လောင်းလုံးတွင် ဆိုင်ရှင်အား ရန်ပြုသည့် ဖုန်းလုသူကို ဝိုင်းဝန်းဖမ်းဆီး

0
748

လောင်းလုံး၊ နိုင်ဝင်ဘာ ၈

လောင်းလုံးမြို့နယ်အတွင်းရှိ ဖုန်းပြင်ဆိုင်တွင် ဖုန်းလုပြေးပြီး ဆိုင်ရှင်အား ပြန်ရန်ပြုသူကို အနီးပတ်ဝန်းကျင်ရှိ လူများက ဝိုင်းဝန်းဖမ်းဆီးခဲ့ကြောင်း တနင်္သာရီတိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

နိုဝင်ဘာလ ၁ ရက် အသက် ၃၆ နှစ်အရွယ် အမျိုးသားတစ်ဦးသည် အထက်ပါ ဖုန်းပြင်/ရောင်းဆိုင်အတွင်းသို့ ထမင်း စားခရင်းတစ်ချောင်းကိုင်ကာ ဆဲဆိုပြီး ဝင်လာခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ယင်းနောက် ဗီရိုပေါ်တင်ထားသည့် ဆမ်ဆောင်းအမျိုးအစားဖုန်းတစ်လုံးကို လုယူထွက်ပြေးသဖြင့် ဆိုင်ရှင်က ပြန် တောင်းရာ ကိုင်ထားသည့် ခရင်းဖြင့် ထိုးသည့်အပြင် လက်သီးဖြင့်လည်း ပြန်ထိုးခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

ဆိုင်ရှင်အမျိုးသားတွင် ဒဏ်ရာရ ရှိခဲ့သော်လည်း မစိုးရိမ်ရကြောင်း ယင်း ရဲမှတ်တမ်းအရ သိရသည်

အထက်ပါ အမျိုးသားကို ရာဇသတ်ကြီးပုဒ်မ- ၃၈၂ ဖြင့်  အမှုဖွင့်ထားကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ရာဇသတ်ကြီးပုဒ်မ- ၃၈၂ မှာ ခိုးမှုကို ကျူးလွန်ရန်အလို့ငှာ သေစေရန်ဖြစ် စေ၊ နာကျင်စေရန်ဖြစ်စေ တားဆီးစေရန် ဖြစ်စေ ပြင်ဆင်ပြီးမှ ကျူးလွန်ခြင်း ဖြစ်သည်။

အထက်ပါ ဥပဒေပုဒ်မကို ဖောက်ဖျက်ပါက အလုပ်ကြမ်းနှင့် ၁၀ နှစ်အထိ ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။

Dawei Watch