာရေးသည်ကား အစစအရာရာ အဆင်ပြေပါမည်။
အကျိုးပေးသော အရောင် – အစိမ်းရောင်၊ အနက်ရောင်
အကျိုးမပေးသော အရောင် – လိမ္မော်ရောင်၊ အဖြူရောင်
မသွားသင့်အသော အရပ် – အရှေ့မြောက်အရပ်
ယတြာ – ဘုရားတစ်ဆူဆူ၌ လျှပ်စစ်မီးအတွက် ရည်စူးငွေလှူဒါန်းပါ။


စနေ
ဝန်ထမ်းဖြစ်က ရာထူးတိုးတက်မည်။ စီးပွားရေး ကောင်းမည်။ ထူးခြားမွန်မြတ်သောစား သောက်ဖွယ်ရာများ စားရမည်။ စည်းစိမ်ဥစ္စာ တိုးမည်။ မိမိအိမ်ရှိအသက်ကြီးသူအမျိုးသမီး ကျန်းမာရေး ဂရုစိုက်ပါ။ ပညာရေးနှင့်ပတ်သက်၍ ပိုမိုအားစိုက်ရမည်။ မေတ္တာရေးသည်ကား ချစ်သူနှင့်နီးစပ်ရန် ပိုမိုကြိုးစားရမည်။
အကျိုးပေးသော အရောင် – အညိုရောင်၊ ခရမ်းရောင်
အကျိုးမပေးသော အရောင် – အဝါရောင်၊ အစိမ်းရောင်
မသွားသင့်အသော အရပ် – အနောက်ရပ်
ယတြာ – ပေါက်စီဘုရားဆွမ်းတော်ကပ်လှူပါ။

လိုရာဆန္ဒပြည့်၀နိုင်ပါစေ

ဆရာရွှေစင်မြတ်(Geology)

ဝေဒလက္ခဏသုတေသီ