မင်းကိုနိုင်နှင့် ဂျင်မီ အထက်တန်းကျောင်းများတွင် ဟောပြော

0
1057

၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်း(ငြိမ်း/ပွင့်)၏ ခေါင်းဆောင်များဖြစ်ကြသော မင်းကိုနိုင်နှင့် ဂျင်မီ တို့က တနင်္သာရီတိုင်းအတွင်းရှိ အထက် တန်းကျောင်းများတွင် ကျောင်းသူ ကျောင်းသားများကို လာရောက်ဟော ပြောခဲ့သည်။

“အနာဂတ်လူငယ်များနှင့် ပညာ”ခေါင်းစဉ်ဖြင့် နိုဝင်ဘာလ ၄ ရက်မှ ၉ ရက်အထိ ထားဝယ်ခရိုင်အတွင်းနှင့် ကော့သောင်းမြို့ရှိ အထက်တန်းကျောင်းများတွင် ဟောပြောခဲ့ခြင်း ဖြစ်သည်။

၎င်းအပြင် ထားဝယ်မြို့ရှိ ကိုယ်ပိုင် အထက်တန်းကျောင်းများမှ ကျောင်းသူကျောင်းသားများကိုလည်း မြို့တော် ခန်းမတွင် ဟောပြောခဲ့ကြောင်း ၈၈ ငြိမ်း/ပွင့် (ထားဝယ်ခရိုင်)၏ ပြင်ပဆက်ဆံရေး တာဝန်ခံ ကိုအောင်ကိုက ပြောသည်။

“စမတ်ကျတဲ့ လူငယ်မျိုးဆက်တစ်ရပ် ပေါ်ထွန်းလာနိုင်စေရေးအတွက် ဒီပွဲတွေ ကျင်းပရတာပါ”ဟု ကိုအောင်ကိုက ပြော သည်။

ဟောပြောပွဲတွင် ကျောင်းသူကျောင်းသားများနှင့် အပြန်အလှန် ဆွေးနွေးမှုများ လည်း ပြုလုပ်ခဲ့သည်။

“အနာဂတ်လူငယ်များနှင့် ပညာ”ခေါင်းစဉ်ဖြင့် စစ်ကိုင်း၊ ရန်ကုန်၊ ပဲခူး၊ မွန်ပြည်နယ်တို့ရှိ အထက်တန်းကျောင်း များတွင်လည်း လိုက်လံဟောပြောဆွေး နွေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

Dawei Watch