သူရဦးရွှေမန်း ခေါင်းဆောင်သည့်ပါတီ ကိုယ်စားလှယ်လောင်းစရွေး

0
1454

မြိတ်၊ နိုဝင်ဘာ ၆

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီသည် လာမည့်ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းများကို စတင်ရွေးချယ်နေပြီဖြစ်ကြောင်း ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောသည်။

နိုဝင်ဘာလ ၅ ရက်က ပြုလုပ်သည့် မြိတ်မြို့၊ မြိတ်တောင်ကျေးရွာအုပ်စု၊ ရပ်ကျေးရုံးခန်းဖွင့်ပွဲနှင့်လူငယ်တွေ့ဆုံ ပွဲအပြီး မီဒီယာများမှ တွေ့ဆုံမေးမြန်းရာတွင် ၎င်းက ယင်းသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ဒီအချိန်မှာတော့ စတင်ပြီး ရွေး ချယ်နေပါပြီလို့ ပြောလို့ ရပါတယ်”ဟု သူရဦးရွှေမန်းက ပြောသည်။

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီသည် လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင်  တိုင်းဒေသကြီး အားလုံးရှိ မဲဆန္ဒနယ်များတွင် ဝင်ရောက်ယှဉ်ပြိုင်သွား မည်ဟု ယခုနှစ်ဇွန်လအတွင်းက တနင်္သာရီအပတ်စဉ်သို့ ပြောဆိုခဲ့ဖူးသည်။

ကိုယ်စားလှယ်လောင်းများအား ပါတီဌာနချုပ်မှ အဓိက မရွေးဘဲ သက်ဆိုင်ရာ ဒေသတွင်းရှိ ပြည်သူများလိုလားသည့် သူကိုသာ ရွေးချယ်သွားမည်ဖြစ်ကြောင်း သူရဦးရွှေမန်းက ဆိုသည်။

၂၀၂၀ ရွေးကောက်ပွဲကျင်းပမည့်အချိန်ကိုမူ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က တစ်စုံတစ်ရာ မထုတ်ပြန် သေးပေ။

၂၀၁၅ ခုနှစ်က ကျင်းပသည့်ရွေးကောက်ပွဲတွင် တနင်္သာရီတိုင်းအတွင်း ပါတီ ၁၁ ခု ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

ကိုဆန်း