ကွမ်းသီးဖက်ထုတ်ပစ္စည်း ထားဝယ်ဈေးကွက်တွင် အသုံးနည်း

0
1944
ဘုတ်ဖတ်ထမင်းပန်ကန်ပြားပုံစံ။
ဘုတ်ဖတ်ထမင်းပန်ကန်ပြားပုံစံ။ ဓာတ်ပုံ - ဝေယံစိုး

ကွမ်းသီးပင်ဖက်ကို အသုံးပြုကာ ထုတ်လုပ်ထားသည့် ဒေသအခေါ် ဘုတ်ဖတ် ထမင်းဘူး၊ ပန်းကန်များကို ထားဝယ်ဈေးကွက်တွင် သုံးစွဲသူနည်းပါးသေးကြောင်း ဘုတ်ဖတ်ထမင်းဘူးထုတ် လုပ်ရောင်းချနေသူ ကိုအောင်ဇော်လင်းက ပြောသည်။

ဘုတ်ဖတ်ထမင်းဘူးထုတ်သည့် နည်းပညာကို မြိတ်မြို့မှ စွန့်ဦးတီထွင်သူ ကိုသန်းဇော်ဦးထံမှ နည်းပညာများသွား ရောက်သင်ယူခဲ့ပြီး မေလမှ စတင်ကာ ထားဝယ်တွင် ထုတ်လုပ်ရောင်းချခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ အဓိကတင်တာ ကတော့ ရန်ကုန်ပို့တာများတယ်။ ထားဝယ်မှာ ရောင်းမကောင်းဘူးဆို ပြောရမှာပေါ့။ သုံးကို မသုံးကြဘူးဆို သလိုမျိုးပဲ။ အချို့ဆို အလကားပေးတာကိုမှ မလိုဘူး။ မလိုဘူး။ ပလပ်စတစ် အိတ်နဲ့ပဲ ထည့်ပေးဆိုပြီးပြောတဲ့သူလည်း ရှိတယ်”ဟု ကိုအောင်ဇော်လင်းက ဆိုသည်။

ဘုတ်ဖတ်ထမင်းဘူးနှင့် ပန်းကန်များကို ရန်ကုန်မြို့မှ ဖောက်သည်နှစ်ဦးက ထွက်ရှိသမျှဝယ်ယူနေပြီး ထားဝယ်ဈေး ကွက်တွင်မူ NGO အဖွဲ့အစည်းအချို့နှင့် နိုင်ငံခြားသားများသာ လာရောက်ကြည့် ရှုကာ ဝယ်ယူအားပေးကြသည်ဟု ၎င်းက ပြောကြားသည်။

ဘုတ်ဖတ်ထမင်းပန်ကန်လေးထောင့် ပြားပုံစံ တစ်ဒါဇင်ပါသည့် တစ်ထုတ်လျှင် အရွယ်အစားအလိုက် ကျပ် ၁၁၀၀ မှ ကျပ် ၁၆၀၀အထိရှိပြီး ဖော့ဘူးပုံစံ ထမင်းအုပ် ၆ ခုတွဲ တစ်ထုတ် လျှင်ကျပ် ၁၃၀၀ ဖြင့် ရောင်းချကြောင်း ကိုအောင်ဇော်လင်းက ရှင်းပြသည်။

အဆိုပါလုပ်ငန်းကို စက်ငါးလုံး လူသုံးယောက်ဖြင့် ဘုတ်ဖတ်ထမင်းဘူးနှင့် ပန်းကန်ပြား နှစ်မျိုးကိုသာ ထုတ်လုပ်နိုင်ပြီး တစ်ရက်လျှင် ၁၀ ဒါဇင်ခန့်သာ ထုတ်လုပ်နိုင်သည်ဟု ၎င်းက ပြောသည်။

ကုန်ကြမ်းပစ္စည်း ဘုတ်ဖတ်ဝယ်ယူရာတွင် ကောက်ယူရောင်းချသူနည်းသဖြင့် ကုန်ကြမ်းရရှိမှု အခက်အခဲရှိနေ သည်ဟု ကိုအောင်ဇော်လင်းက ဆိုသည်။

ဘုတ်ဖတ်ထမင်းဘူးနှင့်ပန်းကန် များကို အသုံးပြုခြင်းသည် ကျန်းမာရေးနှင့်ညီညွတ်ပြီး ပြန်လည်စွန့်ပစ်ပါက လည်း သဘာဝပတ်ဝန်းကျင် ထိခိုက်မှုနည်းပါးသည်ကို သိရှိသော်လည်း ဖော့ဘူးထက်ဈေးကြီးသဖြင့် ဝယ်ယူအသုံးပြုရန် လက်လှမ်းမမီကြောင်း ထားဝယ်မြို့မှ အစားအသောက်ရောင်းချသည့် ဒေသခံ အချို့က ပြောသည်။

မိုးမြင့်