ပလပ်စတစ်အသုံးပြုမှု လျှော့ချရေး လှုပ်ရှားမှုပြုလုပ်မည်

0
541

မြိတ်၊ နိုဝင်ဘာ ၈

မြိတ်တွင် ပလပ်စတစ်အသုံးပြုမှု လျှော့ချရေး စည်းရုံးလှုံ့ဆော်မှုတစ်ခုပြု လုပ်မည်ဖြစ်ကြောင်း Trash Hero Myeik အဖွဲ့ထံမှ သိရသည်။

ယင်းစည်းရုံးလှုံ့ဆော်မှု(ကမ်ပိန်း) ကို နိုဝင်ဘာလ ၁၆ ရက်တွင် Grand Jade ဟိုတယ်၌ ပြုလုပ်မည်ဖြစ်ပြီး ပလပ်စတစ်အသုံးပြုမှု၏ ဆိုးကျိုးအား ရှင်းပြခြင်း၊ အကြိမ်ကြိမ်အသုံးပြုနိုင် သည့် ရေဗူးများအား ရောင်းချပေးခြင်း ပလစ်စတစ်နှင့် သက်ဆိုင်သည့် ဗဟုသုတ ပိုင်းဆိုင်ရာ အကြောင်းများအား ရှင်းလင်း ပြောပြခြင်း စသည်တို့ကို လုပ်ဆောင်မည် ဖြစ်ကြောင်း လှုပ်ရှားမှု ဖြစ်မြောက်ရေး ကော်မတီဝင် ဒေါ်မူယာအေးက ပြောသည်။

ယင်းလှုပ်ရှားမှုတွင် အစိုးရဌာန ဆိုင်ရာအဖွဲ့အစည်းများ၊ မိတ်ဖက်အဖွဲ့ အစည်းများနှင့် အမှိုက်ကောက်စေတနာ့ဝန်ထမ်းများ ပါဝင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

လှုပ်ရှားမှုပြုလုပ်ပြီးနောက်တစ်ရက်တွင် စုပေါင်းအမှိုက်ကောက်မည်ဖြစ်ကြောင်း Trash Hero Myeik အဖွဲ့မှ သိရသည်။

ထို့ပြင် ပလပ်စတစ်လျှော့ချရေး လှုပ်ရှားမှုကို ကမ်းနားလမ်းရှိ မြိတ်ကုန် တိုက်တွင်လည်း ပြုလုပ်သွားရန် စီစဉ် နေကြောင်း သိရသည်။

မြင့်မိုရ်(မြိတ်)