ကော့သောင်းခရိုင်အတွင်း ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံး ရှစ်ရုံး ဆောက်မည်

0
480

ကော့သောင်း၊ နိုဝင်ဘာ ၁

ယခုဘဏ္ဍာနှစ်တွင် ကော့သောင်း ခရိုင်အတွင်း ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူး ရှစ်ရုံးဆောက်မည်ဖြစ်ကြောင်း ကော့သောင်းခရိုင် အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ကော့သောင်းမြို့နယ်တွင်အုပ်ချုပ်ရေးမှူးရုံး ၄ ရုံးနှင့် ဘုတ်ပြင်းမြို့နယ်တွင် ၄ ရုံး တည်ဆောက်မည်ဖြစ်ကြောင်း အထက်ပါ ရုံးထံမှ သိရသည်။

ကော့သောင်းမြို့နယ်တွင် အောင်သုခ ရပ်ကွက်၊ ဆယ်မိုင်ကျေးရွာ၊ မလိဝမ်း ကျေးရွာ၊ ဖော့သုတ်ကျေးရွာနှင့် ဘုတ်ပြင်း မြို့နယ်တွင် ရွှေဘုံသာကျေးရွာ၊ ကရသူရိ အမှတ် ၂ ရပ်ကွက်နှင့် အမှတ် ၃ ရပ်ကွက်၊ ပြည်ကြီးမဏ္ဍိုင်ရပ်ကွက်တို့တွင် တည်ဆောက်မည်ဖြစ်ကြောင်း ကော့သောင်း ခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး ဦးခင်သိန်းမောင်က ဆိုသည်။

အထက်ပါ ရပ်ကျေးရုံးတစ်ရုံးလျှင် ငွေကျပ် ၁၇၄ သိန်းနှုန်းဖြင့် တည်ဆောက်မည်ဖြစ်ပြီး လက်ရှိတွင် တင်ဒါခေါ်ထားဆဲ ဖြစ်ကြောင်း ၎င်းက ပြောသည်။

“ဒီလ ၃၁ ရက် နောက်ဆုံးထားပြီး တင်ဒါခေါ်ထားတယ်”ဟု ဦးခင်သိန်း မောင်က ဆိုသည်။

ပြီးခဲ့သည့် ဘဏ္ဍာနှစ်က တစ်မြို့ နယ်လျှင် ရပ်ကျေးအုပ်ချူပ်ရေးမှူးရုံး ၂ ရုံးစီ ဆောက်လုပ်ခဲ့ကြောင်း ၎င်းက ပြောသည်။

ကော့သောင်းခရိုင်အတွင်း ရပ်ကွက်/ ကျေးရွာ ၅၄ ခုရှိပြီး အုပ်ချုပ်ရေးမှူးရုံး အများစုကို တည်ဆောက်ထားပြီးဖြစ်ကြောင်း ခရိုင် အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

Dawei Watch