စင်ကာပူတက္ကသိုလ်ရဲ့ အခမဲ့ပညာရေးဆွေးနွေးပွဲ

0
540

ထားဝယ်၊ နိုဝင်ဘာ ၁

စင်ကာပူနိုင်ငံရဲ့ အထင်ကရ တက္ကသိုလ်တစ်ခုဖြစ်တဲ့ Singpore Institute of Management (SIMGE) က တာဝန်ရှိသူလာရောက်မယ့် အခမဲ့ပညာရေးဆိုင်ရာဆွေးနွေးပွဲတစ်ခုကို ထားဝယ်မြို့မှာ ကျင်းပဖို့ ရှိပါတယ်။

လာမယ့် နိုဝင်ဘာလ ၂၄ ရက်၊ နံနက် ၁၀ နာရီကနေ မွန်းတည့်၁၂ နာရီအထိ Diamond Crown Hotel မှာ ကျင်းပသွားမှာပါ။

ဆွေးနွေးပွဲမှာ SIMGE တက္ကသိုလ်ရဲ့ ပညာသင်ဆုလျှောက်နိုင်မယ့်အစီအစဉ်တွေ၊ အလုပ်သင်အခွင့်အလမ်းနဲ့ ပြည်ပပညာရေးချေးငွေအစီအစဉ်တွေ၊ ပညာရေး ပြီးဆုံးပါက စီးပွားရေးနဲ့ စီမံခန့်ခွဲမှုနယ်ပယ်တွေမှာ လုပ်ကိုင်နိုင်မယ့် အလုပ်အကိုင် အခွင့်အလမ်းတွေအကြောင်း စတာတွေကို ဟောပြောဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် စင်ကာပူကနေ တစ်ဆင့် US, UK, Australia နိုင်ငံတွေကို သွားရောက် ပညာသင်နိုင်မယ့် ပညာရေးအခွင့် အလမ်းတွေအကြောင်း၊Post Gradurate Diploma နဲ့ Master Programme တွေကို တက်ရောက်နိုင်မယ့် ပညာရေးအခွင့်အလမ်းတွေ အကြောင်းကိုလည်း ဆွေးနွေးပေးသွားမှာပါ။

ဆွေးနွေးပွဲကို တက္ကသိုလ်ဝင်တန်း အောင်မြင်ထားသူတွေ၊ တက္ကသိုလ်တက်နေတဲ့ ကျောင်းသူ၊ ကျောင်းသားတွေနဲ့ ဘွဲ့လွန်သင်တန်းတက်ချင်တဲ့သူတွေ တက်ရောက်နိုင်ပါတယ်။

Dawei Watch